ခရီးသွားလုပ်ငန်းအတွက် ပုံရိပ် ကောင်းတစ်ခု မဟုတ်ပါဘူး။ နိုင်ငံ တစ်ခုရဲ့ ခရီးသွားလုပ်ငန်းဟာ အဲဒီ နိုင်ငံရဲ့ လုံခြုံစိတ်ချရမှုပေါ်မှာ မူတည်ပါတယ်

ခရီးသွားလုပ်ငန်းအတွက် ပုံရိပ် ကောင်းတစ်ခု မဟုတ်ပါဘူး။ နိုင်ငံ တစ်ခုရဲ့ ခရီးသွားလုပ်ငန်းဟာ အဲဒီ နိုင်ငံရဲ့ လုံခြုံစိတ်ချရမှုပေါ်မှာ မူတည်ပါတယ်
February 1, 2017 Asian Fame

11:45 am
ခရီးသွားလုပ်ငန်းအတွက် ပုံရိပ် ကောင်းတစ်ခု မဟုတ်ပါဘူး။ နိုင်ငံ တစ်ခုရဲ့ ခရီးသွားလုပ်ငန်းဟာ အဲဒီ နိုင်ငံရဲ့ လုံခြုံစိတ်ချရမှုပေါ်မှာ မူတည်ပါတယ်

per

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (NLD )ပါတီ ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင်  တရားလွှတ်တော်ရှေ့နေ ဦးကိုနီ သည် ဇန်နဝါရီ ၂၉ ရက် ညနေ ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေနတ်သမား တစ်ဦး၏ လုပ်ကြံမှုကြောင့် နေရာ၌ပင် ကွယ်လွန်ခဲ့ ရသည်။ နိုင်ငံတကာဝင်ပေါက်ထွက်ပေါက် ဖြစ်သော လေဆိပ်လိုနေရာမျိုးတွင် ထိုသို့သောဖြစ်စဉ်ဖြစ်ခဲ့သည့် အတွက် လုံခြုံရေးပိုင်း ဆိုင်ရာနှင့်ပတ်သက်၍ မေးခွန်းထုတ်ကြသူ များရှိသလို ဝေဖန်မှုများလည်း ရှိသည်။ အထူးသဖြင့် ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ အဓိကဝင်ရောက်ရာ ဝင်ပေါက်ဖြစ်သည့် အတွက် ထိုသို့သောဖြစ်စဉ်ဖြစ် သွားခြင်းက ခရီးသွားလုပ်ငန်း အပေါ် သက်ရောက်မှုရှိမည် ကိုစိုးရိမ်ကြသည်။ ထို့ကြောင့်ခရီးသွားလုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်သူ များ၏အမြင်များကို မေးမြန်း ဖော်ပြလိုက်ပါသည်။

ဦးခင်အောင်ထွန်း
(မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ ချုပ်၊ အထွေထွေအတွင်းရေးမှူး)

ဒီလိုဖြစ်သွားတဲ့ ကိစ္စအတွက် တော့ Image   မကောင်းဘူးပေါ့၊ အထူးသဖြင့် နိုင်ငံတကာဝင်ပေါက် ထွက်ပေါက်ဖြစ်နေတဲ့ အပြည်ပြည် ဆိုင်ရာလေဆိပ်မှာဖြစ်သွားတဲ့ ကိစ္စဆိုတော့ လုံခြုံရေးပိုင်းမှာ အားနည်းနေပြီဆိုတာ ပြတာပေါ့။ တခြားနေရာတွေမှာ
လုပ်လို့ရရဲ့ သားနဲ့ ဒီနေရာမှာ ဘာ့ကြောင့် လုပ်လဲ။ ရည်ရွယ်ချက်တွေအများ ကြီးပါနေတယ်။ ကိုယ်စားလှယ် အဖွဲ့အနေနဲ့ မြန် မာပြည်ပြန်လာ တဲ့အချိန်မှာ လုပ်တယ်ဆိုတော့ သတင်းကြိုရတာလည်းပါတာပေါ့။ ဒါတွေဟာ လုပ်ကြံတယ်ဆိုတာ တစ်ခုတည်း
မဟုတ်တော့ဘူး၊ နောက်ပိုင်းမြန်မာပြည်ကိုလာတဲ့ နိုင်ငံတကာခေါင်းဆောင်တွေ၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည် နဲ့ ခေါင်းဆောင်တွေရဲ့ လုံခြုံရေးကို ပိုတင်းကျပ်ဖို့လိုလာ ပြီ။ ခရီးသွားလုပ်ငန်းကို ထိခိုက်နိုင် မလားဆိုတာတော့ သိပ်ကျယ်ပြန့် လွန်းတယ်။

မကောင်းတာတော့ အမှန်ပဲ။ ဒီ ၂ ရက် ၃ ရက်မှာ တရုတ်နှစ်သစ်ကူးပွဲ ကျင်းပနေ တယ်။ ချယ်ရီပန်းပွဲတော်လုပ်နေ တယ်၊ Miss Universe ပြိုင်ပွဲမှာ လည်း မြန်မာကဆုရတယ်။ အဲဒီလို ကောင်းသတင်းတွေ ပြန့်နေတဲ့ အချိန်မှာ ဒီအမည်းစက်တစ်စက် က
ကျန်သတင်းတွေကို မှေးမှိန်စေတော့ကိုယ့်နိုင်ငံအတွက် ထိခိုက် တယ်။ ကျွန်တော်တို့နိုင်ငံမှာ ဟို တလောကမှ ဧည့်စာရင်းစနစ်ကို ဖျက်လိုက်တယ်။ အရင်ကတည်း ကမရှိတော့တဲ့ ထောက်လှမ်းရေး လိုအဖွဲ့အစည်းမျိုး မရှိတော့ လုံခြုံ ရေးစည်း အများကြီးပေါက်နေ
တယ်လို့မြင်တယ်။ အဲဒါကို ဘယ်လို လုပ်မလဲဆိုတာ အစိုးရရော၊ လွှတ် တော်ရော၊ သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေနဲ့ အဖွဲ့အစည်းေ တွ သေသေချာချာပြင်ဆင်သင့်တယ် လို့ မြင်ပါတယ်။

ဦးခင်မောင်ပြုံး
(မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်း ရှင်များအသင်း-ရန်ကုန်ဇုန် ဒုဥက္ကဋ္ဌ)

ဒီကိစ္စနဲ့ပတ်သက်လို့ခရီးသွား လုပ်ငန်းကို ထိခိုက်မှုရှိနိုင်တာ ပေါ့။ အများအမြင်မှာ လေဆိပ် လုံခြုံရေးလိုအပ်ချက်ရှိလို့လို့ မြင် သွား မှာပါ။ အမှန်တော့ ဒါက ကြိုတင်ပြင်ဆင်ထားပြီးတော့မှ လုပ်တဲ့ကိစ္စပါ။ ခရီးသွားလုပ်ငန်း ကို အနည်းနဲ့အများ ထိခိုက်နိုင် တာပေါ့။   နိုင်ငံတကာအနေနဲ့က တော့ အကြမ်းဖျင်းအဲဒီလိုပဲမြင်  သွားမှာပဲလေ။ နိုင်ငံတကာမှာဖြစ် လည်း တို့တွေက ဒီလိုပဲသုံးသပ်  လိုက် တာပဲ။

ဦးသက်လွင်တိုး
(မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ)

ဒီဖြစ်စဉ်တွေကတော့ မြန်မာ မှ မဟုတ်ပါဘူး၊ အရှေ့အလယ် ပိုင်းမှာ ပြင်သစ်မှာ ဘယ်လ်ဂျီယံ မှာလည်း ဖြစ်နေတာတွေရှိပါ တယ်။ ဒီဖြစ်စဉ်ကြောင့် ခရီးသွား လုပ်ငန်းအတွက် အခိုက်အတန့် တော့သက်ရောက်မှု ဖြစ်ပေမယ့် ခရီးသွားမြှင့်တင်ရေးပိုင်းတွေ၊ လုံ ခြုံရေးေ တွပိုပြီး ထိရောက်အောင် လုပ်မယ်ဆိုရင် ရေရှည်သက် ရောက်မှု မရှိနိုင်ပါဘူး။ မနှစ်က တော့ဓားမှုပေါ့။ ဒီနှစ်ကတော့ သေနတ်နဲ့စ တယ်။ ဒါက ကျွန် တော်တို့ကို တပ်လှန့်လိုက်တဲ့ သဘောပါပဲ။ လုံခြုံရေးကျိုးပေါက် နေပြီဆိုတာ တပ်လှန့်လိုက်တဲ့ သဘောပါ။
ကျွန်တော်တို့ အသင်း အဖွဲ့တွေအနေနဲ့ ဒီအပေါ်မှာ သတင်းထုတ်ပြန်မှုတော့ လော လောဆယ်မရှိသေးပါဘူး။

ဒေါ်စပယ်အောင်
(Nature Dream ခရီးသွားလုပ်ငန်း)

ကျွန်မအမြင်ကတော့ ဒီကိစ္စ ကိုသိတာနည်းတယ်။ ကျွန်မတို့ အခုဥရောပနဲ့ ရုရှားဈေးကွက် ကိုကိုင်တာလေ။ ကျွန်မတို့ဆီ တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မေးကြ တာမျိုးမရှိသေးဘူး။ ဒါရိုးရိုးသား သားပြောပြတာပါ။ ခရီးသွားဈေး ကွက်မှာလည်း ဒီကိစ္စကြောင့်
မေးမြန်းစုံစမ်းတာမျိုး ဘွတ်ကင် တွေဖျက်တာမျိုး၊ လျော့သွားတာ မျိုး မရှိသလောက်ပါပဲ။ ကျွန်မတို့ လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒီလို အဖြစ်အပျက်လေးတွေတော့ ဖြစ် တာရှိတာပေါ့။ ဒါပေမယ့် သတိပြု စရာတစ်ခုကတော့ နိုင်ငံတကာ လေဆိပ်ရဲ့ လုံခြုံရေးဟာကွက်ကို
တော့ သတိပြုမိကြလိမ့်မယ်။ နိုင်ငံ တကာက မသိရင်တောင်မှ အာဆီ ယံတို့၊ အမေရိကန်တို့ သံရုံးရှိတဲ့ နိုင်ငံတွေ သတိထားမိသွား လိမ့် မယ်ထင်ပါတယ်။ အခုလက်ရှိ တော့ ကျွန်မတို့ဆီ ချိတ်ဆက်ပြီး လာတဲ့ ဘယ်လ်ဂျီယံက ဧည့်သည် တွေ၊ ရုရှားကဧည့်သည်တွေ က   မြန်မာပြည်မှာ ပုံမှန်လည်ပတ်နေ ပါတယ်။ အဲဒီလူတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးကြမြန်းကြတာ သတင်းဆိုးရှိတယ်ဆိုပြီး   ပြောကြ တာမျိုးတော့ မရှိသေးပါဘူး။

ဦးဇော်ဝင်းချို
(ဝါရင့်ဧည့်လမ်းညွှန်)

ဦးကိုနီ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လုပ်ကြံခံရခြင်းဖြစ်တဲ့ အတွက် ကမ္ဘာလှည့်ခရီးသည်တွေ လည်း တုန်လှုပ်သွားကြတယ်။ ခရီးသွားလုပ်ငန်းအတွက် ပုံရိပ် ကောင်းတစ်ခု မဟုတ်ပါဘူး။ နိုင်ငံ တစ်ခုရဲ့ ခရီးသွားလုပ်ငန်းဟာ အဲဒီ နိုင်ငံရဲ့ လုံခြုံစိတ်ချရမှုပေါ် မှာ မူတည်ပါတယ်။ လုံခြုံရေး ပိုမို တိုးမြှင့်ရမယ်လို့ ထင်ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*