၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲနှင့် မြန်မာ့ နိုင်ငံရေး ကို ဆက်စပ်တွေးမိခြင်း

၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲနှင့် မြန်မာ့ နိုင်ငံရေး ကို ဆက်စပ်တွေးမိခြင်း
January 11, 2017 Asian Fame

2:02 pm
၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲနှင့် မြန်မာ့ နိုင်ငံရေး ကို ဆက်စပ်တွေးမိခြင်း

myat-hlaine-p-afp၂ဝ၁၇ ကြားဖြတ် ရွေးကောက် ပွဲကို ဧပြီလမှာ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီကြားဖြတ် ရွေးကောက် ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ် စား လှယ် ၉ နေရာ၊ အမျိုးသား လွှတ် တော် ကိုယ်စားလှယ် ၃ နေရာ၊ ပြည်နယ် လွှတ်တော် ကိုယ်စား လှယ် ၇ နေရာကို နိုင်ငံရေး ပါတီ များနဲ့ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ဝင် ရောက် ယှဉ်ပြိုင်ကြ မှာဖြစ်ပါတယ်။  အရင် အစိုးရ လက်ထက်က ကျင်းပ ခဲ့တဲ့ ၂ဝ၁၂ ကြားဖြတ်ရွေး ကောက်ပွဲမှာ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ပြီးတော့ ဝင်ရောက် ယှဉ်ပြိုင်တဲ့ အတွက် ပြည်သူတွေ စိတ်ဝင်စားခဲ့ပါ တယ်။  အခု ကျင်းပမယ့် ကြားဖြတ်ရွေး ကောက်ပွဲ ကလည်း ၂ဝ၁၂ ကြား ဖြတ်ရွေးကောက်ပွဲ အတိုင်း ကျင်းပ မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲ နဲ့ ၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲ ကတော့ ကွာခြား ချက်တွေ အများ ကြီး ရှိနေ ပါတယ်။ ၂ဝ၁၂ ကြားဖြတ် ရွေး ကောက်ပွဲမှာ လူထုခေါင်းဆောင် ပါဝင်တာရယ်၊ လွှတ်တော်ကို အဲဒီ တုန်းက အာဏာရ ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေး ပါတီ ကြီးစိုးနေတာကို လူထု ခေါင်းဆောင်ဦးဆောင်ပြီး အတိုက် အခံအဖြစ် ဝင်ရောက်ရွေးချယ် တာကြောင့် ပြည်သူတွေ စိတ်ဝင် စားခဲ့တာပါ။  အခု ၂ဝ၁၇ ကြားဖြတ်ရွေး ကောက်ပွဲက ဒေါ်အောင်ဆန်းစု ကြည်မပါလို့ ပြည်သူတွေ စိတ်မ ဝင်စားတာလား။ လွှတ်တော်အသီး သီးမှာ အန်အယ်လ်ဒီ ကိုယ်စား လှယ်တွေ ကြီးစိုးနေတော့ ဒီကြား ဖြတ်ရွေးကောက်ပွဲမှာ ထပ် အနိုင်ရမယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ် တွေကြောင့် မထူးခြားတော့ပါဘူး ဆိုပြီး စိတ်မဝင်စား တာလား။ အခု ကြားဖြတ် ရွေးကောက် ပွဲမှာ ရွေး ချယ်ရမယ့် မြို့နယ်တွေ အတွက် အန်အယ်လ်ဒီ ကိုယ်စားလှယ် လောင်းတွေ ထပ်အနိုင်ရလည်း မ ထူးတော့ ပါဘူး ဆိုပြီး ပြည်သူ တွေမြင်နေကြပြီလား။  ပထမ အချက်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည် မပါလို့ ပြည်သူတွေ စိတ်မဝင်စား ဘူး ဆိုရင် တိုင်းပြည် တစ်ခုလုံးရဲ့ ကံကြမ္မာက လူတစ် ယောက်တည်း အပေါ်မှာ မူတည် နေတယ် ဆိုတဲ့အဓိပ္ပာယ် ဖြစ်နေပါ တယ်။  အကယ် ၍ ပြည်သူတွေယုံ ကြည်တဲ့ လူထုခေါင်းဆောင် မရှိ တော့ရင် တိုင်းပြည်ရဲ့ကံကြမ္မာဟာ ဘယ်လိုဖြစ်မလဲ။ ဒီမိုကရေ စီခေတ် ပြောင်း တည်ဆောက်မှုကို ရပ်ပစ် လိုက်ရတော့ မှာလား။ လူထုခေါင်း ဆောင်မရှိတော့တဲ့ အချိန်မှာ ကျင်းပ မယ့်ရွေးကောက် ပွဲမှာ အန်အယ်လ် ဒီပါတီ အခြေအနေ ဘယ်လို ရှိနေ မှာလဲ။ အန်အယ်လ်ဒီ ပါတီကို ဆက်ရှင်သန်အောင် ဦးဆောင်ပေး နိုင်မယ့်သူတွေ မရှိနိုင်တော့ဘူး လား။ ရှိမလာနိုင်တော့ဘူးလား။  ၂ဝ၁၅ ခုနှစ် အစပိုင်းမှာ ကျွန် တော်တို့ ဒီအကြောင်းကို ဆွေးနွေး ခဲ့ဖူးပါတယ်။ အလွတ် သဘောနဲ့ ပြောဆိုခဲ့ကြတာပါ။ အခုလက်ရှိ အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုမောင်မောင်ဦး၊ ကိုအေးနိုင် တို့နဲ့ အခု လူ့ဘောင်သစ် ဥက္ကဋ္ဌ ကိုဇေယျ၊ SkyNet သတင်း အယ်ဒီတာချုပ် ကိုစိုးအောင်တို့ ပြောဆို ဆွေးနွေးခဲ့ကြတာကို သတိရ လို့ ပြန်တွေး မိလိုက်ပါတယ်။  အန်အယ်လ်ဒီမှာ ဒေါ်အောင် ဆန်းစုကြည် ဦးမဆောင်နိုင်ခဲ့သည် ရှိသော် A plan နဲ့ B plan ရှိရလိမ့် မယ် ဆိုပြီးပြောတော့ ကိုမောင်မောင် ဦးက ဒေါ်အောင်ဆန်းစုကြည် က A plan ပဲထားတယ်။ B plan ၊ C plan တွေ လုံးဝမရှိဘူးလို့ ပြန်ပြော ခဲ့ပါတယ်။ ကိုဇေယျက ဒါဆို ဒေါ်အောင်ဆန်းစုကြည် ဦးမဆောင် နိုင်ရင် အန်အယ်လ်ဒီ ပျက်ပြီလို့ ပြောခဲ့ပါတယ်။ ကျွန်တော်က အန် အယ်လ်ဒီ ပါတီ အတွက်တင် မဟုတ်ဘူး။ တိုင်းပြည် အတွက် ရင်လေးစ ရာပါပဲလို့ မှတ်ချက်ပေးခဲ့ပါတယ်။  အခု လက် ရှိ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆို ရင် ပြည်သူတွေလည်း ဒီအတိုင်း မြင်နေကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည် မရှိရင် အန်အယ်လ်ဒီပျက် ပြီဆိုတဲ့ အသံတွေ ကြားနေရပါပြီ။  ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင်၊ လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကြောင့် ၂ဝ၁၅ ရွေး ကောက်ပွဲမှာ အနိုင်ရခဲ့တာကို တော့ဘယ်သူ မှငြင်းနိုင်မယ် မထင် ပါဘူး။ ဒီထက် ပိုပြီး အပွင့်လင်း ဆုံး ပြောရရင် ၂ဝ၁၅ ရွေးကောက်ပွဲ မှာ အနိုင်ရလာတဲ့ အန်အယ်လ် ဒီမှာ လူထု ခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်ကို မှီခိုပြီး အနိုင် ရခဲ့သူ တွေ များပါတယ်။  ပြည်သူတွေ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ကလွဲရင် ဘယ်သူ့ကိုမှ ထူးခြားတဲ့ လုပ်ဆောင် နိုင် စွမ်း ရှိတဲ့ လူတွေလို့ မမြင်ခဲ့ကြ ပါဘူး။ အခုလက်ရှိ အန်အယ်လ်ဒီ ခေါင်းဆောင်တစ်ဦးက ၂ဝဝဝ ပြည့် နှစ်လောက်မှာ ပြောခဲ့ဖူးတဲ့ စကား တစ်ခွန်းကို အမှတ်ရနေမိပါတယ်။ အန်အယ်လ်ဒီကို ဦးအောင်ရွှေ ဦး ဆောင်နေတဲ့ အချိန်ပါ။ အဲဒီအ ချိန်က သူပြောခဲ့တဲ့ စကားက အန် အယ်လ်ဒီမှာ ဂျိုကျိုး နားရွက်ပဲ့တွေ ချည်းပဲ ကျန်တာပါကွာတဲ့။ သူ ပြောခဲ့သလိုပါပဲ။ အဲဒီအချိန်က အန်အယ်လ်ဒီ ဆိုတာ ဆိုင်းဘုတ် အခွံသာ ကျန်ပြီး ဒီဆိုင်းဘုတ်ကို ပြုတ်မကျရုံ ထမ်းမထားတဲ့ လူတစ် စုသာ ရှိခဲ့ပါတယ်။ ပြည်သူတွေက လည်း ဒီခွပ်ဒေါင်းကြယ်ဖြူ တံဆိပ် ကို မမြင်ယောင်ဆောင်ခဲ့ပါတယ်။ ဒီဆိုင်းဘုတ် အောက်ကို မဝင်နိုင် အောင်ခြိမ်းခြောက် တားဆီးတာ ခံခဲ့ရသူတွေ များစွာ ရှိခဲ့ပါ တယ်။ ဒီဆိုင်းဘုတ်ကို မမြင်ချင်ယောင် ဆောင်ခိုင်းပြီး ကြာလာတာနဲ့ မေ့ ပျောက် သွားအောင်လည်း နည်း မျိုးစုံနဲ့ ဖန်တီးခဲ့ကြပါတယ်။  အခက်အခဲတွေ ကို ပြောရ မယ်ဆိုရင် မယုံရဲလောက်စရာတွေ ရှိခဲ့တာအများကြီးပါ။ ပြောမပြနိုင် လောက်အောင် အခက်အခဲတွေ ရှိခဲ့သလို၊ ပြောမပြချင်လောက် အောင်ဖြစ်ခဲ့ပါတယ်။  နောက်ဆုံးမှာ ဆုံးရှုံးမှု များစွာ နဲ့ ရင်းနှီးပေးဆပ်ပြီး ခေတ် တစ်ခုကို ရခဲ့ပါပြီ။ ရခဲ့တဲ့ခေတ် မှာပြန်ရခဲ့ တာက လူထုခေါင်းဆောင်တစ် ယောက်တည်း ရခဲ့ပါတယ်။ တိုင်း ပြည်ပျက်ကြီး ကို ပြန်တည်ဆောက် ရမယ့် ခေတ်ကို ရခဲ့တာပါ။ လူထု ခေါင်းဆောင်နဲ့ အတူ ရဲရဲဝံ့ဝံ့ခြေ လှမ်းခဲ့သူတွေကို ဆုံးရှုံးခဲ့ ရပါတယ်။  ခေတ်တစ်ခု ကို ပြန် တည် ဆောက်မယ့်အချိန်မှာ လူထုခေါင်း ဆောင်ဟာ တိုင်းပြည်အပျက်ကြီး ကို ပြန်ပြင်နေ ရပါတယ်။ ခေတ်ကို မတည်ဆောက်နိုင်သေး ပါဘူး။  သို့သော် ရရှိလာတဲ့ ခေတ်နဲ့ အတူ ပွင့်လင်းလွတ်လပ်တဲ့ နိုင်ငံ ရေး ပတ်ဝန်းကျင်ကိုရခဲ့ပါတယ်။  ဒီရရှိလာတဲ့ ပွင့်လင်းနိုင်ငံ ရေး အခြေအနေ မှာ တိုင်းပြည် ပျက်ကြီးကို ပြန်ပြင် တည်ဆောက် ဖို့အတွက် အရည်အချင်း ရှိတဲ့လူ တွေပါဝင်ဖို့ လိုနေပါပြီ။ ကျွန် တော် တို့ မြန်မာနိုင်ငံမှာ လူတော် တွေ ရှိနေပါတယ်။  ပြည်သူတွေ အတွက် နိုင်ငံ ရေးစံချိန် သုည ရှိခဲ့တဲ့ အချိန်ကာ လမှာ ဆိုင်း ဘုတ် စောင့်ခဲ့သူတွေ အတွက် နေရာပေးခဲ့တာကို နား လည်ပေးနိုင်ပေမယ့် တကယ် အရည်အချင်း ရှိတဲ့ လူတော်တွေ ရှာပြီး တာဝန်ယူ ခိုင်း ရ ပါတော့ မယ်။ ဆိုင်းဘုတ် စောင့်ခဲ့သူတွေ အနေနဲ့လည်း တကယ်အရည် အချင်းရှိတဲ့ လူတော်တွေကို နေရာ ဖယ်ပေးနိုင် ရပါမယ်။  လူထုခေါင်းဆောင် အနေနဲ့ တိုင်းပြည်ရဲ့ အဓိက နေရာက ဦး ဆောင်လျှောက်လှမ်း နေတဲ့ အချိန်မှာ ပါတီကို ဦးဆောင်နေ သူ တွေအနေနဲ့ အန်အယ်လ်ဒီ ကို ဆက်ရှင်သန်အောင် ဦးဆောင် နိုင်မယ့် ခေါင်းဆောင်တွေကို ရှာဖွေ တာဝန်ပေးထားဖို့ လိုအပ် နေ ပါတယ်။ မျိုးဆက်သစ်တွေ ကို မွေးထားနိုင်ဖို့လည်း ဆောင်ရွက် သင့်ပါတယ်။  ၂ဝ၁၄ ခုနှစ်မှာ လူငယ်တွေ ကို ပြန် ဖော်ထုတ်ဖို့ မြို့နယ်၊ တိုင်း၊ ပြည်နယ်နဲ့ ဗဟိုအဆင့် လူငယ်ညီလာခံတွေ ကျင်းပနိုင်ခဲ့ ပေမယ့် တကယ် ထူးချွန်ထက် မြက်တဲ့ လူငယ် မျိုးဆက်တွေ မွေး မထုတ်နိုင် ခဲ့ဘူးလို့ ယူဆရပါ တယ်။ ကျွန်တော် ဆိုလိုချင်တာက အန်အယ်လ်ဒီ ပါတီ အနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ တိုင်းပြည် အခက် အခဲတွေ ကို လူထု ခေါင်းဆောင်နဲ့ အတူ ကူညီ ဖြေရှင်းနိုင်တဲ့ ဦးဆောင်သူတွေ ဖြစ်ဖို့တင်မက ပါဘူး။ တိုင်းပြည် အနာဂတ် အတွက် ကြိုတင်ပြင် ဆင် ထားနိုင် အောင်ပါ။  ပြည်သူတွေ အနေနဲ့လည်း နိုင်ငံရေးကို အမြဲစိတ် ပါဝင်စားနေ ဖို့ လိုအပ်နေပါတယ်။ ပြည်သူ တွေ အနေနဲ့ မိမိတို့ တင်မြှောက် ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် တွေကို ဘာတွေ လုပ်ဆောင်နေ သလဲဆိုတာ စိတ်ပါဝင်စားဖို့ အတွက်လည်း လွှတ်တော်ကိုယ် စားလှယ်တွေ အနေနဲ့ ပြည်သူတွေ နဲ့ အမြဲ ထိတွေ့နေဖို့ လိုပါတယ်။  ဒီနေရာမှာ ကျွန်တော့်ရဲ့ အ တွေ့ အကြုံလေး တစ်ခုကို ပြော ချင်ပါတယ်။ မကြာသေးမီက ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုမင်းကိုနိုင် နဲ့ တွေ့တဲ့ အချိန် မှာ ကျွန်တော်တို့မြို့မှာတော့ လွှတ် တော် ကိုယ်စားလှယ်တွေ အချင်း ချင်း ပြဿနာ ဖြစ်နေကြတယ်လို့ ပြောလိုက်ပါတယ်။ ကိုမင်းကိုနိုင် က မြတ်လှိုင်းရ ဒါသတင်း မဟုတ် ဘူးကွ ဆိုပြီး ပြန်ပြောလိုက်ပါ တယ်။ ဒါက မြို့နယ် အတော် များများမှာ ဖြစ်နေကြတာ ဆိုပြီး ပြောလိုက်တာပါပဲ။  လက်ရှိ လွှတ်တော် ကိုယ်စား လှယ်တွေတောင် ဒီလိုဖြစ်နေ တယ်ဆိုရင် မဖြစ်သေးတဲ့ လွှတ်  တော် ကိုယ်စားလှယ်လောင်းတွေ ကို ပြည်သူတွေ အနေနဲ့ မဲပေးဖို့ စိတ် ပါဝင်စားပါ့မလား။ ပြည်သူ တွေမဲပေးဖို့ စိတ်မဝင်စားတာ ထားဦး၊ အခု ၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲ မှာ ကယား ပြည်နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး ရွေးကောက် ပွဲ ကော်မရှင် က ကြေညာထားတဲ့ အဆိုပြုလွှာ တင်သွင်းဖို့ နောက်ကျ သွားတဲ့ အတွက် ရွေးကောက်ပွဲ ကော် မရှင်ရဲ့ အပယ်ခံ လိုက်ရတဲ့ အဖြစ် မျိုး မဖြစ်သင့်ပါဘူး။  အရွေးချယ်ခံမယ့် ကိုယ်စား လှယ်လောင်း အနေနဲ့ စိတ်ပါဝင် စားမှု အားနည်းနေတယ် ဆိုတဲ့ သဘောပါပဲ။  ကိုယ်စားလှယ်လောင်းက တောင် စိတ်ပါဝင်စားမှု အားနည်း နေတယ် ဆိုရင် ပြည်သူတွေ အနေ နဲ့ရော ၂ဝ၁၇ ကြားဖြတ် ရွေး ကောက်ပွဲ ကို စိတ်ပါဝင်စားမှု ရှိပါ့ မလားဆိုတာ တွေးလိုက်မိတဲ့ အ ပြင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ လက်ရှိ အခက် အခဲတွေ နဲ့ အနာ ဂတ်အတွက်ပါ ဆက်စပ်တွေး လိုက်မိပါတယ်။

  မြတ်လှိုင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*