လှိုင်သာယာ ရှမိန်မောနင်းအထည်ချုပ်စက်ရုံ အလုပ်သမား ပြဿနာမပြေလည်၍ တိုင်းခုံသမာဓိသို့ တက်မည်

လှိုင်သာယာ ရှမိန်မောနင်းအထည်ချုပ်စက်ရုံ အလုပ်သမား ပြဿနာမပြေလည်၍ တိုင်းခုံသမာဓိသို့ တက်မည်
February 1, 2017 Asian Fame

3:26 pm
လှိုင်သာယာ ရှမိန်မောနင်းအထည်ချုပ်စက်ရုံ အလုပ်သမား ပြဿနာမပြေလည်၍ တိုင်းခုံသမာဓိသို့ တက်မည်

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ရှမိန်မောနင်း အထည်ချုပ် စက်ရုံအလုပ်သမား အငြင်းပွားမှု မြို့နယ်ညှိနှိုင်းရေးရုံးတွင် မပြေ လည်သဖြင့် ရန်ကုန်တိုင်းခုံသမာ ဓိသို့ တင်မည်ဖြစ်ကြောင်းသိရ သည်။

လှိုင်သာယာမြို့နယ် ရွှေလင် ဗန်းစက်မှုဇုန်အတွင်းရှိ ရှမိန်မော နင်း အထည်ချုပ်စက်ရုံ အလုပ် သမားပြဿနာသည် ဇန်နဝါရီ ၂ဝ ရက်တွင် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လုပ်ခလစာ ပြဿနာပေါ် အခြေခံ၍ အလုပ်သမားခေါင်း ဆောင်လေးဦးကို အလုပ်ထုတ် လိုက်သည့်ကိစ္စမှ သပိတ်မှောက် သည်အထိ အရှိန်မြှင့်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် လှိုင်သာယာမြို့ နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ ဖြေရှင်းပေးခဲ့သော်လည်း ညှိနှို်င်းမှု မပြေလည်သဖြင့်ရန်ကုန်တိုင်း   ဒေသကြီး ခုံသမာဓိအဖွဲ့သို့ တင် သွားမည်ဖြစ်ကြောင်း အလုပ် သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုရဲသူရက ပြောသည်။

လက်ရှိတွင် အလုပ်မှ ထုတ်ခံ ထားရသော အလုပ်သမားလေးဦး ကို အလုပ် ပြန်လည်ခန့်အပ်ပေးရန် သာ အလုပ်သမားများက   တောင်း ဆိုထားပြီး ဇန်နဝါရီလ ၂၆ ရက် နေ့မှ စတင် ဖွင့်လှစ်ခဲ့သော စက်ရုံ ရှေ့ရှိ သပိတ်စခန်းကို ဇန်နဝါရီလ ၃၁ ရက်နေ့ထိ ဆက်လက်ဖွင့်ကာ သပိတ်မှောက်သွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စက်ရုံ အလုပ်သမားတစ်ဦးဖြစ်သူ ကိုရဲထက်အောင်က ”၃၁ ရက် နေ့ထိပဲ ဆန္ဒပြမယ်။ ၁ ရက်နေ့ကျ ရင် စက်ရုံထဲပြန်ဝင်ပြီးအလုပ်လုပ် မယ်။ ဒါပေမယ့် ခေါင်းစည်းတွေ ဝတ်ထားပြီး အလုပ်လုပ်ရင်းဆန္ဒပြ မယ်။ အလုပ်သမားတွေကို အလုပ်   ပြန်မခန့်မချင်းပြမယ်” ဟု ဆို သည်။

အလုပ်သမား လေးဦးကို အလုပ်ထုတ်လိုက်သည့် ကိစ္စနှင့် ပတ်သက်၍ စက်ရုံ၏ျွံ မန် နေဂျာ ဒေါ်အေးသိင်္ဂီသန့် က      ”စက်ရုံစည်း ကမ်းတွေ ဖောက်ဖျက် လို့ ထုတ်လိုက်တာပါ။ စက်ရုံထဲမှာ ရန်ဖြစ်လို့။ ပထမ  စဖြစ်တဲ့ နေ့ ကတည်းအလုပ်ထုတ်မလို့။  ဒါပေ မယ် မထုတ်ရသေးခင်ကို အလုပ် သမားတွေက ဆန္ဒစပြတယ်။ ဆန္ဒပြပြီးတော့မှ  အလုပ်ကထုတ် ကြောင်းပြောလိုက်တာ။ ကျန်တာ ကတော့ ဥပဒေအတိုင်း ဆက်လုပ် သွားရုံပါပဲ” ဟု ပြောသည်။

လက်ရှိတွင် အလုပ်သမား ၂ဝဝ ခန့် ဆက်လက်သပိတ် မှောက်နေကြကြောင်း သိရသည်။

ရှမိန်မောနင်း အလုပ်သမား သပိတ်သည် ဇန်နဝါရီလ ၃၁ ရက်နေ့ထိဆိုလျှင် သပိတ်မှောက်မှု သက်တမ်း ၆ ရက်ကြာမြင့်ပြီဖြစ်ပြီး
ယခု အလုပ်သမား အငြင်းပွားမှု  ဖြစ်ပွားခြင်းသည် စက်ရုံသက်တမ်း တွင် ပထမဦးဆုံးအငြင်းပွားမှုဖြစ် ကြောင်း သိရသည်။

စက်ရုံသည် အလုပ်သမား အင်အား ၄ဝဝ ခန့်ဖြင့် လုပ်ငန်း လည်ပတ်လျက်ရှိပြီး တရုတ် လူမျိုးပိုင် စက်ရုံတစ်ခုဖြစ်ကြောင်း သိရ သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*