ံHIV ရောဂါကို ရည်ရွယ်ချက် ရှိရှိဖြင့် လိုက်လံ ဖြန့်ဖြူးနေသည့် ချက် အမျိုးသား တစ်ဦးအား ထိုင်းရဲက ဖမ်းဆီးရန် လိုက်လံရှာဖွေနေ

ံHIV ရောဂါကို ရည်ရွယ်ချက် ရှိရှိဖြင့် လိုက်လံ ဖြန့်ဖြူးနေသည့် ချက် အမျိုးသား တစ်ဦးအား ထိုင်းရဲက ဖမ်းဆီးရန် လိုက်လံရှာဖွေနေ
January 18, 2017 Asian Fame

3:07 pm
ံHIV ရောဂါကို ရည်ရွယ်ချက် ရှိရှိဖြင့် လိုက်လံ ဖြန့်ဖြူးနေသည့် ချက် အမျိုးသား တစ်ဦးအား ထိုင်းရဲက ဖမ်းဆီးရန် လိုက်လံရှာဖွေနေ

Thai-police-hunt-for-Czech-man(ဘန်ကောက်၊ ဇန်နဝါရီ ၁၇)

HIV ရောဂါကို ရည်ရွယ်ချက် ရှိရှိဖြင့် လိုက်လံဖြန့်ဖြူးနေသည့် ချက် အမျိုးသား တစ်ဦးအား ထိုင်းရဲက ဖမ်းဆီးရန် လိုက်လံ ရှာဖွေနေကြောင်း သိရသည်။

ချက်သမ္မတ နိုင်ငံတွင် လူ ၁၇ ဦးအား HIV ရောဂါ ကပ်ငြိ စေခဲ့သဖြင့် ချက်အစိုးရ ကအလို ရှိနေသော ချက် အမျိုးသားသည် ထိုင်းနိုင်ငံ သို့ ရောက်ရှိနေပြီး ထိုင်းနိုင်ငံသားများ အား HIV ရောဂါကပ်ငြိစေရန် လိုက်လံ ဖြန့်ဖြူးနေကြောင်း ထိုင်းရဲတို့ သတင်း ရရှိသဖြင့် ယခုကဲ့သို့  လိုက်လံ ရှာဖွေနေခြင်းဖြစ်သည်။

အသက် ၄၉ နှစ် အရွယ်ရှိ ချက်နိုင်ငံသား ဒက်နက်ဖိုင်ဖာ ဆိုသူကို ဖမ်းဆီးပေးရန် နိုင်ငံ တကာရဲတပ်ဖွဲ့မှ ထိုင်း ရဲတပ်ဖွဲ့ အား တောင်း ဆိုထားသည်။ ထိုသူ တွင် HIV ရောဂါရှိနေပြီး၊ အကာ အကွယ်မဲ့ လိင်ဆက်ဆံခြင်းဖြင့် ရောဂါကို လိုက်လံဖြန့်ဖြူးနေ ကြောင်း နိုင်ငံ တ ကာ ရဲတပ်ဖွဲ့မှ အစီ ရင်ခံစာ ဝယ်ရေးသားထားသည်။

ယင်းအစီရင်ခံစာ အရ ဒက် နက်ဖိုင်ဖာသည် ထိုင်းနိုင်ငံသို့ ၂ဝ၁၄ ခုနှစ်က ရောက်ရှိခဲ့ပြီး၊ ကမ္ဘာလှည့် ခရီးသွားတို့ သွားလာ လေ့ရှိ သည့် နေရာများသို့ လှည့် လည် သွားလာခဲ့ကာ၊ ထိုင်းနိုင်ငံ မှ မည်သည့် အချိန်က ပြန်လည် ထွက်ခွာခဲ့သည် ဆိုခြင်းကိုမူ မှတ် တမ်းများ မရှိကြောင်း၊ ထို့ကြောင့် ဒက်နက်ဖိုင်ဖာသည် ထိုင်းနိုင်ငံ တွင်းမှာပင် ရှိနေဆဲဖြစ်သည်ဟု ထိုင်းရဲ တို့က ယုံကြည်ကြောင်း သိရသည်။

ဒက်နက်ဖိုင်ဖာသည် ချက် သမ္မတနိုင်ငံတွင် ၂ဝ၁၃ ခုနှစ်က လူ ၁၇ ဦးကို HIV ရောဂါဖြန့်ဖြူး ကပ်ငြိစေခဲ့ရာ အရွယ်မရောက် သေးသူ အမျိုးသား လူငယ်လေး တစ်ယောက်ကိုပါ ရောဂါကပ်ငြိ စေခဲ့ခြင်းဖြစ်သည်။

PN002
ref: Thai police hunt for Czech man wanted for intentionally spreading HIV

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*