တောင်ကြီးမြို့ ဝေဠုဝန် ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော်ကြီး၏ အန္တိမအဂ္ဂိ ဈာပနသာဓု ကိဠာနသဘင် ကျင်းပမည်

တောင်ကြီးမြို့ ဝေဠုဝန် ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော်ကြီး၏ အန္တိမအဂ္ဂိ ဈာပနသာဓု ကိဠာနသဘင် ကျင်းပမည်
January 11, 2017 Asian Fame

3:09 pm
တောင်ကြီးမြို့ ဝေဠုဝန် ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော်ကြီး၏ အန္တိမအဂ္ဂိ ဈာပနသာဓု ကိဠာနသဘင် ကျင်းပမည်

(ရန်ကုန်၊ ဇန်နဝါရီ ၁ဝ)

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ကျောင်းကြီးစု (ငါးပြား)ရပ်ကွက်၊ ဝေဠုဝန် ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယက၊ ရှမ်းပိဋကတ် ဘာသာပြန် သံဃနာယက အဖွဲ့ချုပ် အနုနာယက မဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာပဏ္ဍိတ ကျမ်းပြု ဂန္တကာရက ဝိနယဂရုက ကမ္ဘာ့ ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ် ဆရာတော် ပါမောက္ခ ဒေါက်တာ ဓမ္မသာမိ က မူလ ဆရာဖြစ်တော် မူသော သက်တော် (၈၈) နှစ် သိက္ခာတော် (၆ဝ)ဝါရှိ  တောင်ကြီးဝေဠုဝန် ဆရာတော် ကြီး ဘဒ္ဒန္တဝိဇယ မဟာထေရ်သည် ဇန်နဝါရီ ၅ရက် (ကြာသပတေးနေ့)တွင် ခန္ဓာချုပ်ငြိမ်းတော်မူ ခဲ့ပါသဖြင့် ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သော ရုပ် ကလာပ်တော်မြတ်ကို ဇန်နဝါရီ ၁၉ရက် (ကြာသပတေး နေ့) မွန်းလွဲ ၁ နာရီတွင် တရားနာ ရေစက်ချလှူဒါန်းပြီး အဆိုပါ ကျောင်းတိုက်မှ အဝေရာ မီးပုံးပျံ ကွင်းသို့ ပင့်ဆောင်ကာ အန္တိမအဂ္ဂိ ဈာပနသာဓု ကိဠာန သဘင် ကို ဆရာတော်ကြီး၏ တပည့် သံဃာတော်များ ဒါယကာ၊ ဒါယိကာမများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ် သာသနာရေးဦးစီး ဌာနတို့မှ ကုသိုလ်ယူ ကျင်းပမည် ဖြစ်ကြောင်း ရပ်နီး ရပ်ဝေးမှ တပည့် ဒါယကာ၊ ဒါယိကာ မများအား ကြည်ညို ပူဇော်နိုင်ရန် ဖိတ်ကြားထား သည်။

ES

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*