ရှမ်းပြည်နယ်တောင်ပိုင်း NLD ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ဖူးသူကို မုဒိမ်းမှုတိုင်ြ ကားချက်ကြောင့် ဖမ်းဆီးထား

ရှမ်းပြည်နယ်တောင်ပိုင်း NLD ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ဖူးသူကို မုဒိမ်းမှုတိုင်ြ ကားချက်ကြောင့် ဖမ်းဆီးထား
February 1, 2017 Asian Fame

3:48 pm
ရှမ်းပြည်နယ်တောင်ပိုင်း NLD ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ဖူးသူကို မုဒိမ်းမှုတိုင်ြ ကားချက်ကြောင့် ဖမ်းဆီးထား

PNews
ရန်ကုန်၊ ဇန်နဝါရီ၃၁

ရှမ်းပြည်နယ် တောင်ပိုင်း NLD ပါတီ စည်းကမ်းထိန်း သိမ်းရေး အဖွဲ့ဝင်တစ်ဦးအဖြစ် ထမ်း ဆောင်ခဲ့ဖူးသူ ဦးတော်မီ အောင်ကို မုဒိမ်းမှုကျုးလွန်ခဲ့သည် ဆိုသော တစ်ဖက်၏ တိုင်တန်းမှုအရ ရဲက စစ်ဆေးမေးမြန်းရန် ဇန်နဝါရီလ ၃ဝရက်နေ့က ဖမ်းဆီး ထိန်း သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။

အသက်၇ဝ ကျော်ရှိပြီ ဖြစ်သည့် ၄င်းသည် သူ၏ နေအိမ် ၌ ဖွင့်လှစ်ထားသော အဆောင်မှ အဆောင်နေ  ၉ တန်းကျောင်းသူ ကို မုဒိမ်းမှု ကျူးလွန်ခဲ့ကြောင်း လက်ရှိတွင် စွပ်စွဲခံထားရသည်။

ယင်းကိစ္စကို ဟုတ်/မဟုတ် အတည်ပြုနိုင်ရန်  ရဲက  စစ်ဆေး ရန် လိုသည့်အတွက် ဦးတော်မီ အောင် ကို စခန်းသို့ ခေါ်ဆောင် ထားသည်ဟု ကလောမြို့မ ရဲ စခန်းမှူးက ပြောသည်။

ရဲစခန်းသို့ လာရောက်တိုင် တန်းမှုကို မိန်းကလေးငယ်၏ မိသားစုဘက်က ပြုလုပ်ခဲ့သည်ဟု ရဲစခန်းမှူးက ဆိုသည်။

”တရားလိုဘက်က စွပ်စွဲ တိုင်ကြားလို့ စစ်နေတုန်းပါပဲ။ ကျန်တာကိုတော့ ပြောလို့ မရ သေးဘူး။ ခုမှ စစ်ဆေးတုန်းဆိုတော့ ဒီအမှုကို ကျူးလွန်ခြင်းရှိ/မရှိ မပေါ်ပေါက်သေးပါဘူး။ သူကNLD ပါတီက ဟုတ်/မဟုတ် ကိုတော့ ကျွန်တော်တို့ မသိဘူး ခင်ဗျ” ဟု ကလောမြို့ မရဲစခန်း / အမှုစစ် – စခန်းမှူး ရဲမှူး ဝင်းထွန်း ပြောသည်။

ဦးတော်မီအောင် ထမ်း ဆောင်ခဲ့ဖူးသော တာဝန်သည် ပါတီဗဟိုက တိုက်ရိုက်ခန့်အပ် သည့် ရာထူးမဟုတ်ဘဲ၊ ပြည်နယ် ပါတီက ခန့်အပ်သည့် တာဝန် ဖြစ်ကာ ၂ဝ၁၄ ခုနှစ်အထိ ဖြစ် သည်ဟု ပြည်နယ်ပါတီအကြီး   အကဲ တစ်ဦးက ရှင်းပြသည်။

ကလောမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေ သီနိုင်က သက်ငယ် မုဒိမ်းမှုဖြစ် နေ၍ ရဲက သေသေချာချာစစ်ဆေး ဖို့ လိုကြောင်း ပြောသည်။

”သူ (ဦးတော်မီအောင်) က ခု ပြည်နယ်ပါတီ စည်းကမ်းထိန်း သိမ်းရေးတာဝန် ထမ်းဆောင်နေ တာ မဟုတ်ပါဘူး။

ခုချိန်က ပြည်နယ်ပါတီကို ပြန်လည်ဖွဲ့စည်း တဲ့ အချိန်လည်းဖြစ်နေတယ်။ ဒီတော့ ဒီတာဝန်မျိုးပေးအပ်ထားတယ်လို့တော့ မကြားမိဘူး။

အရင် တုန်းကတော့ သူတာဝန်ထမ်း ဆောင်ခဲ့ဖူးတယ်။ ၂ဝ၁၅ အထွေ ထွေ ရွေးကောက်ပွဲပြီးကတည်းက ပါတီနဲ့တော့ သူကင်းကွာနေ တာ တော့သိတယ်။ ပါတီဝင်ဆိုရင် တော့ ပိုမှန်မယ်လို့ထင်တယ်၊ ဒါက လည်း စစ်ရဦးမှာ” ဟု သူမက ပြောသည်။

မိမိ၏ မဲဆန္ဒနယ်မြေတွင် ဖြစ်နေသည့်အတွက် ကာယကံရှင် မိန်းကလေး နစ်နာမှုမရှိစေရန် တတ်နိုင်သည့်ဘက်မှ အစွမ်းကုန် ကြိုးပမ်းသွားမည်ဟု ဒေါ်ပြုံးကေ သီနိုင်က ဆက်ပြောသည်။

ရှမ်းပြည်နယ်   NLD  ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဒေါ်ခင်မိုးမိုး က ”ဦးတော်မီအောင် က ပါတီဝင်ဆိုတာတော့ ဟုတ် တယ်။ သူ ပရဟိတလုပ်ငန်းတွေ လုပ်တာသိတယ်။ အခု တိုင်ခံရ တယ်ဆိုတာမျိုးကိုတော့ မသိသေး ဘူး။ ရာဇဝတ်မှုဆိုရင်တော့ ရာဇ ဝတ်ကြောင်းအရပဲ သွားမှာပါ။ သူ ပြစ်မှု ကျူးလွန်တယ်လို့ ပေါ်ပေါက် ရင်တော့ သူခံရမှာပါ” ဟု ပြော သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စွပ်စွဲခံထားရသူထံသို့ ဆက်သွယ် ရန် ကြိုးပမ်းသော်လည်း မအောင် မြင်ခဲ့ပေ။

ကလောမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပါ ဖြစ်စဉ်ကို အမှန်အတိုင်းပေါ် ပေါက်ရန်  တာဝန်ရှိသူတို့နှင့်ပူး ပေါင်းသွား မည်ဖြစ်ပြီး၊ အဆောင် ဖွင့်လှစ်မှု၊ အဆောင်နေသူတို့ကို စုစည်းမှု စသည်တို့၌ ပါတီနာ မည်ကို အသုံးပြုပြီး မလျော်သြဇာ သုံးစွဲထားခြင်း ရှိ/မရှိကိုပါ စုံစမ်း သွားမည့်အပြင်  တွေ့ရှိချက်တို့ကို ပါတီဗဟိုသို့ တင်ပြရန် စီစဉ်နေ ကြောင်းလည်း ထပ်မံသိရှိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*