လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကလည်း အရေးပေါ်အစည်းအဝေးထိုင်ပြီး မူဝါဒတွေသုံးသပ်နေတယ်လို့ ကြားပါတယ် … အပစ်အခတ် ရပ်စဲရေးလမ်းကြောင်းမှာအားလုံးပါဝင်လာဖို့ လမ်းစတော့ ရနိုင်တာပေါ့

လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကလည်း အရေးပေါ်အစည်းအဝေးထိုင်ပြီး မူဝါဒတွေသုံးသပ်နေတယ်လို့ ကြားပါတယ် … အပစ်အခတ် ရပ်စဲရေးလမ်းကြောင်းမှာအားလုံးပါဝင်လာဖို့ လမ်းစတော့ ရနိုင်တာပေါ့
January 25, 2017 Asian Fame

3:02 pm
လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကလည်း အရေးပေါ်အစည်းအဝေးထိုင်ပြီး မူဝါဒတွေသုံးသပ်နေတယ်လို့ ကြားပါတယ် … အပစ်အခတ် ရပ်စဲရေးလမ်းကြောင်းမှာအားလုံးပါဝင်လာဖို့ လမ်းစတော့ ရနိုင်တာပေါ့

per

မြန်မာနိုင်ငံဝယ် ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေးသည်မှာ ဆယ်စုနှစ်ပေါင်း ၆ ခုကျော် ကြာမြင့်ခဲ့လေပြီ။ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးသော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဟုပင် ခေါ်ဝေါ်လာကြပြီ။ ပြည်သူများကလည်း ငြိမ်းချမ်းရေးကို အမြန်ဆုံးလိုချင်နေကြပြီဖြစ်သလို အစိုးရဘက်မှလည်း ၂၁ ပင်လုံညီလာခံကြီးကို ကျင်းပကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သည်။ သို့ရာတွင် ထင်သလောက် ခရီးမပေါက်ဆိုသလို ဖြစ်နေပြန်၏။ ထို့ကြောင့် ငြိမ်းချမ်းရေးပန်းတိုင်သို့ အမြန်ဆုံးရောက်ရှိရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းတို့မှ ပုဂ္ဂိုလ်တို့၏အမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးလမာနော်အောင်
အင်ဂျန်းယန်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ကချင်ပြည်နယ် ဒီမိုကရေစီပါတီ

မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၃ ဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထဲ ထည့်သွင်းမယ်ဆိုရင် နိုင်ငံရဲ့ ငြိမ်းချမ်းရေးအလားအလာဟာ အကောင်းဘက်ကို ဦးတည်သွား ပါလိမ့်မယ်။ ထပ်ပြီးရမယ့် အကျိုး ရလဒ်ကတော့ ငြိမ်းချမ်းရေး ရရှိဖို့ ပိုမို မြန်ဆန်သွားမယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ လာမယ့် ဖေဖော်ဝါရီလထဲ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သူတို့ ကို ထည့်သွင်းရင် အကောင်းဆုံးပဲ လို့ ကျွန်တော်မြင်ပါတယ်။ ငြိမ်း ချမ်းရေး ဆွေးနွေးတဲ့အခါ တစ် ဖက်နဲ့ တစ်ဖက်ဟာ ပြည်သူလူထု အကျိုးစီးပွားကို ကြည့်ရမယ်။ ကိုယ်ကျိုးစီးပွားတွေကို မကြည့် ကြဖို့ ဒီကနေ မေတ္တာရပ်ခံချင်ပါ တယ်။ အခုဆိုရင် နစ်နာသူဟာ ကြားထဲက ပြည်သူတွေ ဖြစ်နေပါ တယ်။ အပေါ်ပိုင်းကတော့ အေး အေးဆေးဆေးပဲပေါ့။ တပ်မတော် ဘက်က အခုဆိုရင် ငြိမ်းချမ်းရေး တံခါး ဖွင့်ထားတယ်လို့ ပြောပါ တယ်။ ဒါတွေကို အပစ်ရပ်လက် မှတ်မထိုးရသေးတဲ့ တပ်ဖွဲ့ဝင်တွေ က အကျိုးရှိရှိ အသုံးပြုစေချင်တယ်။ အမြန်ဆုံး နိုင်ငံကို ငြိမ်း ချမ်းစေချင်ပါပြီ။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ
PNLO – ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် နာယက

ဆိုလိုတာကတော့ ငြိမ်းချမ်း ရေးဖြစ်စဉ်က အရှည်ကြီး။ အပစ် အခတ်ရပ်စဲပြီး ဃြဗ စာချုပ်ချုပ် တဲ့အခါမှာအမြဲတမ်းတံခါးဖွင့်ထား မယ်လို့ဆိုလိုတာ ဖြစ်ပါတယ်။ NCA စာချုပ်မှာ လက်မှတ်ထိုး ကြဖို့ ပြောတာဖြစ်ပါတယ်။ NCA ကိုကျော်ပြီး နိုင်ငံရေး ဆွေးနွေးပွဲ တို့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေး မယ်ဆိုတာကို လက်မခံဘူး။ နိုင်ငံ ရေး ဆွေးနွေးပွဲပြီးတော့ အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တွေ လာမယ်လေ။ ဆွေးနွေးပွဲ တွေက ရလာတဲ့ ရလဒ်တွေနဲ့အ ညီ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးလာမယ်။ အခုက ဒုတိယအကြိမ် ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကလည်း နီးလာပြီလေ။ ဆိုတော့ NCA စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ တွေအနေနဲ့ အားလုံး ပါဝင်ဖို့အတွက် ပြောတာပါ။ ငြိမ်းချမ်းရေးအတွက် တပ်မတော်က အခုလို တရားဝင် ဖိတ်ခေါ်လိုက်တော့ တပ်မတော်က ပြည်ထောင်စုလမ်း မကြီးတို့ကို ကာကွယ် စောင့်ရှောက်ဖို့ လုပ်ချင်တယ်။ စစ်ရေးနဲ့ ဖြေရှင်းတာကို မလုပ်ချင်ဘူး။ နိုင်ငံရေးဆွေး နွေးပွဲနဲ့ အဖြေရှာချင်တယ်။ ကျွန်တော်တို့ NCA လက်မှတ်ထိုးတားတဲ့ အဖွဲ့တွေကတော့ ဆက်သွားမှပဲ။ ပြဿနာသေးသေးလေးတွေ ရှိရင် လည်း လုပ်ငန်းစဉ် တစ်ခုလုံးကို ဆက်သွားမှာဖြစ်ပါတယ်။ လက် မှတ်မထိုးရသေးတဲ့ အဖွဲ့တွေက လည်း အရေးပေါ်အစည်းအဝေးထိုင်ပြီး မူဝါဒတွေ သုံးသပ်နေတယ် လို့ ကြားပါတယ်။ အပစ်အခတ် ရပ်စဲရေးလမ်းကြောင်းမှာ အားလုံး ပါဝင်လာဖို့ လမ်းစတော့ ရနိုင်တာ ပေါ့။ ဒေါ်အောင်ဆန်းစုကြည်က တော့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဒုတိယ အစိုးရလက်ထက်ကမှ အ မွေဆက်ခံဖို့ ပါလာတာပဲ။ အစက သူမပါဘူး။ NCA မှာ လက်မှတ် မထိုးတဲ့အဖွဲ့တွေကို ဘာကြောင့် မထိုးလဲဆိုတာကို သူနားမလည်ဘူးလို့ ပြောတယ်။ မထိုးဘဲနေရင် ဘာ အကျိုးအမြတ်ရသလဲ သူနားမလည်ဘူး ပြောတယ်။ အဲဒါက တော့ မထိုးတဲ့အဖွဲ့တွေကို မေးမှရမယ်။ ငြိမ်းချမ်းရေးက ရာနှုန်းပြည့် မအောင်မြင်ရင်လည်း တစ်ဆင့်ပြီး တစ်ဆင့် သွားရမှာဖြစ်ပါတယ်။

ခိုင်သုခ
AA ပြန်ကြားရေး တာဝန်ခံ

ကျွန်တော်တို့ မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုနဲ့ ပေါင်းပြီး ထုတ်ပြန်ချက် ထုတ်ထားတယ်။ အဲဒီ အထဲမှာ ဖော်ပြထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေး အတွက် အမြဲတမ်းအဆင့်သင့် ရှိ ပါတယ်။ ဆွေးနွေးပွဲ ဖြစ်မဖြစ် ဆိုတာကတော့ အစိုးရ အပေါ် မူတည်ပါတယ်။ အစိုးရကလည်း စစ်တပ်ကို ထိန်းချုပ်နိုင်ဖို့ အရေးကြီးပါတယ်။ စစ်တပ်က နိုင်ငံရေး ဦးဆောင်မှု အောက်ကို ရောက်ဖို့လိုပါတယ်။ အခု မြန်မာနိုင်ငံမှာက စစ်တပ်က အစိုးရဦးဆောင်မှုအောက်ကို အ ပြည့်အဝမရောက်ဘူး။ ငြိမ်းချမ်း ရေးရဖို့အတွက် အစိုးရတစ်ခုတည်း အပေါ်မှာလည်း မူတည်တာ မဟုတ်ဘူး။ ကာချုပ်အပေါ်မှာလည်း အများကြီးမူတည်တယ်။ NCA ထိုးရေး မထိုးရေးက အဓိကမဟုတ် ဘူးလို့ထင်တယ်။ တိုင်းရင်းသား တွေ တန်းတူအခွင့်အရေးမရလို့ ဖြစ်နေကြတဲ့ ပြဿနာ။ ဒါကို နိုင်ငံရေး ဆွေးနွေးပွဲအရ ပြေလည် အောင် လုပ်ဖို့လိုတယ်။ အပစ်အခတ်ရပ်စဲရေးက ဆွေးနွေးပွဲအရ အဆင်ပြေရင် အော်တိုရပ်စဲသွားမှာပါ။ အခုက NCA ထိုးမှ နိုင်ငံရေးအရ ဆွေးနွေးရမလို ဖြစ်နေ တယ်။

ရဲဘော်သံခဲ
ABSDF – မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ဥက္ကဋ္ဌ

ကျွန်တော် မြင်တာကတော့ NCA ရဲ့အခန်းကဏ္ဍဟာ အားလုံး အတူတကွ ကြိုးပမ်းခဲ့ကြတာ တစ်ခုဖြစ်တယ်။ NCA မှာ အားလုံး ပါဝင်လက်မှတ်ရေးထိုးဖို့ ကျန်တဲ့ အဖွဲ့တွေကိုလည်း ဖိတ်ခေါ်တာ ဖြစ်တယ်။ ဒါကို ကြိုဆိုရမယ်လို့ မြင်ပါတယ်။ လက်တွေ့ကျကျ ပြန် ပြီး စဉ်းစားစရာကတော့ အတူ တကွလက်မှတ်ရေးထိုးကြမှ အား လုံး မျှော်မှန်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာမှာ ဖြစ်တယ်။ NCA နောက်ဆက်တွဲမှာ ပါဝင်နိုင်ဖို့အတွက် စိတ်ရှည်လက်ရှည်နဲ့ ညှိနှိုင်းဖို့လိုပါတယ်။ ပထမ အဆင့်အနေနဲ့ အားလုံးကို ဖိတ်ခေါ်ပြီး ပူးပေါင်းပါဝင်ကြရင် အားလုံး မျှော်လင့်ထားကြသလို ဖြစ်လာမှာပါ။ အထူးသဖြင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်း ရေး ဖြစ်စဉ်ကို လူများများနဲ့ အား လုံးပါဝင်ပြီးအတူတကွ လျှောက်လှမ်းဖို့ အချိန်ကျပြီလို့ ပြောထားတယ်။

ဗိုလ်မှူး တာအိုက်ကျော် TNLA ပြန်ကြားရေးတာဝန်ခံ

ကျွန်တော်တို့ကို တိုက်ရိုက် ပြောတာတော့ မဟုတ်ဘူးပေါ့နော်။ သတင်းတွေကနေ ဖတ်ရပါတယ်။သူတို့က ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်ထားတယ် ဆိုပေမယ့် ကျွန်တော်တို့ ငြိမ်းချမ်းရေး ကော် မရှင်နဲ့ တွေ့ပြီး ဆွေးနွေးတဲ့အခါ ကန့်သတ်ချက်တွေက နောက်ကနေ ပါလာပါတယ်။ လိုအပ်ချက် တွေလည်း ရှိတယ်။ တွေ့ဆုံဆွေး နွေးတဲ့အခါ အဲဒီလိုကန့်သတ်ချက် တွေမရှိရင် အဆင်ပြေပါတယ်။ အပြန်အလှန် ဆွေးနွေးတဲ့အခါ အဲဒီလို ကန့်သတ်ချက်တွေ မရှိတော့ရင် ငြိမ်းချမ်းရေးက တော် တော်လေး အခြေအနေကောင်း လာပါမယ်။ အလားအလာကောင်း လာနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ NCA လက်မှတ်ထိုးဖို့ ပြောတာပေါ့။ NCA မှာ ကျွန်တော်တို့ လက်မခံတဲ့ အချက် တွေရှိနေတာပေါ့။ NCA ထဲက ၉ ချက်ကို ကျွန်တော်တို့ ပြင်ဖို့ တောင်းဆိုထားတယ်။ အဲဒါပြင် ပေးရင်တော့ အခြေအနေ ကောင်း ပါတယ်။

ဦးဖေသန်း
မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်၊ ရခိုင်အမျိုးသားပါတီ

ငြိမ်းချမ်းရေးရဖို့အတွက် အဓိက,ကတော့ ဖက်ဒရယ်ရဖို့ လိုတာ ပေါ့။ ဖက်ဒရယ်ရဖို့အတွက် စစ်တပ်အပေါ်မှာ အများကြီး မူတည်တယ်။ ၂၁ ရာစုပင်လုံညီလာခံမှာ စစ်တပ်ကပြောသွားတာက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ်ကို ပေးထားပြီးသား လို့ပြောတယ်။ အဲဒီလို ပြောနေသရွေ့ တော့ စစ်မှန်တဲ့ ဖက် ဒရယ်ဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။ စစ်တပ်က ဖက်ဒရယ်ရဲ့သဘောတရားကို နားလည်လက်ခံလာဖို့လိုတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ တောင်းဆိုတာကို စစ်တပ်က လိုက်လျောပေးဖို့လိုတယ်။ အလျှော့အတင်းမလုပ်ဘဲ ဒီအတိုင်း တင်းခံထားလို့ကတော့ ပိုပြီး ကြောက်ဖို့ ကောင်းတယ်။ အနှစ် သာရ ပြည့်ဝတဲ့ ဖက်ဒရယ်ဖြစ်ဖို့ လိုတယ်။ အမြန်ဆုံးဆွေးနွေးပြီး ဖက်ဒရယ်ပေးဖို့လိုတယ်။ တိုင်း ရင်းသား လက်နက်ကိုင်တွေကတော့ ပထမပင်လုံညီလာခံမှာ တောင်းဆိုထားခဲ့ကြတယ်။ သူတို့ အသံတွေကို နားထောင်ပြီး အစိုးရ အနေနဲ့ လိုက်လျောပေးဖို့လိုတယ်။ အဓိကတော့ စစ်တပ်ပေါ့။ တိုင်းရင်းသားတွေဟာ လုံးဝလွတ်လပ် ရေး တောင်းဆိုနေကြတာ မဟုတ် ဘူး။ ဖက်ဒရယ်ပဲတောင်းဆိုနေကြ တာပါ။ တိုင်းရင်းသားတွေအကုန်လုံးက လိုအပ်တာတွေ အတူတူပဲ။ ပြောချင်တာက ငြိမ်းချမ်းရေးလိုချင်ရင် အမြန်ဆုံးတွေ့ဆုံ ဆွေးနွေး ပြီး ပြည့်စုံတဲ့အနှစ်သာရရှိတဲ့ ဖက်ဒရယ်ပေးလိုက်ပါ။

ပေါ်ပြူလာနယူးစ်အဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*