ဝေးလံခေါင်ဖျား ဒေသများ သဘာဝဘေး ကြုံပါက အကူအညီတောင်းနိုင်ရန် SSB အသံလွှင့် အသံဖမ်းစက်အလုံး ၆ဝ ကျော် တပ်ဆင်ပေးထား

ဝေးလံခေါင်ဖျား ဒေသများ သဘာဝဘေး ကြုံပါက အကူအညီတောင်းနိုင်ရန် SSB အသံလွှင့် အသံဖမ်းစက်အလုံး ၆ဝ ကျော် တပ်ဆင်ပေးထား
January 25, 2017 Asian Fame

12:28 pm
ဝေးလံခေါင်ဖျား ဒေသများ သဘာဝဘေး ကြုံပါက အကူအညီတောင်းနိုင်ရန် SSB အသံလွှင့် အသံဖမ်းစက်အလုံး ၆ဝ ကျော် တပ်ဆင်ပေးထား

စိုင်းလမင်း
နေပြည်တော် ၊ ဇန်နဝါရီ ၂၄

သဘာဝဘေး ကြုံတွေ့ရသော ဝေးလံခေါင်ဖျား ဒေသများမှ အကူအညီတောင်းနိုင်ရန် SSB အသံလွှင့်အသံဖမ်းစက်အလုံး ၆ဝ ကျော်တပ်ဆင်ပေးထားပြီး ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။ ”သဘာဝဘေးနဲ့ ပတ်သက်ရင် ပြည်သူကို သတင်းပေးမယ်။ ပြည်သူဆီကသတင်းယူမယ့် မိုဘိုင်း Application တွေလုပ်တယ်၊ အဲဒီလိုမျိုး Hot Line တွေ လုပ်တယ်ပေါ့နော်။ ဒါပေမယ့် ဒီလို အဆက်အသွယ်တွေ လုံးဝမရရင်တောင်မှ ကြိုးမဲ့စနစ်ဖြစ်တဲ့ Signal Side Band(SSB) တွေကို အရမ်းအဝေးကြီး သွားလာရခက်ခဲတဲ့နေရာတွေမှာ တပ်ဆင်ပေးထားတယ်”ဟု အ ဆိုပါဝန်ကြီး ဌာနပြည်ထောင်စုဝန် ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။ ထိုသို့ သတင်းပေးသတင်းယူလုပ်ဆောင်ခြင်းသာမက ပြည်သူများ သဘာဝဘေးနှင့် ပတ်သက်ပြီး အသိပညာရရှိရန်အတွက် အသံလွှင့် ဇာတ်လမ်းတိုများကို နှင့် FM ရေဒီယိုများမှ တစ်ဆင့်ထုတ်လွှင့် နေသည်ဟု ဝန်ကြီးက ဆိုသည်။

”ဥပမာ ဝေဠုကျော်ဖောင်ဒေးရှင်းဆိုရင် အသံလွှင့်ဇာတ်လမ်းလေးတွေ ရိုက်ပေးတယ် FM တွေ ရေဒီယိုတွေကနေ လွှင့်ပါတယ်။ ဒါကတော့ ပညာပေးဇာတ်လမ်း လေးတွေပေါ့နော်။ ဒါတွေကို ကျွန်တော်တို့ လုပ်ဆောင်နေတယ်။ ဒါကတော့ သဘာဝဘေးတွေဖြစ်တဲ့ ရေဘေး၊ မီးဘေး၊ မုန်တိုင်းဘေးတွေအတွက် လုပ်ဆောင်နေတာ ပါ”ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းတို့ တွင် FM များတပ်ဆင်ပေးထားပြီး မြန်မာနိုင်ငံအနှံ့ရှိ သွားရေးလာရေး ခက်ခဲသော နေရာဒေသများတွင်လည်း တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*