ပုလိပ်စက်ရုံသပိတ်ကို စက်ရုံပိတ်ဆို့သည်အထိ သပိတ်မှောက်အလုပ်သမားများ အရှိန်မြှင့်သွားမည်

ပုလိပ်စက်ရုံသပိတ်ကို စက်ရုံပိတ်ဆို့သည်အထိ သပိတ်မှောက်အလုပ်သမားများ အရှိန်မြှင့်သွားမည်
January 25, 2017 Asian Fame

2:24 pm
ပုလိပ်စက်ရုံသပိတ်ကို စက်ရုံပိတ်ဆို့သည်အထိ သပိတ်မှောက်အလုပ်သမားများ အရှိန်မြှင့်သွားမည်

ရဲလွင်
ရန်ကုန်၊ ဇန်နဝါရီ ၂၄

ဇန်နဝါရီလကုန်မှစ၍ ပုလိပ်စက်ရုံသပိတ်ကို စက်ရုံပိတ်ဆို့သည်အထိ အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုလိပ်ချည်မျှင်နှင့် အထည်စက်ရုံမှ သပိတ်မှောက် အ လုပ်သမားများထံမှ သိရသည်။ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုမှ စတင်ဖြစ်ပွားခဲ့သော ပုလိပ်ရှိ ပန်ဒါချည်မျှင်စက်ရုံ အ လုပ်သမားသပိတ်သည် သပိတ် မှောက်သက်တမ်း ၈ လကျော်ခဲ့ပြီ ဖြစ်သည်။

သို့သော် ယနေ့အချိန်ထိ ပြေ လည်ခြင်းမရှိဘဲ ဇန်နဝါရီလ ၂၂ ရက်နေ့က စက်ရုံအနီး သပိတ် မှောက်နေသော အလုပ်သမားများ က မန္တလေးမြို့တွင် စီတန်းလှည့် လည် ဆန္ဒပြခဲ့သည်။ အလုပ်သမားဝန်ကြီးဌာနနှင့် တာဝန်ရှိသူများအနေဖြင့် လာမည့် ဇန်နဝါရီလ ၃၁ ရက်နေ့ နောက် ဆုံးထား၍ ပုလိပ်စက်ရုံ အလုပ်သ မားပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးရန်နှင့် မဖြေရှင်းပေးပါ က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အခြားအလုပ်သမားသမဂ္ဂများ အ ကူအညီဖြင့် စီတန်းလမ်းလျှောက် သပိတ်အသွင် (သို့မဟုတ်) စက်ရုံ ကို ပိတ်ဆို့ခြင်းဖြင့် သပိတ်မှောက်မှု ပုံစံ အရှိန်မြှင့်သွားမည်ဖြစ်ကြောင်း အလုပ်သမား ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုလှကိုက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။

”ပြီးခဲ့တဲ့ သပိတ်သက်တမ်း ၆ လလောက်တုန်းက တိုင်းဒေသကြီး ဝန်ကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေ ပါဝင်တဲ့ ၁၂ ဦးကော်မတီဖွဲ့ပြီး ကျွန်တော်တို့ကို ဖြေရှင်းပေးတယ်။ အဲဒီမှာ အချက် ၂၈ ချက်စလုံးကို စက်ရုံနဲ့ အလုပ်သမားတွေကြား ညှိနှိုင်းလို့ အဆင်ပြေသွားပြီ။ ဒါ ပေမယ့် လက်မှတ်ထိုးမယ်လည်း လုပ်ရော စက်ရုံဘက်က မထိုး တော့ဘူး။ အဲဒီနောက်ပိုင်း အစိုးရ ရော၊ ဝန်ကြီးဌာနရောက ဒီပြဿ နာကို ဝင်ပါတာမရှိတော့ဘူး။ ဒါ ကြောင့် လာမယ့် ၃၁ ရက်နေ့ထိမှ ပြေလည်အောင် တစ်ခုခုမလုပ်ပေး တော့ဘူးဆိုရင် ကျွန်တော်တို့ အ ပြီးသတ်လုပ်တော့မယ်။ သပိတ် သက်တမ်းက အရမ်းကြာနေပြီ။ အခုက စက်ရုံထဲမှာအလုပ်သမား အချို့က အလုပ်လုပ်နေတယ်။ အ ပြင်မှာက အလုပ်သမားတွေအများ စုက သပိတ်မှောက်နေတယ်။ သူ့ ဟာနဲ့သူကိုဖြစ်နေတော့ အစိုးရ ကလည်း အဆင်ပြေနေတယ် ထင် လားမသိဘူး လှည့် မကြည့်တော့ ဘူး”ဟု ကိုလှကိုက ဆိုသည်။

ပန်ဒါချည်မျှင်နှင့် အထည် စက်ရုံ ပြဿနာသည်ယခင် စက်မှု ဝန်ကြီးဌာနအပိုင်ဖြစ်ပြီး ယင်း နောက် ပုဂ္ဂလိကသို့ လွှဲပြောင်းပေး ပြီးနောက်ပိုင်း အလုပ်သမားအငြင်း ပွားမှုများ ဆက်တိုက်ဖြစ်လာသော စက်ရုံတစ်ခု ဖြစ်သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ စက်ရုံ အလုပ်သမားများနှင့် စက်ရုံ ပိုင်ရှင်ကြား အချက်၂၈ ချက်ကို ညှိနှိုင်းပေးခဲ့သော ၁၂ ဦးကော်မတီ မှ မန္တလေးတိုင်းဒေသကြီး လွှတ် တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးလှိုင်ဝင်းက ”ကျွန်တော်တို့ အ ချက် ၂၈ ချက်ကိုညှိနှိုင်းပေးခဲ့တယ်။ ၂၇ ချက်ပြေလည်တယ်။ နောက် ဆုံးတစ်ချက်ဖြစ်တဲ့ အလုပ်ထုတ်ခံ ရတဲ့ ၂၂ ယောက်ကို အလုပ်ပြန်ခန့် ဖို့ကိစ္စမှာ တရားလွှတ်တော်ချုပ်က ကျတဲ့ စာချွန်တော်အမိန့်အတိုင်း အလုပ်သမား ၆ ယောက်ကို အ လုပ်ပြန်ခန့်စရာမလိုဘူး။ ဒါပေ မယ့် နှစ်ဖက်သဘောတူရင် ပြန် ခန့်လို့ရတယ်ဆိုတဲ့အချက်အတိုင်း လုပ်ပေးတယ်။ အဲဒီမှာ အလုပ်ရှင် ဘက်က အချက်ငါးချက် ပြန်ပြီးပြင် ချင်တယ်ဆိုပြီးတင်ပြတယ်။ ဒီတော့ အဲဒီ ကိစ္စမှာ ၂၇ ချက်ကိုပြေလည် အောင်ညှိပေးခဲ့တယ်။ ဒါပေမယ့် လက်မှတ်မထိုးနိုင်ခဲ့ဘူး။ လက်ရှိ အချိန်ထိတော့ ပြည်ထောင်စု အ စိုးရကနေ တစ်စုံတစ်ရာပြန်လည် ဆောင်ရွက်ဖြေရှင်းပေးဖို့ ညွှန် ကြားတာမရှိသေးပါဘူး” ဟု ပြော သည်။

ညှိနှိုင်းခြင်းဟူသည် နှစ်ဖက် လိုအပ်ချက်၊ လိုလားချက်များကို အဆင်ပြေအောင် ညှိနှိုင်းခြင်းဖြစ် သည့်အတွက် မိမိလိုချင်သည့်အရာ များအားလုံး ရရန်မဖြစ်နိုင်ကြောင်း လည်း ဦးလှိုင်ဝင်းကဆိုသည်။ ပုလိပ်စက်ရုံအလုပ်သမား ပြ ဿနာသည် အစိုးရသစ်လက်ထက် တွင် သက်တမ်းအရှည်ကြာဆုံး သပိတ်မှောက်မှုတစ်ခုဖြစ်ခဲ့ပြီး လမ်း လျှောက် ဆန္ဒပြမှုလည်း အကြိမ် ကြိမ်ဖြစ်ပေါ်ခဲ့သည့် သပိတ်တစ်ခု ဖြစ်သည်။ လက်ရှိတွင် စက်ရုံပြင်ပ၌ အ လုပ်သမား တစ်ရာကျော် သပိတ် မှောက်နေဆဲဖြစ်ကြောင်း သိရပြီး အလုပ်သမားအချို့မှာ စက်ရုံအ တွင်း အလုပ်ပြန်ဆင်းလျက်ရှိကာ စက်ရုံလည်း ပုံမှန်လည်ပတ်လျက် ရှိကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*