ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ ပြည်ထောင်စု အစိုးရကြားမှာကသိကအောက်တွေ ဖြစ်သွားမှာလည်း မဟုတ်ဘူးလို့ထင်ပါတယ်။ အခုလိုမျိုး အကြံပေးပုဂ္ဂိုလ်ဟာ အစုအဖွဲ့နဲ့ကို ခန့်ထားသင့်တယ်

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ ပြည်ထောင်စု အစိုးရကြားမှာကသိကအောက်တွေ ဖြစ်သွားမှာလည်း မဟုတ်ဘူးလို့ထင်ပါတယ်။ အခုလိုမျိုး အကြံပေးပုဂ္ဂိုလ်ဟာ အစုအဖွဲ့နဲ့ကို ခန့်ထားသင့်တယ်
January 20, 2017 Asian Fame

11:21 am
ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ ပြည်ထောင်စု အစိုးရကြားမှာကသိကအောက်တွေ ဖြစ်သွားမှာလည်း မဟုတ်ဘူးလို့ထင်ပါတယ်။ အခုလိုမျိုး အကြံပေးပုဂ္ဂိုလ်ဟာ အစုအဖွဲ့နဲ့ကို ခန့်ထားသင့်တယ်

per

ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အား ပြည်တွင်းပြည်ပအန္တရာယ်များနှင့် စပ်လျဉ်း၍ မဟာဗျူဟာရှုထောင့်မှ လေ့လာသုံးသပ်အကြံပြုနိုင်ရေးအတွက် အငြိမ်းစားသံအမတ်ကြီး ဦးသောင်းထွန်း အား ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုဝန်ကြီး ရာထူးနှင့် အဆင့်တူအဖြစ် သတ်မှတ်ကာ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁/၂ဝ၁၇ ဖြင့် ဇန်နဝါရီ ၁ဝ ရက်က ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံအစိုးရအဖွဲ့တွင် ယခင်က မရှိဖူးခဲ့သော ရာထူးနှင့်တာဝန်ဖြစ်လေ၏။ ထို့ကြောင့် ယင်းသို့ ခန့်အပ်တာဝန် ပေးအ ပ်ခြင်းအပေါ် အတွေ့အကြုံ ရှိသူ၊ နားလည်ကျွမ်းကျင်သူတို့၏ အမြင်များအား တင်ပြရသော်…

ဦးအောင်နိုင်ဦး
ဒုတိယ ဥက္ကဋ္ဌ
မွန်ပြည်နယ်လွှတ်တော်

ကျွန်တော် သိထားတာကတော့ အ ခြေခံဥပဒေအရ အမျိုးသား လုံခြုံရေးကောင် စီတစ်ခုပဲရှိတယ်။ သမ္မတ၊ ဒုတိယသမ္မတ ၂ ဦး၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယကာကွယ် ရေးဦးစီးချုပ်၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေး၊ နိုင်ငံခြားရေး အားလုံးပေါင်း ၁၁ ဦး။ ဒီလိုရှိတာကိုး။ ဒါကို ထပ်ပြီး အမျိုး သားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ထပ် ခန့်တယ်။ အစိုးရရဲ့ ရည်ရွယ်ချက်အသေး စိတ်ကို ကျွန်တော် နားမလည်ဘူး။ ကြေ ညာချက်ထဲမှာတော့ ပြည်ထောင်စုအစိုးရ အဖွဲ့ကို အကြံပေးရမယ်လို့တော့ ပါထား တယ်။ ဒီလိုဆိုရင် ကာကွယ်ရေးတို့၊ နယ်စပ် ရေးတို့၊ ပြည်ထဲရေးတို့ကလည်း ပြည်ထောင် စု အစိုးရအဖွဲ့ဝင်တွေဆိုတော့ သူတို့ကိုပါ ပေးရမှာလား။ ဒါလည်း သိပ်မရှင်းဘူးဗျ။ အခြေခံ ဥပဒေအရတော့ ဒီရာထူး၊ ဒီပုဂ္ဂိုလ် ကမလိုအပ်ဘူး။ သို့သော်လည်းပဲ လုပ်ငန်း အရ လိုအပ်လို့ ခန့်တယ်လို့ သုံးသပ်ပါတယ်။ နောက်ပြီး ဒီပုဂ္ဂိုလ်ဟာ စစ်တပ်နဲ့ဆက်နွှယ် မှုရှိခဲ့ဖူးတယ်။ နောက်ပြီး သံအမတ်ကြီး တာဝန်တွေလည်း ထမ်းဆောင်ခဲ့ဖူးတယ် ဆို တော့ သူဟာ အစိုးရအတွက် သင့်တော် မယ်။ ဒီလိုယူဆပြီး ခန့်လိုက်တယ်လို့ပဲ ပြော လို့ရတယ်။ ကျန်တဲ့ အပိုင်းတွေကိုတော့ သုံး သပ်ဖို့ရာ ခဲယဉ်းပါတယ်။

ဦးအောင်ကြည်
ဝန်ကြီးဟောင်း

ဦးသောင်းထွန်းကို လုပ်ဖော်ကိုင်ဖက် အနေနဲ့ ဆက်ဆံဖူးပါတယ်။ ဘာသွားတွေ့ ရလဲဆိုတော့ သူဟာ လူတော်တစ်ယောက် ပါ။ ဒီတာဝန်နဲ့လည်း ကိုက်ညီမှု ရှိပါတယ်။ သူ့ရဲ့ နောက်ထပ် အားသာချက်တစ်ခုက နိုင်ငံတကာအမြင် အများကြီးရှိတယ်။ ကျွန် တော်တို့နိုင်ငံရဲ့ ပထဝီအနေအထားအရ အ ခုအချိန်တွေမှာ ကျွန်တော်တို့ နိုင်ငံအပေါ် မှာ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ အခုအခြေအနေကလေ ဒီမိုကရေစီလှိုင်း။ အဲဒီလှိုင်းဟာ ဘေးအန္တရာယ်များတဲ့ ပုံစံ ရောက်လာနိုင်တယ်။ ကမ္ဘာ့ဖြစ်စဉ်တွေက လည်း ဒီအတိုင်းပဲခန့်မှန်းနေကြတယ်။ ခုအ ခြေအနေက အပြောင်းအလဲကာလလေ။ ဒီ လို အခြေအနေမျိုးမှာ နိုင်ငံတကာရေးရာ၊ ကမ္ဘာ့ရေးရာတွေကို အမြဲမပြတ် စောင့်ကြည့် နေရမယ်။ လစ်ဟာသွားလို့ မရဘူး။ တချို့ တွေက မလိုအပ်ဘူးလို့ ထင်ကောင်းထင် ပေမယ့်လို့ ယခုလည်းလိုပါတယ်။ ယခင်က လည်း လိုပါတယ်။ နောင်လည်း လိုဦးမယ်။ ကျွန်တော်တို့ နိုင်ငံဟာ အခုအချိန်မှာ ယခင်ကထက် ပိုပြီးတော့ အရေးပါလာပါ တယ်။ ကမ္ဘာကလည်း အလေးထားပြီး စောင့်ကြည့်ပြောဆိုတာတွေ လုပ်ပါတယ်။ ဒီတော့ ပြည်တွင်းလုံခြုံရေး၊ ဒါ့အပြင် ပြည် တွင်းပြည်ပ အန္တရာယ်များနဲ့ စပ်လျဉ်းပြီး တော့ နိုင်ငံက အစဉ်အမြဲ သတိရှိဖို့ လိုပါ တယ်။ ဒီရာထူး ခန့်လိုက်လို့ ဒီကိစ္စနဲ့ ပတ် သက်ပြီး တပ်မတော်နဲ့ ပြည်ထောင်စုအစိုးရ ကြား ကသိကအောက်တွေ ဖြစ်သွားမှာလည်း မဟုတ်ဘူးလို့ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ခုရာထူးဟာ အကြံပေးရာထူးပါ။ ယူလို့လည်း ရတယ်၊ မယူလို့လည်း ရတယ်။ အကြံပေးချက်တွေ အများကြီး ရှိလာတော့ အများကြီး စဉ်းစားလို့ ရတာပေါ့။ ဒါဟာ တပ်မတော်အပေါ်ကိုရော၊ ပြည်ထောင်စု အစိုးရအတွက်ရော အကျိုးရှိတယ်လို့ ထင် ပါတယ်။ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံ ရေးကောင်စီကတော့ ဆုံးဖြတ်ချက်တွေ ချ မှာပေါ့။ ကျွန်တော့်အမြင် ပြောရရင် အခု လိုမျိုး အကြံပေးပုဂ္ဂိုလ်ဟာ တစ်ဦးတည်း တော့ မဟုတ်ပါဘူး။ အစုအဖွဲ့နဲ့ကို ခန့်ထား သင့်တယ်လို့ မြင်ပါတယ်။

ဦးရဲထွန်း
ပထမအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်

ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက နိုင်ငံရေး၊ စီးပွားရေးနဲ့ပတ်သက်ပြီး အကြံ ပေးတွေ ခန့်တာရှိပါတယ်။ သို့သော်လည်း အကြံပေးတွေကို ရုံးစာရေးလစာလောက် ပေးပြီး ခန့်တယ်။ ဒါဟာ သူတို့ထဲက ပေါက် ထွက်လာတဲ့ စကားနော်။ နောက်ပြီး အကြံ ပေးတွေ အများကြီးဖြစ်ပြီး ဖောင်းပွသွား တယ်။ အကြံပေးတွေ၊ အကြံပြုတာတွေ ယခင်အစိုးရအဖွဲ့က လိုက်လုပ်တာ၊ မလုပ် တာတော့ ကျွန်တော် မသိဘူး။ ဒါကတော့ ပြီးခဲ့တဲ့ လက်ထက်ကဖြစ်တာ။ အခု အစိုးရ သစ်လက်ထက်မှာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အကြံပေးပုဂ္ဂိုလ်ခန့်အပ်လိုက်တယ်။ ဒါဟာ ခန့်အပ်တဲ့ ရာထူးလို့မြင်တယ်။ အရင်နဲ့မတူ တာက ဘာလဲဆိုတော့ အရင်တုန်းက အ ကြံပေးတွေကို ဆက်ဆံသလိုမျိုး မဟုတ်ဘဲ နဲ့ ပြည်ထောင်စုဝန်ကြီးအဆင့် ရာထူးပေးပြီး ထိုက်ထိုက်တန်တန်ခန့်အပ်လိုက်တယ်။ တူ တူတန်တန် နေရာပေးတယ်။ ဒါကတော့ ထူးခြားတဲ့ အဖြစ်အပျက်ပဲ။ နောက်တစ်ခု က ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြောမယ်ဆို ရင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေကို ခန့် အပ်မယ်ဆိုရင်
လွှတ်တော်ရဲ့သဘောတူညီ မှုရအောင်ယူရမယ်။ ဒါက ဥပဒေအရပေါ့ လေ။ လက်ရှိ အစိုးရက လွှတ်တော်ရဲ့ သဘောကို မယူဘူးဖြစ်နေတယ်။ ယူရင် တော့ ပိုကောင်းတာပေါ့ဗျာ။ ကျွန်တော့် အမြင်ပြောရရင် အစိုးရသစ်ခန့်အပ်လိုက် တဲ့ အခု အကြံပေးပုဂ္ဂိုလ်ဟာ တစ်ယောက် တည်းနဲ့ မလုံလောက်ပါဘူး။ အဖွဲ့ဝင်တွေ လည်း ရှိဖို့လိုအပ်သေးတယ်။ သူ့အောက် မှာ စီးပွားရေး၊ နိုင်ငံရေး စသဖြင့်ပေါ့လေ။ ဒီဟာတွေပါ ထားသင့်တယ်လို့ အကြံပြု တင်ပြလိုပါတယ်။

ဦးစိုးဌေး
ဗိုလ်မှူးချုပ် (ငြိမ်း) နှင့်
ကောင်စစ်ဝန်ချုပ်ဟောင်း

ဒီရာထူးမျိုးက နိုင်ငံတကာမှာထားကြသလို မြန်မာနိုင်ငံမှာလည်း ထားတယ်လို့ မြင်ပါတယ်။ အဲဒီရာထူးမျိုး ရတဲ့သူက နိုင်ငံ တော်ရဲ့ အကျိုးစီးပွားကို ဦးထိပ်ထားပြီး မဟာဗျူဟာကျကျ လေ့လာသုံးသပ် အကြံ ပြုပေးကြရပါတယ်။ တပ်မတော်ရဲ့ အကျိုး စီးပွားတစ်ခုတည်းကိုပဲ ကြည့်ပြီးလုပ်လို့ ရ တဲ့ နေရာလည်း မဟုတ်ပါဘူး။ ဒါ့ကြောင့် ပြည်တွင်းအတွေ့အကြုံ၊ ပြည်ပအတွေ့အ ကြုံ ရှိတဲ့သူမျိုးတွေကို တာဝန်ပေးအပ်လေ့ ရှိကြပါတယ်။ အမေရိကတို့၊ ဥရောပတို့ မှာဆိုရင်တော့ အရပ်သားတွေကို ဒီရာထူး ပေးလေ့ပေးထရှိပါတယ်။ အချို့ကလည်း ဗိုလ်ကြီးဟောင်း၊ ဗိုလ်မှူးဟောင်းတွေ လုပ် ခဲ့ဖူးတာတွေတော့ ရှိတာပေါ့။ အရှေ့ပိုင်းကျ တော့ တပ်မတော်သားဟောင်းတွေကို ပေး တာများပါတယ်။ အခု အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ဦးသောင်း ထွန်းဟာ အလွန်တော်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ သိထားရပါတယ်။ သူဟာ ပြည်တွင်းပြည်ပ အန္တရာယ်များနဲ့ စပ်လျဉ်းပြီး မဟာဗျူဟာ ရှုထောင့်ကနေ လေ့လာသုံးသပ် အကြံပြု နိုင်သွားမှာပါ။

ဦးမြင့်စိုး
ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း)

ပြည်ထောင်စု အစိုးရအဖွဲ့က နေပြီး တော့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းကို ခန့်အပ်လိုက်တဲ့ အပေါ် ကျွန်တော့်ဘက်က မှတ်ချက်ပြုစရာ တစ်စုံတစ်ရာ မရှိပါဘူး။ ဘာပဲပြောပြော ဒီ ရာထူးဟာ ရှိသင့်ရှိထိုက်တဲ့ ရာထူးမျိုးပါ။ လိုလည်းလိုအပ်ပါတယ်။ လိုအပ်လို့ ခန့် တယ်လို့လည်း ယူဆပါတယ်။ နိုင်ငံတကာ အမြင်တွေ၊ ပြည်တွင်း ဆက်ဆံရေးတွေမှာ ဒီရာထူးဟာ ရှိသင့်ပါတယ်။

ဒေါ်ဒွဲဘူ
ပထမအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်

ယေဘုယျအားဖြင့် သူ့ကို ခန့်တဲ့ကိစ္စ ကို မပြောလိုပါဘူး။ ပြောချင်တဲ့ကိစ္စကတော့ နိုင်ငံမှာ အရင်က မရှိခဲ့တဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူး၊ အရင်ကမရှိခဲ့တဲ့ ပြည်ထောင် စုအဆင့် အကြံပေးပုဂ္ဂိုလ်တွေ နိုင်ငံမှာရှိ လာပြီ။ ဒီတော့ ကျွန်မတို့ နိုင်ငံကြီး ပြောင်း လဲသွားပြီလား။ ဒါကို မေးချင်ပါတယ်။ ဒါက အရေးကြီးဆုံးပါ။ ဘယ်လို ပုဂ္ဂိုလ်မျိုးပဲ လာလာ၊ ဘယ်လို ပုဂ္ဂိုလ်မျိုးပဲ အုပ်ချုပ် အုပ် ချုပ် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့၊ ငြိမ်းချမ်းဖို့က အရေးကြီးဆုံးပါ။ ကျွန်မ ပြောချင်တဲ့စကား တစ်ခု ရှိပါတယ်။ အဲဒါကတော့ အခုခန့် အပ်လိုက်တဲ့ ပုဂ္ဂိုလ်ရဲ့နောက်ကြောင်းကိစ္စ။ ကျွန်မတို့ နိုင်ငံဟာ လုပ်ခဲ့တဲ့၊ ပြုလုပ်ခဲ့တဲ့ အရာတွေက အမြဲပဲ လွှမ်းမိုးတယ်။ သူ အခု ဘာလဲဆိုတာထက် သူအရင်တုန်းက ဘာလဲ ဆိုတာကို ကြည့်ကြတယ်။ သူဟာ ပြောင်း လဲသွားပြီလား၊ ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိ သွားပြီလား ဒါတွေကို မကြည့်ကြဘူး။ ဟုတ် ပြီ။ အခုလူကရော သူ့ရဲ့နောက်ကြောင်းက ဘာပဲရှိခဲ့ရှိခဲ့ ပြုပြင်နိုင်ပြီလား၊ ပြောင်းလဲ နိုင်ပြီလား။ ဒါကို ကြည့်ရမယ်။ မပြုပြင်နိုင် ဘူး၊ ဒါကို မပြောင်းလဲနိုင်ဘူး ဆိုရင်တော့ အကြံပေးခန့်လည်း ငြိမ်းချမ်းရေးဟာ အ လှမ်းဝေးနေမှာပါ။ အခု အမျိုးသား လုံခြုံ ရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဟာလည်း တိုင်းရင်းသားရေးရာဝန်ကြီးလို ပျောက်မ နေဖို့ လိုတယ်။

ပေါ်ပြူလာနယူးစ်အဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*