ပြင်ဦးလွင်တွင် ရုပ်ရှင် ရိုက်ကူးရေး အဆောက်အအုံ စတင် ဆောက်လုပ်တော့မည်

ပြင်ဦးလွင်တွင် ရုပ်ရှင် ရိုက်ကူးရေး အဆောက်အအုံ စတင် ဆောက်လုပ်တော့မည်
January 11, 2017 Asian Fame

3:25 pm
ပြင်ဦးလွင်တွင် ရုပ်ရှင် ရိုက်ကူးရေး အဆောက်အအုံ စတင် ဆောက်လုပ်တော့မည်

htoo-htoo3(ရန်ကုန်၊ ဇန်နဝါရီ ၉)

ပြင်ဦးလွင်မြို့နယ်ရှိ မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံးပိုင် မြေ နေရာပေါ်တွင် ရိုက်ကူးရေး အသုံး ပြုနိုင်ရန် အတွက် အဆောက်အအုံ များ စတင် ဆောက်လုပ်တော့မည် ဟု သိရသည်။

အဆိုပါ မြေနေရာ နှင့် ပတ်သက် ၍ လမ်းပန်း ဆက်သွယ်ရေး အခြေ အနေများကို ရုပ်ရှင် အစည်းအရုံး မှ တာဝန်ရှိ သူများနှင့် တိုင်း/ မြို့နယ် ဗီဒီယို အခြေခံ အဖွဲ့ဝင်များ က ဇန်နဝါရီ ၅ ရက်တွင် ကွင်း ဆင်း ကြည့်ရှုခဲ့သည်ဟု သိရသည်။

”အဲဒီမြေပေါ်မှာ အဆောက် အအုံတစ်ခု ရှိပြီးသားပါ။ အဲဒီမှာ ရိုက်ကူးရေးတွေ လုပ်နိုင်အောင် လမ်း အခြေအနေ၊ မြေအခြေအနေ ကို သွားကြည့်တဲ့ သဘောပါ။ အဲဒီ မြေပေါ်မှာ ဘာစဆောက်မလဲ ဆို တာ အစည်းအဝေး ဆုံးဖြတ်ချက် ချပြီးတာနဲ့ စလုပ်တော့မှာပါ” ဟု ရုပ်ရှင် အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။

ဧက ၂ဝ ရှိ အဆိုပါ မြေနေရာ ကို ရုပ်ရှင်စတူဒီယို ဆောက်လုပ် နိုင်ရန် ယခင် အစိုးရက ပေးအပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ်တွင် ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌနှင့် CEC အဖွဲ့ ဝင်များကို ရုပ်ရှင် လောကသားများ ကိုယ်တိုင် ရွေးကောက် တင်မြှောက် ခဲ့သည်။ လွတ်လပ်သော အဖွဲ့ အစည်းတစ်ခု အဖြစ် ၂ဝ၁၃ ခုနှစ်တွင် အများပိုင် ကုမ္ပဏီ ထူထောင်နိုင်ခဲ့ သည့်အပြင် ၂ဝ၁၄ ခုနှစ်တွင် အကယ်ဒမီ ထူးချွန်ဆုများကို ရုပ်ရှင် အစည်းအရုံး အနေဖြင့် လွတ်လပ် စွာ ချီးမြှင့်နိုင်ခဲ့ကြောင်း သိရ သည်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*