မန်းတွင် အသစ် ဆောက်လုပ်မည့် အိမ်ရာများကို မြရည်နန္ဒာ တိုက်ခန်း မဲမပေါက် သူများအား ဦးစားပေး ရောင်းချမည်

မန်းတွင် အသစ် ဆောက်လုပ်မည့် အိမ်ရာများကို မြရည်နန္ဒာ တိုက်ခန်း မဲမပေါက် သူများအား ဦးစားပေး ရောင်းချမည်
January 12, 2017 Asian Fame

3:02 pm
မန်းတွင် အသစ် ဆောက်လုပ်မည့် အိမ်ရာများကို မြရည်နန္ဒာ တိုက်ခန်း မဲမပေါက် သူများအား ဦးစားပေး ရောင်းချမည်

(မန္တလေး၊ ဇန်နဝါရီ ၁ဝ)

မန္တလေးတွင် နောက်ထပ် ဆောက်လုပ်မည့် အိမ်ရာများကို  မြရည်နန္ဒာ တန်ဖိုးမျှတ တိုက်ခန်း မဲမပေါက် သူများအား ဦးစားပေး ရောင်း ချသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြော သည်။

နိုင်ငံ့ ဝန်ထမ်းများနှင့် အငြိမ်း စားဝန်ထမ်းများ အတွက် မန္တလေး တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေး ဦးစီးဌာနက ချမ်းမြသာ စည်မြို့နယ် မြရည်နန္ဒာ ရပ်ကွက် မြရည်နန္ဒာ တန်ဖိုးမျှတ အိမ်ရာ တိုက်ခန်းများကို ဇန်နဝါရီ ၄ ရက် က မဲနှိုက်စနစ်ဖြင့် ရောင်းချပေးခဲ့ ရာ တိုက်ခန်း ၅၆ဝ အတွက် လျှောက်ထားသူ ၇၆ဝဝ ကျော်ရှိခဲ့ သည်။

”အိမ်ခန်းရသူတွေက ဝမ်း သာ ကြမှာဖြစ်သလို မျှော်လင့် ချက်အပြည့် နဲ့ စောင့်မျှော်နေသူ တွေကို အကုန် မပေးနိုင်သေးလို့ ဝမ်းနည်း ရပါတယ်။ မဲ မပေါက်သူ တွေအတွက် နောက်ထပ် ဆောက်မယ့် တိုက်ခန်းတွေမှာ လျှောက် လွှာအသစ်တွေ ထပ်မခေါ်တော့ ဘဲ ရောင်းပေး သွားပါမယ်”ဟု ဝန်ကြီး ချုပ်က ဆိုသည်။

နိုင်ငံ့ ဝန်ထမ်း ၅၂၅၂ ဦး၊ အ ငြိမ်းစားဝန်ထမ်း ၁၁၄၆ ဦး၊ ကုမ္ပဏီ ဝန်ထမ်း ၅၃ဝ နှင့် ဝင်ငွေနည်း ပြည်သူ ၇၁၂ ဦးလျှောက် ထားခဲ့ရာ လျှောက်လွှာပေါ် မူတည်၍ နိုင်ငံ့ ဝန်ထမ်းများ အတွက် ၃၈၅ ခန်း၊ အငြိမ်းစား ဝန်ထမ်းများ အတွက် ၈၄ ခန်း၊ ကုမ္ပဏီ ဝန်ထမ်းများ အ တွက် အခန်း ၄ဝ နှင့် ဝင်ငွေနည်း ပြည်သူအတွက် ၅၁ ခန်းတို့ကို အချိုးကျ ခွဲဝေမဲနှိုက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

”ကျွန်တော်တို့ရဲ့ ရည်မှန်း ချက်က ပြည်သူတိုင်း အိုးအိမ်အ တွက် မပူမပင်ရအောင် လုပ်ရ မယ်။ သို့သော် ဗြုန်းစားကြီး မပြီး တဲ့အတွက် အခုလို ကန့်သတ်ချက် တွေထား ရတာဖြစ်တယ်။ တကယ် နေစရာ မရှိသူ၊ တကယ်ဒုက္ခ ရောက် နေသူတွေကို ပထမဆုံး နေရာရစေ ချင်တာပါ၊ ကျွန်တော်တို့ နိုင်ငံ လူ ဦးရေနဲ့ နိုင်ငံ အကျယ်အဝန်း အချိုးအစားဟာ အရွယ်ရောက်လို့ အိမ်ထောင်ရက်သား ကျရင် တောင် နေရာ အခက်အခဲ ဖြစ်ကြ ရပါတယ်။ ဒါဟာ စီမံခန့်ခွဲမှုအား နည်းချက်ကြောင့် ဖြစ်ရတာပါ။ ဒါ ကိုကျွန်တော် တို့ရှင်း ရမှာပေါ့” ဟု မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဦးဇာနည် အောင် က ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။

မြရည်နန္ဒာ တန်ဖိုးမျှတ အိမ် ရာ တိုက်ခန်းများအား မြေညီထပ်  ကျပ် ၂၂၃ သိန်း၊ ပထမထပ် ကျပ် ၂ဝ၈ သိန်း၊ ဒုတိယ ထပ်ကျပ် ၁၉၃ သိန်း၊ တတိယထပ်ကျပ် ၁၇၈ သိန်းနှင့် စတုတ္ထထပ် ကျပ် ၁၆၃ သိန်းဟူ၍ လက်ငင်းငွေချေ စနစ်၊ ၄ လ ၄ ရစ်ငွေချေစနစ်၊ ၃ဝ ရာ ခိုင်နှုန်း ကြိုတင်ငွေ သွင်းပြီး ကျန် ငွေကို ၈ နှစ် အရစ်ကျ စနစ်တို့ဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်ကာ ဝင်ငွေ နည်းပြည်သူ နှင့် အိမ်ရာမြေပိုင် ဆိုင်မှု မရှိသူများကိုသာ မဲနှိုက် စနစ်ဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ် သည်။

”ကျွန်တော်တို့က မြို့ပြနဲ့ အိုးအိမ် ဖွံ့ဖြိုး တိုးတက်ရေး ဘဏ်က နေ ငွေချေးပြီးတော့ အကျိုးအ မြတ် မယူဘဲ ရောင်းချပေးတာပါ။ ဘဏ်ချေးငွေ ရဲ့ ၁ ရာခိုင်နှုန်းထပ် ပေါင်းပြီးတော့ ပြည်သူအတွက် လုပ်ပေးတာပါ။ အဲဒါကြောင့်မို့လို့ လည်း ဒီဈေးနဲ့ရတာပါ။ လူထုကို တစ်ခု ပြောချင် တာက ဒီဘဏ်နဲ့ ဆက်သွယ် ဆောင်ရွက်ကြပါ။ သူ့ ဆီမှာငွေ စုဆောင်းကြပါ။ သူ့မှာ စုဆောင်းငွေများ လာလေလေ လူ ထုအတွက် အကျိုး ရှိလေလေပါပဲ။ သူငွေကြေးအင်အား တောင့်တင်း လာရင် ကျွန်တော်တို့ အိုးအိမ် တွေ ပိုထုတ်လာနိုင်ပါမယ်” ဟု လည်း ဝန်ကြီးကဆိုသည်။

ရောင်းချပြီး တိုက်ခန်းများနှင့် ပတ်သက်၍မူ  ငါးနှစ်အတွင်း လက်လွှဲ ရောင်းချခြင်း၊ တစ်ဆင့် ငှားရမ်းခြင်းများ မပြုလုပ်ကြရန်နှင့် ပြုလုပ် လာလျှင် ငွေပြန် မအမ်းဘဲ တိုက်ခန်း သိမ်းယူသွားမည်ဖြစ် ကြောင်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*