အပစ်ရပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမည်

အပစ်ရပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမည်
January 18, 2017 Asian Fame

11:54 am
အပစ်ရပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမည်

PNews
ရန်ကုန်၊ ဇန်နဝါရီ ၁၇

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပစ်ရပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တွေ့ဆုံကြမည်ဟု သိရသည်။ယခုကဲ့သို့ တွေ့ဆုံမှုသည် နိုင်ငံရေး ဆွေးနွေးပွဲများ ရပ်နားထားပြီး နှစ်လအကြာတွင် ပြန်လည်တွေ့ဆုံ မှုဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ထိုသို့ တွေ့ဆုံခွင့်ရရန် အစိုးရ နှင့် အပစ်ရပ်လက်မှတ်ရေးထိုးခဲ့သော ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA, KNU/KNLA-PC ၊ ရှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ RCSS/SSA ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ ALP နှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တို့က အရေးပေါ်အစည်းအဝေး လုပ်ပြီး စုပေါင်းတောင်းဆိုခဲ့ကြသည်ဟု ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောသည်။ တွေ့ဆုံကြမည့် ထိုသတင်းကို ဟုတ်မှန်ကြောင်း နိုင်ငံတော် သမ္မတရုံးက အတည်ပြုပေးခဲ့သည်။ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက ”ပြည်တွင်းငြိမ်းချမ်းရေး အတွက်ပဲ အဓိကထားဆွေးနွေးမှာပါ”ဟုပြောသည်။ လက်ရှိ ဖြစ်နေသည့် ရှမ်း မြောက်တိုက်ပွဲနှင့် ကချင်ပြည်နယ် တွင်းမှ တိုက်ပွဲများ အကြောင်းကိုပါ ထည့်သွင်း ဆွေးနွေးသွားရန်လည်း ရှိပါသည်ဟု သူကဆက်ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက လက်ရှိအကောင်အထည်ဖော်နေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ဖြည့်စွက် အကြံပြုမှုများ ပြုလုပ်သွားမည်ဟု ပြောသည်။ အပစ်ရပ် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အပြင် တပ်မ တော်ထိပ်ပိုင်း ခေါင်းဆောင်များကိုပါ တွေ့ဆုံလိုသည်ဟု ဇန်နဝါရီလ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ပြီး တောင်းဆိုထားသေးသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*