ထိုင်းနိုင်ငံ၏ အခြေခံ ဥပဒေ မူကြမ်းအား အနည်းငယ် ပြောင်းလဲရန် ထိုင်းဘုရင့်ရုံးမှ အဆိုပြု

ထိုင်းနိုင်ငံ၏ အခြေခံ ဥပဒေ မူကြမ်းအား အနည်းငယ် ပြောင်းလဲရန် ထိုင်းဘုရင့်ရုံးမှ အဆိုပြု
January 11, 2017 Asian Fame

2:18 pm
ထိုင်းနိုင်ငံ၏ အခြေခံ ဥပဒေ မူကြမ်းအား အနည်းငယ် ပြောင်းလဲရန် ထိုင်းဘုရင့်ရုံးမှ အဆိုပြု

thai-king(ဘန်ကောက်၊ ဇန်နဝါရီ ၁ဝ)

ထိုင်းနိုင်ငံ၏ အခြေခံ ဥပဒေ မူကြမ်းအား အနည်းငယ် ပြောင်းလဲ လိုကြောင်း ထိုင်းဘုရင် မဟာဝဇီရ လောင်ကွန်း၏ တော်ဝင် ဘုရင့်ရုံးမှ အဆိုပြု ထားကြောင်း သိရသည်။

အဆိုပါ အခြေခံ ဥပဒေ မူကြမ်းမှာ အာဏာသိမ်း စစ် အစိုးရက ရေးဆွဲထားခြင်း ဖြစ်ပြီး အထွေထွေ ရွေးကောက်ပွဲ ကျင်းပ ပြီးစီး၍ ဒီမိုကရေစီ အစိုးရ လက်သို့ ပြန်လည် အာဏာ အပ်နှင်းလျှင် အသက်ဝင်ပြီး ဖြစ်စေရန် ရည်ရွယ် ထားခြင်းဖြစ်၏။ ပြီးခဲ့သည့်နှစ် က ကျင်းပပြု လုပ် ခဲ့သည့် အခြေခံ ဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အရလည်း ထိုင်းပြည်သူများက ထောက်ခံ အတည်ပြုပြီးသား အခြေခံ ဥပဒေ မူကြမ်း ဖြစ်ပါသည်။

”ဘုရင်ရဲ့ တော်ဝင် အမိန့် အာဏာ ဆိုင်ရာ အချက် ၃ ချက် ၄ ချက် လောက်ကို ပိုသေချာအောင် သတ်မှတ်ဖို့ လိုအပ်တာကြောင့်ပါ လို့ ပြင်ဆင်ဖို့ တောင်းဆိုချက် မှာ ဆိုထားပါတယ်”ဟု အပတ်စဉ် လုပ်နေကျ အစိုးရ အဖွဲ့ အစည်း အဝေးအပြီးတွင် ဝန်ကြီးချုပ် ပရာ ယုသ်ချန်အိုချာ့က သတင်းထောက် များအား ပြောပါသည်။

”အဲဒီ ပြင်ဆင်မယ့် အချက် တွေဟာ ပြည်သူတွေရဲ့ အခွင့်အ ရေးနဲ့ လွတ်လပ်မှုတွေ အပေါ် ထိခိုက်မှု လုံးဝ မရှိပါဘူး”ဟု သူက ဆက်ပြောသော် လည်း မည်သည့် အချက် တို့ကို ပြင်ဆင် သတ်မှတ် မည်ဆိုသည့် အသေးစိတ် အချက် များကိုတော့ မပြောပါချေ။

PN002
REF: Thai king’s office seeks changes to draft constitution

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*