2:50 pm
(မန္တလေး၊ ဇန်နဝါရီ ၉)
မန္တလေးခရိုင်တွင် ၂ဝ၁၆ ခုနှစ်အတွင်း ယာဉ်တိုက်မှုနှင့် လူ သေမှုနှုန်းသည် ၂ဝ၁၅ ခုနှစ် ဖြစ် ပွားနှုန်းထက် ပိုမိုမြင့်တက်ခဲ့ ကြောင်း အမှတ် ၁၄ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (မန္တလေး)မှ သိရသည်။
အဆိုပါ တပ်ဖွဲ့ခွဲ၏ နှစ်ချုပ် စာရင်းဇယားအရ မန္တလေးခရိုင် အတွင်း ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလ အထိ ယာဉ်တိုက်မှု ၃ဝ၈ မှုရှိခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် ၃၈၉ မှုရှိကြောင်း၊ သေဆုံးသူ အ နေဖြင့် ၂ဝ၁၅ ခုနှစ်က ၁၈၄ ဦး ရှိပြီး ၂ဝ၁၆ ခုနှစ်တွင် ၁၉၃ ဦး ရှိကြောင်း၊ ယာဉ်တိုက်မှု အမျိုး အစားသည်လည်း ယာဉ်နှင့် အများဆုံး ဖြစ်ကြောင်း သိရသည်။
”ယာဉ်တိုက်မှု ဖြစ်ပွားမှုနှုန်း အများဆုံးအချိန်က မွန်းတည့် ၁၂ နာရီကနေ ည ၆ နာရီအ တွင်း ဖြစ်တာပါ။ အများဆုံးဖြစ် တာက မဆင်မခြင် မောင်းနှင်မှု ကြောင့် ဖြစ်တာပါ” ဟု အဆိုပါ တပ်ဖွဲ့ခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယာဉ်နှင့် ယာဉ်ချင်း တိုက်မှု ကြောင့် အသက် ဆုံးရှုံးမှုဖြစ်စဉ် တွင် ထိုင်ခုံခါးပတ် မပတ်သဖြင့် မော်တော်ယာဉ် မောင်းနှင်လိုက် ပါ စီးနင်းသူ တချို့ သေဆုံးသည် အထိ ဖြစ်ပေါ်ဖူးကြောင်း၊ ထို့အ တွက်ကြောင့် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှစကာ ထိုင်ခုံ ခါးပတ်မ ပတ် ဘဲ မော်တော်ယာဉ်မောင်းနှင် လိုက်ပါစီးနင်း သူများအား စောင့် ကြည့် အရေးယူခြင်းများ ဆောင် ရွက်လျက်ရှိကြောင်း၊ တစ်ပတ် အတွင်း ၂၇ မှုဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။
”မန္တလေးသားတွေ စည်း ကမ်းလိုက်နာမှု ရှိတာတွေ့ရပါ တယ်။ တချို့လည်း ခါးပတ်ပတ်မ လာတာတွေ ရှိပါတယ်။ ဒါမျိုး တွေ့ရင်တော့ ကျွန်တော် တို့က ဖမ်းဆီးပြီး ချက်ချင်း ဒဏ်ငွေရိုက် ပါတယ်။ ကိုယ့်အသက် အန္တရာယ် ကာကွယ်ဖို့အတွက် ခါးပတ်ပတ် ကြဖို့ တိုက်တွန်း ပါတယ်” ဟု အ ဆိုပါ တပ်ဖွဲ့ခွဲမှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး သိန်းဦးက ပြောသည်။
မန္တလေးခရိုင် ၇ မြို့နယ် အ တွင်း ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ ယာဉ်တိုက်မှု ၃၈၉ မှုဖြစ်ပွားခဲ့ရာ မဆင် မခြင် မောင်းနှင်မှု ၂၄၂ မှု၊ အရှိန်ပြင်း မောင်းနှင်မှု ၈၉ မှု၊ ယာဉ်မောင်း မကျွမ်းကျင်မှု ၂၆ မှု၊ မူးယစ် မောင်းနှင်မှု ၂၆ မှုနှင့် စက်ကိရိ ယာ ချို့ယွင်းမှု ၆ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၉၃ ဦး ဒဏ်ရာရသူ ၄ဝဝ ဦးရှိကြောင်းသိရသည်။
စောထွေး