တို့ပိုင်တဲ့မြေ၊ တို့ပိုင်တဲ့ငွေ

တို့ပိုင်တဲ့မြေ၊ တို့ပိုင်တဲ့ငွေ
January 19, 2017 Asian Fame

2:27 pm
တို့ပိုင်တဲ့မြေ၊ တို့ပိုင်တဲ့ငွေ

kyunit မြန်မာနိုင်ငံ၏ ရှေ့တန်းစစ် မြေပြင် တစ်နေရာတွင် မည်သည့် ဘက်ကမဆို သေနတ်တစ်ချက် ပစ်ဖောက်လိုက်ပြီ ဆိုပါက ကျွန် တော်၏ အိတ်ကပ် ထဲရှိ ငွေအသပြာ အချို့ ပွန်းပဲ့ သွားစမြဲ ဖြစ်သည်။ စစ်ဆင်ရေး နယ်မြေတစ်ခု အတွင်း တံတားတစ်စင်း မိုင်းခွဲခံရ၍ ပြိုကျ ပျက်စီး သွားပြီဆိုလျှင်လည်း ကျွန် တော်၏ အိတ်ကပ် ထဲမှ ငွေစ အချို့ ခုန်ထွက်ပျံ့လွင့်ပျောက်ကွယ် သွား ရပြန်သည်။ အပြစ်မဲ့ အရပ် သား ပြည်သူ တစ်ယောက် တိုက်ပွဲကြား မှာ သေနတ်မှန်၍ နီးရာ ဆေးရုံသို့ အရေးပေါ်ကြပ်မတ် ကုသပေးရပြီ ဆိုလျှင်လည်း ကျွန်တော့် အိတ်ကပ် ထဲ ငွေကြေး အချို့ယုတ်လျော့ကုန် ပျောက်သွား ရပြန်ပါသည်။

နိုင်ငံတော် တစ်ခု၏ ကာကွယ် ရေးအတွက် အမြဲတမ်း တပ်မတော် တစ်ရပ် မရှိမဖြစ် လိုအပ်ကြောင်း ကို ရှေးပဝေသဏီ ကာလ ဂရိတွေး ခေါ်ရှင် ‘ဆော့ခရတ္တိ’ Socrates  (၄၆၉-၃၉၉ ဘီစီ) က အခိုင်အမာ အဆိုပြုခဲ့ပြီးဖြစ်သည်။ ဆော့ခရတ္တိ မတိုင်မီ ကလည်း သူ၏ အယူအဆ မျိုး ရှိခဲ့နိုင်သည်။ ယနေ့ခေတ်မှာ တော့အတူတကွ စဉ်းစားစရာမလို။ ငြိမ်းချမ်း သာယာသော နိုင်ငံငယ် ကလေး များမှာပင် တပ်မတော် တစ်ရပ်ရပ် ရှိနေကြသည်။ စဉ်းစား ကြရန်မှာ တပ်မတော် တစ်ရပ်ရပ် ကို မည်သည့် ဘဏ္ဍာဖြင့် အရင်း အနှီးပြု၍ ထူထောင် အသက်သွင်း ထားသနည်းဟူသော မေးခွန်းဖြစ် သည်။ တပ်မတော်သည် နိုင်ငံတော် ဘဏ္ဍာ ငွေကြေးဖြင့် ထူထောင် ထားသော နိုင် ငံတော် ကာကွယ် ရေး လက်နက်ကိုင် အဖွဲ့အစည်း သာဖြစ်ပြီး နိုင်ငံတော်၏ ဘဏ္ဍာ ငွေဆိုသည် မှာလည်း ပြည်သူ လူထုကသာ အစစ်အမှန် ပိုင်ဆိုင် သော ဓနဥစ္စဖြစ်နေသည်။

မှတ်မိသလောက် ပြောရလျှင် (၁၉၈ဝ) ပြည့်နှစ်လောက်တုန်းက ဂျီသရီးမောင်းပြန် ရိုင်ဖယ်ကျည် ဆန်တစ်တောင့်၏ တန်ဖိုးသည် ပျှမ်းမျှမြန်မာငွေ ၃ ကျပ် ၅ဝ ပြား ရှိသည်။ လက်ရှိ ကာလ မြန်မာငွေ ပေါက်ဈေး အရ တွက်လိုက်လျှင် ဂျီသရီး ကျည်ဆန်တစ်တောင့်သည် ကျပ်ငွေ ၁ဝဝဝ ဝန်းကျင်တန် ကြေးရှိနေပြီ မဟုတ်ပါလော။ ရန် သူ့ဘက်သို့ ကျည်တစ်တောင့် ပစ်လိုက်တိုင်း ဆင်းရဲသား ပြည်သူ တစ်ဦး အဆာပြေ နံနက်စာ စား မည့် အသပြာစကလေး အခိုးအငွေ့ ဖြစ်သွားပြီဟု မဆိုနိုင်ပါပြီလော။ ရန်သူကို ချက်ကောင်း ထိမှန်၍ ကျည်တစ်တောင့်တည်း ဇီဝိန်ချွေ နိုင်ခဲ့ပြီထားဦး၊ ကိုယ့်ငွေကြေးဖြင့်  ကိုယ့်တိုင်းရင်းသား ညီအစ်ကိုတစ် ယောက်ကို သတ်ဖြတ်လိုက်ခြင်း သာ ဖြစ်သည်။ ရန်သူ့ ကျည်ဆန်ဖြင့် ကိုယ်သေဆုံး ရသည်ဆိုကြပါစို့။ တိုင်းရင်းသား ညီအစ်ကို ရန်သူသည် သူပစ်ခတ်လိုက်သော ကျည်ဆန် ကို ပြည်သူ့ ဘဏ္ဍာငွေဖြင့်သာ ဝယ် ယူထားခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရ ဦးမည်။

ထို့ကြောင့် ပြည်တွင်းစစ်ပွဲ များမှာ တစ်နိုင်ငံတည်းသားချင်း ပြည်ထောင်စု တိုင်းရင်းဖွား ညီ အစ်ကို အချင်းချင်း (ရည်ရွယ်ချက်၊ အကြောင်း တစ်ခုခု အတွက်) ပစ် ခတ် တိုက်ခိုက်နေကြခြင်းမှာ ရှေး ဟောင်းကျမ်းဂန် အချို့မှာလာရှိသော မိမိခန္ဓာရှိ အနာအဆာကြီး ဆီမှ အနာဖေး အပုပ်အရိအသားစတွေ ကိုဖဲ့စားရင်း အသက်ရှင်တတ်ကြ သည့် ဝေမာနိက ပြိတ္တာတစ်မျိုးနှင့် တူနေပြီ မဟုတ်ပါလော။ လက် နက်ကြီး ပစ်ခတ် ပေါက်ကွဲသံ တဂျိမ်းဂျိမ်း ကြားရတိုင်း ”ငါတို့ သစ်တောတွေ တော့ တစ်တောပြီး တစ်တော အပြောင်ရှင်းခံနေရပြီ လော” ဟု ကျွန်တော်၏ ရင်အုံထဲ ကနေ နာကြည်းစွာ မြည်တမ်းမိ ပါသည်။

လွတ်လပ်ရေး ရပြီးခါစ ပြည် တွင်းစစ်စတင်ချိန်တွင် မြန်မာနိုင်ငံ သည်လက်နက် ခဲယမ်းစက်ရုံ မတည် နိုင်ခဲ့သေးပါ။ နယ်ချဲ့ အင်္ဂလိပ်နှင့် ဖက်ဆစ် ဂျပန်တို့ ချန်ထားရစ်ခဲ့ ကြသော လက်နက်များဖြင့်သာ အချင်းချင်းသတ်ပွဲ၊ ဖြတ်ပွဲကြီးကို ဆင်နွှဲခဲ့ကြရသည်။ ကိုယ့်တိုင်း ပြည် ကိုယ်ပြန်သွားကြသော အသားဖြူ နယ်ချဲ့နှင့် အသားဝါ နယ်ချဲ့ တို့သည် မြန်မာတွေ အချင်း ချင်း ပစ်ခတ်သတ်ဖြတ်ကြဖို့ လက် နက်ခဲယမ်းတွေ အရန်သင့် ထားရစ် ခဲ့ကြသည်နှင့်ပင် တူနေသည်။ ဟုတ်တော့ မဟုတ်ပါ။ အကယ်၍ လွတ်လပ်ရေး ရရှိချိန် မှာပြည်တွင်း စစ် မဖြစ်ပွားခဲ့လျှင် နယ်ချဲ့တွေ ကျန်ရစ်ခဲ့ကြသော လက်နက်ခဲ ယမ်းတွေသည် နိုင်ငံတော်၏ ကာကွယ်ရေး ခွန်အားတစ်ရပ် ဖြစ် သွားနိုင်သည်။

လွတ်လပ်ရေးရပြီး မကြာမီ မြန်မာနိုင်ငံတော် အစိုးရ ကာကွယ်ရေး ဝန်ကြီး ဌာနမှ ကာကွယ်ရေး ပစ္စည်း စက်ရုံ ခေါ် ခဲယမ်း မီးကျောက်နှင့် လက် နက် ထုတ်လုပ်ရေး ဌာနများ ထူ ထောင်သည်။ မည်သည့်ဘဏ္ဍာ ငွေကြေးဖြင့် ထူထောင်ပါသနည်း။ အဖြေက ရှင်း သည်။ ပြည်သူ့ ဘဏ္ဍာ ထဲမှ ခွဲတမ်းရရှိလာသော ငွေကြေး ဥစ္စာဖြင့်ထူထောင်သည်။ အခြား နိုင်ငံများနည်းတူ မြန်မာနိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်သည် လည်း အခြားစရိတ် များထက် အဆပေါင်း များစွာပိုမို သုံးစွဲလာ သည်။ များစွာ မကြာသေးမီ က နိုင်ငံရေး သမား အချို့က မြန်မာ နိုင်ငံ၏ ပညာရေး ကဏ္ဍနှင့် ကျန်း မာရေးကဏ္ဍ နိမ့်ကျနေ ရခြင်းမှာ နိုင်ငံတော် ဘတ်ဂျက်မှ ခွဲတမ်းချ ပေးရာတွင် အလွန်နည်းသော ကြောင့်ဟု ထောက်ပြကြသည်။ တောက်လျှောက် ပြည်တွင်းစစ် ဆင်နွှဲနေရသော နိုင်ငံ၊ စစ်အစိုးရ တွေက အဆက် မပြတ် ကြီးစိုးခဲ့ သောနိုင်ငံ တစ်ခုတွင် ကာကွယ် ရေး အသုံးစရိတ်က ကြောက်ခမန်း လိလိ များပြားနေခြင်းမှာ သဘာဝ ကျသည်ဟု ဆိုရမ လိုပင်ဖြစ်နေသည်။

သို့ဖြစ်ရကား ပညာရေးနှင့် ကျန်းမာရေး အခြေခံ တောင့်တင်း မှုမရှိခဲ့သော နိုင်ငံ တစ်နိုင်ငံသည် ရာစုဝက်ကာလ အတွင်း ကမ္ဘာ့ အဆင်း ရဲဆုံး နိုင်ငံစာရင်းထဲ ရောက်သွားခြင်း ကိုလည်း သဘာဝ ကျသည်ဟု ဆိုနိုင်သည်။ ပညာရေး နှောင့်နှေး လေးကန်ခြင်းကြောင့် တိုင်းပြည် ထူထောင် တည်ဆောက် ရေး အတွက် လိုအပ်သော အလုပ် အင်အားစု Work Force များတွင်  ကျွမ်းကျင် လုပ်သား ရှားပါးလာပြီး ကာယ ဗလသာ လိုအပ်သော ကူလီသာသာ လုပ်သားတွေ ဖောင်းပွ လာခြင်းကိုလည်း သဘာဝ ကျသည်ဟု ဆိုနိုင်သည်။ လူ့အသက် ကို ငွေကြေးနှင့် ဆွဲဆန့် နေရသော အခြေ အနေတွင် ဘုရားပေးသော အသက် နှင့်သာ ဖုတ်လိုက်၊ ဖုတ်လိုက် ရှင်သန်နေ ကြရရှာ သူများ၏ စွမ်းဆောင်ရည် လည်း ကျဆင်း လာကြခြင်းမှာ လည်း သဘာဝ ကျနေပြန်သည်။ (အားကစားနည်း ပေါင်းစုံတွင် ဗမာတွေ အရည် အသွေး ထိုးကျ သွားနေပုံကို ရှု၊ ကိုယ့်မြေကိုယ့် ရေမှာကျင်းပသော အာဆီယံအား ကစားပွဲမှာပင် ဗိုလ် မစွဲနိုင်တော့ ခြင်းကို လည်းရှု)။ ပညာရေးနှင့် ကျန်းမာရေးကို အလေးမပေးနိုင် ခြင်းသည် လည်းကောင်း၊ စီးပွား ရေး အရင်းအနှီး ဆို၍ ‘လူအား’ သို့မဟုတ် လူသား အရင်းအမြစ် များ Human Resources သာရှိ သည် ဆိုသော်လည်း (အထက်မှာ ပြောခဲ့သလို) ကူလီသာသာတွေ ကသာ များပြားနေခြင်း သည် လည်းကောင်း၊ ကျွန်တော် တို့နိုင်ငံ ”ဖွတ်ကျောပြာစု” နေရခြင်း၏ အကြောင်းအရင်း ဟု တစ်ထစ်ချဆို ရန် မဖြစ်နိုင်သေးပါ။ ရှိစုမဲ့စုနှင့် စစ်အင်အား တိုးချဲ့၊ Standard Army  တန်းမြင့် တပ်မတော်ဖြစ် အောင် တည်ဆောက်နေရခြင်း များကလည်း အခြား အခြားသော နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းကြီးများ အတွက် သုံးစွဲရန် ခွဲတမ်းလျော့ပါး စေသည်။

တိုင်းနိုင်ငံ ငြိမ်းချမ်းသာယာ မှ စီးပွားရေး ဖြောင့်ဖြူးစွာ ဆောင် ရွက်ခြင်းဖြင့် တိုးတက် ဖွံ့ဖြိုးနိုင်မည် ဟူသော အယူအဆမှာ တရားကိုယ် အရ မှန်ကန်ပြီး သားဖြစ်သည်။ တစ်ချိန်တည်း၌ စစ်ပွဲရှိနေမှသာ မိမိတို့ဘဝ အာမခံချက်ရှိမည်၊ လုံခြုံမည်၊ ဥစ္စာဓန တိုးပွားမည်ဟု ခံယူ ထားကြဟန် ရှိသော နိုင်ငံရေး အင်အားစု အများအပြား ကျွန်တော်တို့ နိုင်ငံမှာ ရှိနေကြခြင်းမှာ မခံချိ အောင့်သက်သက် အမျက်ဒေါသ ပွားစရာကောင်းလှသည်။ နိုင်ငံ တော်ပိုင် သယံဇာတများကို တရားမဝင် ခွဲဝေယူခြင်းမှ ဘီလျံ နာတွေ ဖြစ်သွား ကြ ကုန်သော နိုင် ငံရေးသမား အမည်ခံ လူလည် လူပါးတွေ မြန်မာနိုင်ငံမှာ ဒါဇင် ပေါင်းများစွာ ရှိနေသည်။ အဖိုးတန် သယံဇာတထွက်သော ဒေသတိုင်း မှာ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တွေ ပဋိပက္ခဖြစ်နေ ခဲ့ကြသည်က နှစ်ကာလ တာရှည်ခဲ့ သည်။ သယံဇာတ ခွဲဝေမှုသည် ပင်လျှင် ပြည်တွင်းစစ် ၏ ဇစ်မြစ် တစ်ခုအသွင် ဆောင်လာသည်။

မမှတ်မိစရာ မရှိပါ။ ကရင် ပြည်နယ်တွင် အစိုးရ တပ်မတော် နှင့် ကေအန်ယူ လက်နက်ကိုင် တပ်ဖွဲ့များသည် မည်သည့် ခေတ် အခါက အပြင်းထန် အကြမ်းကြုတ် ဆုံးစစ် ဆင်နွှဲခဲ့ကြပါသနည်။ ထိုင်း နိုင်ငံမှ ကုန်ပစ္စည်းမျိုးစုံကို အား ကိုး သုံးစွဲနေခဲ့ကြရသော ”မှောင်ခို စီးပွားရေး” ခေတ်က ဖြစ်ပါသည်။ ထိုစဉ်က မှောင်ခို လမ်းကြောင်း တွေကို ကေအန်ယူက ထိန်းချုပ် ခဲ့ပါသည်။ တပ်မတော်က ထိန်း ချုပ်မှုကို ဖြိုခွင်းရန် ထိုးစစ်ဆင်ခဲ့ ပါသည်။ ကရင်ပြည်နယ်တွင်မျှ မဟုတ်ဘဲ အိမ်နီးချင်း နိုင်ငံများ နှင့် ထိစပ်နေသော ပြည်နယ်များ ရှိ  အဖွဲ့တိုင်းလိုလို ကုန်သွယ်ရေး လမ်းကြောင်းများ ကို ထိန်းချုပ်ထားကြသည်။ တပ်မတော်က ထိုးစစ်ဆင် ဖြိုခွင်း သော်လည်း တရားဝင် ကုန်သွယ် ရေးလမ်းကြောင်း များမှာ နိုင်ငံ တော် အစိုးရ၏ စီးပွားရေး မူဝါဒ များ၊ စည်းမျဉ်း ဥပဒေများကို အထောက်အကူ မပြုနိုင်ကြ ဘဲ နိုင်ငံတော်မှ ရရှိသင့်သော အခွန် အကောက်များ လစ်ဟင်းသည့် နေရာ လစ်ဟင်းလျက်ရှိသည်။ အပစ်ရပ် ဃြဗ စာချုပ်တွင် လက် မှတ်ရေး ထိုးထားကြသည့် တိုင်း ရင်းသား လက်နက်ကိုင်များ လွှမ်း မိုးရာ ဒေသများတွင် နိုင်ငံတော် အာဏာသည် အင်အား လျော့နေ ပြီး ဒေသခံ တိုင်းရင်းသားခေါင်း ဆောင်က ဘုရင် တစ်ဆူဖြစ်နေ၍ နိုင်ငံတော်မှ ရရှိသင့်သော အခွန် အကောက် အချို့အဝက်   နေ ရသည်ကလည်း သဘာဝကျ သလိုလို ဖြစ်နေသည်။ ဖက်ဒရယ် ပြည်ထောင်စုကြီး မထူထောင်နိုင်မီ တိုင်းရင်းသား လက်နက်ကိုင်များ က ဖက်ဒရယ် အသီးအပွင့်များ စားသုံးခွင့် ရနေကြခြင်းနှင့်လည်း တူသည်။

အနှစ်ချုပ် ကြည့်လိုက်သော် နိုင်ငံတော် အစိုးရသည် တပ်မတော် လိုသလောက် စစ်စရိတ် များကို တလဟော ခွင့်ပြုပေးနေရခြင်း၊ တစ်နိုင်ငံလုံးရှိ ရသင့်ရထိုက်သော အခွန်အကောက် များကို စေ့စုံစွာ မရနိုင်ခြင်း၊ လူတစ်စုသာ ကောင်း စားနိုင်မည့် ‘ခရိုနီ စီးပွားရေး’ က ကြီးစိုးထားခြင်း တို့ကြောင့် ကျွန် တော်တို့ ဆင်းရဲသည်ထက်ဆင်းရဲ လာကြခြင်းဖြစ်သည်။ မိုးမျှော် အထပ်မြင့်တိုက်ကြီးတွေ၊ ဆက် သွယ်ရေး တာဝါတိုင်ကြီးတွေ တိုးပွားလာခြင်းကိုကြည့်၍ ”တို့ နိုင်ငံ ချမ်းသာလာပြီ”ဟု အရူးတွေး တွေးလို့မရပါ။

ကျွန်တော်တို့၏ မှီတွယ်ရှင် သန်ရာ နိုင်ငံတော် နွမ်းပါးနိမ့်ကျ လျက်ရှိကြောင်း အထူးပြောစရာ လိုမည်မထင်။ အထပ်မြင့် မိုးမျှော် တိုက် အိမ်ကြီးတွေ ပြည့်ကျပ်လာ လျက်ရှိသော၊ ကိုယ်ပိုင်ကားတွေ လမ်းပေါ်မှာ ဘီးလှိမ့်စရာ နေရာ မရှိအောင် များပြားလာလျက်ရှိ သော ရန်ကုန်မြို့တော်ကြီး မှာ အိမ်ခြေရာခြေမဲ့ (ကျူး) လေးသိန်း ကျော်ရှိနေကြခြင်းကို ကြည့်လျှင်  ထိုလေးသိန်းမှ ပေါက်ဖွားတိုးပွား လာမည့် ကလေး သူငယ်များ အတွက် လှပသော အနာဂတ် မရှိနိုင်ဟု ထင်သည်။ မျိုးဆက်သစ် များကို အားကိုးစရာ မရှိသော နိုင်ငံမှာ ကော အနာဂတ် လှပနိုင်ပါမည် လော။

မကြာမီ ၂၁ ရာစု ပင်လုံငြိမ်း ချမ်းရေး ညီလာခံကြီး ကို ထပ်မံ ကျင်းပကြပါဦးမည်။ ပထမအကြိမ် တုန်းက မကျေလည်သေး၍ ချန် ထားရစ် ခဲ့ကြ ရသည့် အဖုအထုံး တွေ ယခု တစ်ကြိမ်မှာ ဖြေလျှော့ ချောမော သွားမည်လား အတတ် မပြောရဲသေးပါ။ ပကတိ ငြိမ်းချမ်း ရေး မဟုတ်နိုင်သော ”ကြားအဖြေ” Compromise တစ်ရပ် အခိုင် အမာ ထွက်ပေါ်လာလျှင် သော်မှ ပြည်သူလူထု အသက်ရှူချောင် သွားနိုင် မည်။ ပစ်ခတ်ပြီးခဲ့သမျှ ကျည်ဆန် အခွန်များကို စုလိုက် လျှင်ပင် ပြည်သူလူထု အတွက် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ် လာနိုင် သည်။ လတ်တလောကာလ အခိုက် အတန့်မှာမူ အချို့ပြည်သူ လူထုတွေက စစ်ပြိုင်အုပ်စု မှန် သမျှကို ” တို့ပိုင်တဲ့ မြေပေါ်မှာ တို့ ပိုင်တဲ့ငွေတွေ နဲ့ စစ်ခင်းပြီး အာဏာ လုနေကြတာ၊ ဝဋ်ရှိလို့ ခံရတယ်ပဲ မှတ်ပါတယ်လေ” ဟု ငြူစူကောင်း ငြူစူ၍ ညည်းတွားကောင်း ညည်း တွားနေကြမှာတော့ သေချာသည်။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*