သဘာဝဘေး အန္တရာယ် ဘန်းပြ အလှူခံများ ရရှိသည့် အလှူငွေကို မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ နေ့စဉ် တင်ပြရမည်

သဘာဝဘေး အန္တရာယ် ဘန်းပြ အလှူခံများ ရရှိသည့် အလှူငွေကို မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ နေ့စဉ် တင်ပြရမည်
January 18, 2017 Asian Fame

11:56 am
သဘာဝဘေး အန္တရာယ် ဘန်းပြ အလှူခံများ ရရှိသည့် အလှူငွေကို မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ နေ့စဉ် တင်ပြရမည်

(ရန်ကုန်၊ ဇန်နဝါရီ ၁၇)

သဘာဝဘေး အန္တရာယ် ဘန်း ပြကာ ရန်ကုန်တိုင်း အတွင်း အလှူ ခံနေကြ သူများသည် တစ်နေ့တာရ ရှိသည့် အလှူငွေများကို သက်ဆိုင် ရာ မြို့နယ် အလိုက် မြို့နယ် အုပ်ချုပ် ရေးမှူးရုံးတွင် နေ့စဉ် တင်ပြရမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုဝန် ထမ်း၊ ကယ် ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဦးစီးဌာနမှ သိရ သည်။

ရန်ကုန်တိုင်း အတွင်းရှိ သဘာ ဝဘေးအန္တရာယ် ဘန်းပြအလှူခံ များကို စစ်ဆေး အရေးယူ သွားမည် ဖြစ်ပြီး အနောက်ပိုင်း ခရိုင်မှ စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း အဆို ပါဦးစီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။

”ဖလားဝါးကိစ္စ တကယ်မှန် ပါတယ်။ တချို့က အလှူခံ ရရှိတဲ့ အထဲကနေ ၃ဝ ရာခိုင်နှုန်းကို သွင်းပြီး ကျန်တဲ့ငွေကို ခွဲယူတယ် ဆိုတဲ့ အဖွဲ့တွေလည်းတွေ့ပါတယ်။ ဒါတွေကို စစ်ဆေး အရေးယူဖို့ စီမံ ထားပါတယ်။ ပြီးတော့ သဘာဝ ဘေးအန္တရာယ် ကြုံတဲ့အချိန် အဲဒီ ကိစ္စအတွက်  အလှူခံတဲ့အဖွဲ့တွေ အနေနဲ့ တကယ်ကို သူတို့သွား လှူ/ မလှူတွေကိုလည်း သေချာ စစ်ဆေးသွားမှာပါ” ဟု ရန်ကုန် တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာ ချထား ရေးဦးစီးဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောသည်။

ယခုနှစ် အတွင်း ရန်ကုန်တွင် သဘာဝ ဘေးအန္တရာယ်များ ကြုံ တွေ့ရပါက ပရဟိတ အဖွဲ့အစည်း များနှင့် တိုင်းဒေသကြီး လူကယ် ပြန် အဖွဲ့ကြား ပူးပေါင်း ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ကိစ္စနှင့် ပတ် သက်၍ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ် ကိုလည်း ပြီးခဲ့သည့် ဇန်နဝါရီလ တတိယ အပတ်အတွင်းက ရန်ကုန် တိုင်းဒေသကြီး လူကယ်ပြန် ဦးစီးဌာ နမှူးရုံးတွင်ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်း လူကယ်ပြန်ဦး စီးဌာနရုံးတွင် ပြုလုပ်ခဲ့သည့် ပရ ဟိတ အဖွဲ့အစည်းများနှင့် တိုင်း ဒေသကြီး လူကယ်ပြန် အဖွဲ့ကြားအ လုပ်ရုံ ဆွေးနွေးပွဲတွင်လည်း အဆို ပါ ဖလားဝါး ပြဿနာနှင့် ပတ်သက် ၍ ဆွေးနွေးခဲ့ပြီး ပရဟိတ အသင်း အဖွဲ့များက အဆိုပါ ပြဿနာကို  စိစစ်ဆောင်ရွက်ပေးရန် တောင်း ဆိုခဲ့ကြောင်း သိရသည်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*