ရှမ်းတောင်သို့ လာရောက်သော ခရီးသွားများအတွက် ညောင်ရွှေ ညဈေး စဖွင့်

ရှမ်းတောင်သို့ လာရောက်သော ခရီးသွားများအတွက် ညောင်ရွှေ ညဈေး စဖွင့်
January 19, 2017 Asian Fame

4:50 pm
ရှမ်းတောင်သို့ လာရောက်သော ခရီးသွားများအတွက် ညောင်ရွှေ ညဈေး စဖွင့်

မေဇင်ဝင်း
ရန်ကုန်၊ ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်းသို့ လာရောက်သော ခရီးသွားများအတွက် ညဈေးကို ညောင်ရွှေမြို့နယ် ကျောက်တိုင်ကွင်းတွင် ဇန်နဝါရီ ၇ ရက်မှ စတင် ဖွင့်လှစ်ပေးနေ ကြောင်း သိရသည်။ စားသောက်ဆိုင်များ၊ အမှတ် တရပစ္စည်း အရောင်းဆိုင်များ အပါအဝင် ဆိုင်ခန်းပေါင်း ၄၈ ဆိုင် ဖြင့် စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး မွန်းလွဲ ၃ နာရီမှ ည ၁၁ နာရီအထိ နေ့စဉ် ဖွင့်လှစ်ရောင်းချပေးနေ ကြောင်း ရှမ်းပြည်နယ်ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင် က ပြောသည်။

”စားသောက်ဆိုင် လုပ်ငန်း ရှင်များအသင်းက အသင်းဝင်တွေ ရော၊ အပြင်ကလူတွေပါ ရောင်းချ ကြတာပါ။ နိုင်ငံခြားသားဧည့်သည် တွေလည်း တော်တော်လာကြပါ တယ်။ လွတ်နေတဲ့ ဆိုင်ခန်းတွေ လည်းရှိပါတယ်။ အဲဒါတွေကို တော့ ညဈေး ဖြစ်မြောက်ရေး ကော်မတီက စိစစ်ပြီးတော့ နေရာချထားပေးမှာပါ” ဟု ၎င်းက ပြော သည်။ ဆယ်ပေပတ်လည် ဆိုင်ခန်း တစ်ခန်းလျှင် ငှားရမ်းခအဖြစ် တစ်နှစ်လျှင် ကျပ်တစ်သိန်းနှစ် သောင်းနှုန်း ကောက်ယူခြင်းဖြစ်ပြီး ပိတ်ရက်မရှိ တောက်လျှောက် ဖွင့် လှစ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း – MRA (ညောင်ရွှေ/အင်းလေးဇုန်) ဥက္ကဋ္ဌ ဦးမျိုးမင်းဇော်က ”စားသောက် ဆိုင်က ဒေသအစားအစာရော အ နောက်တိုင်း အစားအစာဆိုင်တွေ ရောပါပါတယ်။ ဧည့်သည်တွေလည်း တော်တော် စိတ်ဝင်စားကြတာတွေ့ရတယ်။ ဆိုင်တိုင်းနီးပါး ရောင်းရတယ်” ဟု ပြောသည်။ နောက်ပိုင်းတွင် ရုပ်သေး၊ ရိုး ရာကပွဲစသည့် ဖျော်ဖြေရေး အစီ အစဉ်များ ထည့်၍လည်း လုပ် ဆောင်သွားမည် ဖြစ်ကြောင်း၊ စင်များ ဆောက်ရဦးမည်ဖြစ်၍ ဖျော် ဖြေရေး အစီအစဉ်များကိုလာမည့် နှစ်ခရီးသွားရာသီမှ စတင်လုပ် ဆောင်နိုင်ဖွယ်ရှိကြောင်း ၎င်းက ပြောသည်။လက်ရှိတွင် ညဈေးသို့ နေ့စဉ်လာရောက်သည့် ပြည်ပဧည့် ပျမ်း မျှ ၂ဝဝဝ ဝန်းကျင် ရှိနေကြောင်း MRA (ညောင်ရွှေ/အင်းလေးဇုန်) မှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*