3:19 pm
စိုင်းလမင်း
နေပြည်တော်၊ ဇန်နဝါရီ ၆
သမိုင်းဝင်အမွေအနှစ်များကို ပြသနိုင်ရန်အတွက် ဇေကမ္ဘာရှေးဟောင်းပြတိုက်ကို လာမည့်နှစ်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌဦးခင်ရွှေက ပြောပါသည်။
အဆိုပါဇေကမ္ဘာ ရှေးဟောင်းပြတိုက်ကို အမေရိကန်ဒေါ်လာ ၁ဝ သန်းခန့်သုံးစွဲ၍ ရန်ကုန်တိုင်း ဒေသကြီးမင်္ဂလာဒုံမြို့နယ် မင်္ဂလာ ဒုံဂေါက်ကွင်းရှေ့ စတုရန်းပေ တစ်သိန်းငါးသောင်းပေါ်တွင် ဆောက်လုပ်ရန်စီစဉ်နေခြင်းဖြစ် ကြောင်း၊ ပြတိုက်တွင် ခေတ်အမျိုးမျိုး၏ပုံစံများကိုရေးဆွဲထားသည့် ပန်းချီကားများကိုလည်း ပြသထား ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
”ဒိုင်နိုဆော၊ ပယင်းတွေ အစရှိတာတွေပါမယ်။ နောက်အကောင် မျိုးစုံရှိတယ်။ နောက်တစ်ခါ ကျောက်ခေတ်ရှိတယ်၊ သံခေတ်ရှိတယ်၊ ကြေးခေတ်ရှိတယ်၊ နောက် တစ်ခါ သုဝဏ္ဏဘူမိခေတ် ရှိတယ်၊ နောက်တစ်ခါ ဟန်လင်းတို့၊ ဘာ တို့ ခေတ်ရှိတယ်။ နောက်တစ်ခါ တန်ဖိုးဖြတ်လို့မရတဲ့ ပစ္စည်းတော်တော်များများကို စုပြီးသွားပြီ။ ဟိုတလောက ပန်းချီပြပွဲလုပ်တယ်လေ။ နိုင်ငံခြားက ပန်းချီဆရာတွေလည်းဆွဲတာ။ အဲ့ဒီမှာ အားလုံးပန်းချီကား ၃ဝ လောက်ရတယ်။ အဲ့ဒါတွေလည်း အန်ကယ်ပြမှာဖြစ်တယ်”လို့ ဦးခင်ရွှေက ပြောသည်။ ယင်းရှေးဟောင်း ပြတိုက်ဒီဇိုင်းကို ပြင်သစ်နိုင်ငံက ဆွဲပေးထားခြင်းဖြစ်ပြီး ပြတိုက်အတွင်း ပြင်ဆင်မှုအပိုင်းကိုမူ အင်္ဂလန်၊ ကာတာအစရှိသည့်နိုင်ငံများ၏အကြံဥာဏ်များကိုယူ၍ ဆောက်လုပ်သွားမည်ဟု ၎င်းက ထပ်မံ ပြောပါတယ်။ လက်ရှိတွင် အဆိုပါအဆောက် အအုံဆောက်လုပ်ခြင်းလုပ်ငန်းများ စတင်နေပြီဖြစ်ပြီး ဖွင့်လှစ်သွားမည့် ဇေကမ္ဘာပြတိုက်အတွက် ဝင်ကြေးကိုမူ မသတ်မှတ်ရသေးကြောင်း သိရသည်။