ရန်ကုန် စာအုပ်လမ်းအစ

ရန်ကုန် စာအုပ်လမ်းအစ
January 19, 2017 Asian Fame

3:34 pm
ရန်ကုန် စာအုပ်လမ်းအစ

bookယခင် ကတော့ စာပေ ချစ်မြတ်နိုးသူများ အတွက် ပန်းဆိုးတန်းလမ်းနှင့် ထိုအ နီးတစ်ဝိုက်သည် စာအုပ်အ ဟောင်း၊ အသစ် နှစ်သက် ရာ ရွေးချယ်နိုင် ခဲ့သည့် နေရာဖြစ် သည်။ စာအုပ်ဟုဆိုလျှင် ကျန်းမာ ရေး၊ ပညာရေး၊ နိုင်ငံရေးမှစ၍ ရှားပါးစာအုပ်များကိုပင် ထိုလမ်း တစ်ဝိုက်တွင် ရှာဖွေစုံစမ်း ဝယ်ယူ နိုင်ကြသည်အထိ စာအုပ်နှင့် ပတ် သက်လျှင်  လိုတရလမ်း အဖြစ်ရှိခဲ့ သည်။ ထိုမှတစ်စတစ်စဖြင့် ရန် ကုန်၏ ဈေးနှုန်း ကြီးမြင့်မှုများတွင် စာအုပ်ဆိုင်ခန်း ဖွင့်လှစ်ရောင်းချ ရန် နေရာသည်လည်း ပါဝင်လာခဲ့ သည်။ စာအုပ်ဆိုင် ဖွင့်ရန် အတွက် နေရာငှားရမ်းစရိတ် ကြီးမြင့်လာမှု ကြောင့် ပန်းဆိုးတန်းလမ်းတစ်ဝိုက် တွင် စာအုပ်ဆိုင်များ နည်းလာခဲ့ သည်။ ထို့ပြင်ထို လမ်းမကြီးဘေး တွင် ရောင်းချသည့် စာအုပ်ဆိုင် များသည်လည်း ခေတ်စနစ်အ ပြောင်းအလဲတွင် တစ်စတစ်စနည်း ပါးလာခဲ့သည်။

ခုတော့ဖြင့် သင် မည်သည့် စာအုပ်ကို ဖတ်ချင်ပါသလဲ.. မည် သည့် စာအုပ်ဆိုင်တွင် ရွေးချယ် ဝယ်ယူလိုပါလဲ။ စာအုပ်အဟောင်း လား၊ အသစ်လား၊  ဥပဒေ စာအုပ် လား၊ ကာတွန်းကိုမှနှစ်သက် မြတ် နိုးသလား၊ နိုင်ငံရေးကိုပဲ စိတ်ဝင် စားတာလား၊ မိမိအိမ်တွင် ဆောင် ထားရန် အတွက် ကျန်းမာရေးဆိုင် ရာ စာအုပ်များ ဝယ်ယူလိုတာလား မိတ်ဆွေနှင့်စာအုပ်လမ်းရောက် တုန်း လက်ဆောင်ဝယ်ပေးလိုသ လား၊ ထိုသို့သော လိုအပ်ချက်များ အတွက် ရန်ကုန်စာအုပ်လမ်းသည် ဖြည့်ဆည်းပေးရန် အသင့်ဖြစ်လို့ နေသည်။

 ပြန်ကြားရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုအောက်တွင် မြန်မာ  နိုင်ငံ စာပေ ထုတ်ဝေသူနှင့် ဖြန့်ချိ သူများ အသင်းမှ ဦးစီး၍ ဇန်နဝါရီ ၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သော ရန်ကုန်စာအုပ်လမ်းသည် စာအုပ် ဆိုင်ပေါင်း ရာကျော်ဖြင့် လှုပ်ရှား သက်ဝင်နေပြီဖြစ်သည်။ ထိုလမ်း ထက်တွင် စာပေလောက၊ စိတ်ကူး ချိုချို၊ ကံ့တော်ဝတ်ရည်၊ ဆုပြည့် စုံထွန်း၊ ကောင်းသန့် စသည့် စာအုပ်ဆိုင်ကြီးများကိုသာမက အုန်းစော၊ အောင်သူ၊ ပွကြီး စ သည် ဖြင့် စာအုပ်အ ဟောင်းများကို အဓိကရောင်းချ သည့် စာအုပ်ဆိုင်များ၊ ဥပဒေစာ အုပ်များကို အသားပေးရောင်းချ သည့်  ‘ခရေဖူး’ ကဲ့သို့ စာအုပ်ဆိုင် များ လည်းရှိသည်။ တစ်ထောင်ဖိုး ဘယ်နှအုပ်ဟု ဆိုင်းဘုတ် ဆွဲကာ ရောင်း ချသည့် စာအုပ်ဆိုင်လေး များသည်လည်း အပြိုင်အဆိုင် ရွေးနေကြသည့်ပရိသတ်များနှင့် အလုပ်ဖြစ်လို့နေသည်။

စာအုပ် လမ်းလေး၏ ပရိသတ် သည် နည်းလှသည့်အင်အားမ ဟုတ်။ ပွဲတော်တစ်ခုအလား လာ ရောက် အားပေးနေသည့် ပရိသတ် သည် နိုင်ငံ တွင်း၌စာချစ်သူများစွာ ရှိနေကြောင်း သက်သေထူ၍နေ ပေသည်။ စာအုပ်စာပေချစ်မြတ်နိုး သူများမှာလည်း အရွယ်စုံပင်။

စာပေ ချစ်မြတ်နိုးသူတွေ ရဲ့ မှတ်ချက်

သင်္ဃန်းကျွန်း မှ စာအုပ်လာ ဝယ်သည့် အဝေးသင် တက္ကသိုလ် တက်ရောက်မည့် လူငယ် တစ်ဦး ဖြစ်သူ မောင်အောင်ကောင်းမြတ် က ”သူငယ်ချင်းပြောလို့ သိပြီးလာ ဖြစ်တာပါ။ စုံထောက် ဝတ္ထုနဲ့ ဂမ္ဘီရ ဝတ္ထုတွေ ကြိုက်လို့ ဝယ်ဖြစ်တယ်။ ဒီလိုလေးရှိတာ အရမ်း ကောင်းပါ တယ်” ဟုဆိုသည်။

ယခုရက် များတွင် စာအုပ် လမ်းဘေးရှိ အတွင်းဝန် များရုံးတွင် ပြုလုပ်လျက်ရှိသော ‘ရေမြေအဆုံး နေရာထိ တိုင်အောင်’ အမည်ရှိအနု ပညာပြပွဲသို့ လာရောက် သူများက လည်း စာအုပ်ဆိုင်များ သို့ဝင်ရောက် လေ့လာ ဝယ်ယူကြသည်ပင်။

‘ရေမြေအဆုံး နေရာထိတိုင် အောင်’အနုပညာပွဲသို့ လာရောက် သည့် တက္ကသိုလ် ကျောင်းသား  မောင်ကျော်ဖြိုးဝေ တို့ သူငယ်ချင်း များသည်လည်း စာအုပ်လမ်းတွင် ဝင်ရောက်လေ့လာ ဝယ်ယူနေကြသည်။ စာအုပ်လမ်း အတွက် သူတို့ပေးသည့် မှတ်ချက် မှာ ”စာအုပ်တွေ အများကြီးဆို တော့ ကျေနပ်တယ်။ ဗဟုသုတ အ များကြီးရမယ့် နေရာပါ” ဟူ၍ ဖြစ်သည်။
သင်္ဃန်းကျွန်း မြို့နယ်မှ စာ အုပ်လာဝယ်သူ တစ်ဦးကလည်း တစ်နှစ် စာချုပ်ထားသည့် ရွှေသွေး စာအုပ်များကို မြေးလေးများ အတွက် ဝယ်ယူရင်း သူ့အတွက်လည်း ဖတ်စရာ စာအုပ်များ ဝယ်ယူ သွား ဦးမည်ဟု ဆိုသည်။

”မြေးလေးတွေအတွက် အင်္ဂ လိပ်လိုရော မြန်မာလိုပါ ဖတ်စေ ချင်လို့ ရွှေသွေးဝယ်တာပါ။ မြေး တွေက ၇ နှစ်နဲ့ ၅ နှစ်ပါ။ အန်တီ တို့ လူကြီး အကြိုက်လည်း ဝယ် သွားမှာပါ” ဟု ဆိုသည်။

စာပေ ချစ်မြတ်နိုးသူများသည် မည်သည့်နေရာ ရောက်ရောက် ရောက်သည့်နေရာတွင် ရသည့် နည်းလမ်းဖြင့် စာဖတ်ကြသည်ပင်။ စာပေကို ချစ်၍ စာပေ၏ တန်ဖိုးကို သိ၍ ထောင်တွင်း၌ ပင်ရရာ သတင်းစာ အပိုင်းအစ များကို မွတ် သိပ်ဆာလောင်စွာ ဖတ်ခဲ့ကြသူ များလည်း ရှိကြသည်။ ထိုသူတို့အ နက် တစ်ယောက်ဖြစ်သည့် သင်္ဃန်း ကျွန်း မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ် စားလှယ် ဦးနေမျိုးကျော် (ခ) နေ ဘုန်းလတ်က ”အထဲမှာတုန်းက စာဖတ်ခွင့်ရတဲ့ အချိန်ရှိတယ်။ မရတဲ့အချိန် ရှိတယ်။ စာအုပ်ဖတ် ခွင့်မရတဲ့ အချိန်တုန်း ကဆို ဆေး လိပ်ဖင်ဆီခံက စာရွက်လေးတွေ ကို ဖြဲပြီးတော့ အဲ့ဒီထဲက တစ်ပိုင်းတစ် စစာလေးတွေကို ဖတ်တာတို့၊ နံရံ ပေါ်မှာ သူများ တွေ ရေး ထားတဲ့စာတွေ ဖတ် တာတို့ဒီလောက် ပဲရခဲ့ပါတယ်” ဟု စာဖတ်ချင်သည့် စိတ်ဖြင့် ကြိုးစား ခဲ့ရပုံ ကို ပြန်ပြောင်းပြောပြ သည်။

စာဖတ်ခြင်း အကျိုးကျေးဇူး များကား ပြော၍ ကုန်နိုင်မည် မ ဟုတ်ပေ။ ငယ်စဉ်ကပင် ရင်းနှီးခဲ့ပြီး ဖြစ်သည့် ရှင်မဟာရဋ္ဌသာရ ၏ ‘ဆုံးမစာကဗျာ’ တွင် စာဖတ်ခြင်း နှင့်ပတ်သက်၍ အကျိုးကျေးဇူးနှင့် စာဖတ်ခြင်း၏ အဓိပ္ပာယ်ကို ရေး ဖွဲ့ထားသည်မှာ –
‘မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို
ရှာ၍မပြတ်၊ အိမ်တွင်ဖတ်
ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင် သိမြင်ကင်းကွာ၊
မလိမ္မာလည်း စာပေစကား၊
နေ့တိုင်းကြားက ထူးခြားလိမ္မာ၊
ရှိသည်သာတည့်။’ ဟု ရေး သား ဆုံးမ ထား သည်ပင်။

စာအုပ်တစ် အုပ်သည် မိသားစု တစ်ခုလုံး အတွက် အသိ အလိမ္မာဖြစ် စေသည်။ ထိုထက် မက ပိုသော စာအုပ် များကို စာအုပ် လမ်းတွင် ကြိုက် ရာ ရွေးချယ် ဝယ် ယူခွင့်ရှိသည့် အ ကျိုးကျေးဇူးများ သည် ရေတွက်နိုင် မည် မဟုတ်ပေ။ စာအုပ်လမ်း ဖွင့် လှစ်ရခြင်းနှင့် ပတ်သက်၍ ပြန် ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် က ”မြန်မာစာပေ ဖွံ့ဖြိုး တိုးတက် ရေးအတွက်ပါ။ စာပေ ဖွံ့ဖြိုးတိုး တက်ဖို့ဆိုရင် စာရေးသူတွေများ ဖို့၊ စာဖတ်သူတွေ များဖို့၊ စာအုပ် ဆိုင်တွေများဖို့ လိုပါတယ်။ အဲဒီ လို ရည်ရွယ်ချက်တွေ နဲ့ စာတမ်း ဖတ်ပွဲတွေ၊ စာအုပ်ဈေးရောင်းပွဲ တွေကို လုပ်ခဲ့တယ်။ အခု ဒီနေရာ လေးက လူနေအိမ်တွေ နဲ့လည်း နည်းနည်းလှမ်းတော့ စာအုပ်နဲ့ ပတ်သက်တဲ့ သီးသန့် ဈေးတန်း လေးဖြစ်ပြီး စာဖတ် ဝါသနာပါသူ တွေ၊ စာသမားတွေ တွေ့ဆုံကြ၊ ဆွေးနွေးကြ၊ စာအုပ်ဝယ်ကြနဲ့ ဖြစ် အောင် ဖွင့်လှစ်ပေးဖြစ်ခဲ့တာပါ” ဟုပြောသည်။

ဆိုင်ရှင်တွေက ဒီလိုပြောတယ်

ဖွင့်လှစ်ထားသည့် စာအုပ် ဆိုင်များနှင့် အမှတ်တရဆိုင်များ သည် ရောင်းအား ကောင်းသဖြင့် စနေ-တနင်္ဂနွေထက် ပိုသော ရက် များတွင် လည်း ဖွင့်လှစ်ပေးထား စေချင်သည့် ဆန္ဒရှိကြသည်။ တစ် ရက်လျှင် သိန်းဂဏန်းရောင်းချရ သည်ဟုလည်း ဆိုကြသည်။

၃၇ လမ်းတွင် နေ့စဉ်စာအုပ် အဟောင်း ရောင်းချသည့် အောင် သူ စာအုပ်ဆိုင်မှ ဆိုင်ရှင်က ”ဒီ မှာ ပိုအဆင်ပြေ တာပေါ့။ နေ့ တိုင်း ဖြစ်ရင်တော့ ပိုကောင်းတာပေါ့။ ရောင်းအားက ဒီမှာက ပွဲလိုဖြစ် နေတော့ ပိုပြီးတော့ရောင်းရတယ်” ဟု ဝယ်ယူသူကို ပိုငွေပြန် အမ်းရင်း ရောင်းအား အခြေအနေနှင့် သူ၏ ဆန္ဒကိုပြောပြသည်။

စိန်စင်္ကြာ အမှတ်တရ ပစ္စည်း အရောင်းဆိုင် ကတော့ စာအုပ် လမ်းတွင် အမှတ်တရ ပစ္စည်းများ ရောင်းရသည်မှာ ရောင်းကောင်း ပြီး စာအုပ် ဆိုင်များ ရောင်းချသည့် ပတ်ဝန်းကျင် ဖြစ်သောကြောင့် ၄င်းတို့ဆိုင်မှ လွယ်အိတ်များ ရောင်းအား ကောင်းသည်။ သို့ သော် ဤနေရာတွင် ကျန်းမာရေး အတွက် သန့်စင်ခန်း အသုံးပြုရန် စီစဉ် ပေးထားသည်မှာ အခက်အ ခဲ ရှိနေသေးသည်ဟု ဆိုသည်။

”ယောက်ျားလေးတွေက တော့ အဆင်ပြေရင် ပြေ နိုင်ပေမယ့် ဒီ က အများသုံး သန့်စင်ခန်း က မိန်းက လေးတွေအ တွက် အဆင်မပြေ ဘူး။ ဒီတော့ ဗိုလ်အောင် ကျော်လမ်း ထောင့်က အများသုံး သန့်စင် ခန်းကိုပဲသွားရတယ်” ဟု ဆိုသည်။

ဦးနေဘုန်းလတ် ကတော့ဖြင့် စာအုပ်လမ်းအပေါ် မှတ်ချက်ပြုသည်မှာ ”ရန်ကုန်မှာ လုပ်တာ လည်း ကောင်းတယ်။ ကျွန်တော် ဖြစ်စေ ချင်တာကတော့ နယ်တွေ မှာပါ ဖြစ်စေချင်တာပါ။ ဒီလိုပုံစံနဲ့ စာဖတ်ရှိန် မြှင့်မယ် ဆိုရင် နယ် တွေမှာလည်း လုပ်သင့်ပါတယ်။ ရန်ကုန် တစ်ခုတည်း ကတော့ အ ဆင်မပြေဘူး” ဟုဆိုသည်။

စာအုပ်တန်းတွင် ဝယ်ယူနေသည့် ကရင်ပြည်နယ် ပအိုဝ်းတိုင်း ရင်းသားရေးရာ ဝန်ကြီးဟောင်း ခွန်သန်းမြင့်ကလည်း ”အခု လော လော ဆယ် ဝယ်ပြီးတာ တစ် သောင်းခွဲ ဖိုးလောက်ရှိပြီ။ စာအုပ် တန်းက မဆုံးသေးဘူး ဆိုတော့ ထပ်ဝယ်ဖြစ်ဦးမယ် ထင်တယ်။ အ ရင်က ထွက်ခဲ့တဲ့ စာအုပ်အ ဟောင်းတွေကိုလည်း လိုချင်သေးတယ်။ ဦးတို့ ဘားအံမှာလည်း ဒီ လိုမျိုးရှိစေချင်တယ်” ဟု မှတ်ချက် ပေးသည်။

မည်သို့ဆိုစေ ရန်ကုန်စာအုပ် လမ်း ဖွင့်လှစ် လာခဲ့သည်မှာ ယခု ဆိုလျှင် နှစ်ပတ်မြောက် အထိ ခရီးရောက်ခဲ့ပြီဖြစ်သည်။ ပွင့်လင်း ရာသီတစ်လျှောက် ခရီးဆက်နေဦး မည်ဖြစ်သည့် စာအုပ်လမ်းကို နံ နက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးလျက် ရှိသည်။ နှစ် ပတ်မြောက်သည့်တိုင် အားပေး သည့်ပရိသတ် အင်အားသည် လည်း လျော့သွားခြင်း မရှိသေး။ လာခြင်းကောင်းသော စာအုပ် လမ်းလေးကို နွေးထွေးစွာ ဆက် လက် ကြိုဆိုရင်း အဓွန့်ရှည် ရေးကိုဖြင့် အားလုံးက  ဝိုင်းဝန်း ပံ့ပိုးပေးရန်လည်း လိုလိမ့်မည် ဖြစ် သည်။

အိမ်စည်စိုးစံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*