မထသ တည်ထောင်ထားသော YUPT အများပိုင် ယာဉ်လိုင်းအတွက် ယာဉ်မောင်း ၆ဝဝ နီးပါး ခေါ်ယူသွားမည်

မထသ တည်ထောင်ထားသော YUPT အများပိုင် ယာဉ်လိုင်းအတွက် ယာဉ်မောင်း ၆ဝဝ နီးပါး ခေါ်ယူသွားမည်
January 12, 2017 Asian Fame

2:15 pm
မထသ တည်ထောင်ထားသော YUPT အများပိုင် ယာဉ်လိုင်းအတွက် ယာဉ်မောင်း ၆ဝဝ နီးပါး ခေါ်ယူသွားမည်

(ရန်ကုန်၊ ဇန်နဝါရီ ၉)

မထသက တည်ထောင် ထားသော ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ ဆောင်ရေးကုမ္ပဏီ (YUPT) သည် အများပိုင်ယာဉ်လိုင်း စနစ်တွင် မောင်းနှင်ရန် အတွက် ယာဉ်မောင်းလုပ်သား ၆ဝဝ နီးပါး ခေါ်ယူသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ ယာဉ်လုပ်သား များကို လစာစနစ်ဖြင့် ခေါ်ယူ ခြင်းဖြစ်ပြီး တစ်လလျှင် အခြေခံလစာ ကျပ် ၃ သိန်း၊ ခေါက်ကြေး တစ်ခေါက်လျှင် ၂ဝဝဝ ကျပ်ဖြင့် တစ်နေ့လျှင် ၄ ခေါက်နှုန်း၊ (၈ဝဝဝ)ကျပ် ရရှိမည်ဖြစ်ကြောင်း YUPT ကုမ္ပဏီမှ သိရသည်။

”ယာဉ်နောက်လိုက် များကို မခေါ်သေးပါဘူး။ ဘာလို့လဲဆို တော့ အခုပြေးဆွဲမယ့် ယာဉ် လိုင်းတွေကို ယာဉ်နောက်လိုက် တွေ မထည့်သေး ဘူး ဆိုတဲ့ အတွက်ကြောင့်ပါ။ နောက်ပိုင်း မှာ လိုရင်တော့ ခေါ်သွားမှာဖြစ် ပါတယ်”ဟု မထသ(ဌာနခွဲမှူး) ဦးအေးသောင်း က ပြောသည်။

ထို့အပြင် ယာဉ်မောင်းများ အနေဖြင့် စည်းကမ်းများဖောက် ဖျက်မူများ ရှိလာပါက လက်ရှိ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းဥပဒေ များဖြင့် အရေးယူ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရသည်။

YUPT ကုမ္ပဏီသည် မော် တော်ယာဉ် ၆ဝဝ ကျော်ပြေးဆွဲ သွားမည် ဖြစ်သည့် အတွက် ယာဉ် မောင်းလုပ်သား ၆ဝဝ ခေါ်ယူ သွား မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ယာဉ်မောင်း လုပ် သား ၁ဝဝကျော်ကို ခေါ်ယူထား ပြီးဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ မှ သိရသည်။

လက်ရှိ ပြေးဆွဲနေသော ရန်ကုန်မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်း ၃ဝဝ ကျော်သည် ယခုလ ၁၅ ရက်နေ့ ညတွင် အပြီးသတ် ရပ်နား ရမည် ဖြစ်ပြီး  ၁၆ ရက်နေ့ မနက်၌ ယာဉ်လိုင်း ၅၈ လိုင်း ပါဝင်သော အများ ပြည်သူပို့ဆောင်ရေး စနစ်ဖြင့် စတင် အစားထိုးပြေးဆွဲတော့ မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောထားသည်။

ဝေရှိုင်းကျော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*