YBS တွင်ပြေးဆွဲသော ယာဉ်ပိုင်ရှင် အချို့ အများပိုင် စနစ်ကို လိုက်နာမှု အားနည်း

YBS တွင်ပြေးဆွဲသော ယာဉ်ပိုင်ရှင် အချို့ အများပိုင် စနစ်ကို လိုက်နာမှု အားနည်း
January 18, 2017 Asian Fame

12:23 pm
YBS တွင်ပြေးဆွဲသော ယာဉ်ပိုင်ရှင် အချို့ အများပိုင် စနစ်ကို လိုက်နာမှု အားနည်း

(ရန်ကုန်၊ ဇန်နဝါရီ ၁၇)

YBS စနစ်ဖြင့် ပြေးဆွဲသော ယာဉ်ပိုင်ရှင် အချို့သည် အများပိုင် စနစ်ကို နားမလည်ဘဲ တစ်ဦးချင်း ဆွဲသည့် ပုံစံမျိုး လုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

”အခုဂိတ်မှာလာပြီး ပိုက်ဆံ တောင်းနေတယ်။  ကျွန်တော်တို့ ဆွဲတဲ့ပိုက်ဆံကို ကျွန်တော့်ကို ပေး ဆိုပြီး လာတောင်းနေတယ်။ မပေး ဖို့ တားထားပါတယ်။ သူတို့ကို။ အ ခုလုပ်တာက ကားတစ်စီး ချင်းစီကို ယာဉ်လိုင်းထဲ ထည့်ပေးတာမဟုတ် ဘူး။ ဒါပေမယ့် ကျွန်တော် နား လည်တယ်။ ကားတစ်စီးချင်းစီ ပိုင်တဲ့ တွေးနိုင်တဲ့ စဉ်းစားမှု ပုံစံက နည်း နည်းလေး”ဟု ၄င်းက ပြောသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့က ယခင် မော်တော်ယာဉ်လိုင်း ပေါင်း စုံထိန်းသိမ်း ကြီးကြပ်ရေးကော်မတီ ရုံးနေရာကို ရန်ကုန်တိုင်း ဒေသကြီး  သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ် ကဲမှု အာဏာပိုင် အဖွဲ့က လွှဲပြောင်း ယူလိုက်သည့် အခမ်းအနားတွင် မီဒီယာများနှင့် တွေ့ဆုံရာ ၄င်းက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

စုပေါင်းပြေးဆွဲသည့် စနစ်ကို ယာဉ်ပိုင်ရှင်များ နားလည်လက်ခံ ရန် လက်တွေ့သင်ကြား ရင်းဖြင့်သာ ဆောင်ရွက်ရမည့် အခြေအနေ ရှိ ကြောင်း ၄င်းက ပြောသည်။

မထသ စနစ် ကို ဖျက်သိမ်း၍ အများပိုင် ယာဉ်လိုင်းများ ပြေးဆွဲ သောစနစ်ကို အများပိုင်ကုမ္ပဏီ ၈ ခုဖြင့် စတင်ပြောင်းလဲရန် ယခင်က စီစဉ်ခဲ့သည်။ သို့သော် တစ်စီးတည်း ပိုင်ဆိုင်သော ယာဉ်ပိုင်ရှင်များ ဦး ရေများပြားနေသဖြင့် ပထမသုံးလ အတွင်း စုပေါင်း ပြေး ဆွဲသော စနစ် ကို စတင်ကျင့်သုံးပြီးမှသာ အများ ပိုင် ကုမ္ပဏီများ ပြေးဆွဲသော စနစ် သို့ ပြောင်းလဲရန် စီစဉ်ခဲ့ခြင်းဖြစ် သည်။ ဘတ်စ်ကားများ စုပေါင်း ပြေးဆွဲသော စနစ်တွင် မည်သည့် ယာဉ်လိုင်း ဖြစ်စေ ရရှိလာသော တစ်နေ့တာ ရရှိငွေများကို ရှိသော အစီးရေနှင့် အချိုးကျ ပြန်လည်ခွဲယူ ရမည့်စနစ်ဖြစ်သည်။ သို့သော်လည်း ယာဉ်ပိုင်ရှင် များမှာ ၄င်းတို့ယာဉ်ဖြင့် ပြေးဆွဲပြီး ရရှိလာသော ယာဉ်စီးခ များကို ၄င်းတို့ဘာသာယူမည်ဟု ပြောဆိုလာကြခြင်းဖြစ်သည်။

”ကျွန်တော်ပြောတာက ခင် ဗျားတို့ကား ပိုက်ဆံရရ မရရ ပြေး ပေးရုံပဲ၊  သတ်မှတ်တဲ့အချိန် ထွက် ပေးရုံပဲ။ တစ်နေ့တာ ရသမျှထဲက အစီးငါးဆယ် ရှိရင် ငါးဆယ်နဲ့ခွဲပြီး ယူသွားရုံပဲ။ သူကပိုရလို့ ငါကနည်း ရလို့ဆိုပြီး ဖြစ်စရာ မလိုဘူး။ ဒါပေ မယ့် သူတို့က ဒီကားလေးက ငါ့ ကား။ ငါ့ကားလူရမှ  ငါပိုက်ဆံ ရမယ် ဆိုတဲ့ အတွေးမျိုး ဖြစ်နေတယ်” ဟုဝန်ကြီးချုပ်က ပြောသည်။

မထသစနစ် ကို ဖျက်သိမ်း၍ အများပိုင် ယာဉ်လိုင်း စနစ်စတင် ပြောင်းလဲပြေးဆွဲသောနေ့တွင် ခရီး သည်နှင့် ယာဉ်စီးရေ မမျှတခြင်း၊ ခရီးသည်များ အနေဖြင့် မည်သည့် ယာဉ်လိုင်း နံပါတ်ကို စီးရမည်ကို မသိရှိခြင်း၊ မှတ်တိုင်များတွင် ဝေငှ သောလမ်းညွှန်စာရွက်များ မလောက် ငခြင်း၊ ခရီးစဉ်များ အဆင့်ဆင့် စီးရ ၍ ငွေပိုကုန်ခြင်း စသည့် အခက် အခဲများရှိခဲ့ပြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ယင်းအခြေအနေ များ ကို အဆင်ပြေအောင် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောဆို ထားသည်။

အများပိုင် ယာဉ်လိုင်း စနစ်ကို ယာဉ်လိုင်း ၆၁ လိုင်းဖြင့် ကနဦးပြေး ဆွဲခဲ့ပြီး ယာဉ်စီးရေ ၃၇ဝဝ ကျော် ဖြင့် စတင်ပြေးဆွဲခဲ့သည်။ ရန်ကုန် မြို့တွင်းရှိ ဘတ်စ်ကား မှတ်တိုင် ၁၈ဝဝ ကျော်တွင် လမ်းညွှန်အကူ အညီပေးသော စေတနာ့ဝန်ထမ်း လူငယ်များကို ဇန်နဝါရီ ၂ဝ ရက် နေ့အထိ ထားရှိ ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*