ရွှေ့ပြောင်းရခိုင်တိုင်းရင်းသားများအတွက် လုပ်ကိုင်စားသောက်ရန်ပေးရမည့် မြေယာရရှိရေး အခက်အခဲဖြစ်နေ

ရွှေ့ပြောင်းရခိုင်တိုင်းရင်းသားများအတွက် လုပ်ကိုင်စားသောက်ရန်ပေးရမည့် မြေယာရရှိရေး အခက်အခဲဖြစ်နေ
January 6, 2017 Asian Fame

11:48 am
ရွှေ့ပြောင်းရခိုင်တိုင်းရင်းသားများအတွက် လုပ်ကိုင်စားသောက်ရန်ပေးရမည့် မြေယာရရှိရေး အခက်အခဲဖြစ်နေ

မေဇင်ဝင်း
ရန်ကုန်၊ ဇန်နဝါရီ ၃

ရွှေ့ပြောင်း ရခိုင်တိုင်းရင်းသားများကို  ရခိုင်ပြည်နယ်တွင် နေရာချပေးရန် စီစဉ် ရာတွင် လုပ်ကိုင်စားသောက်ရန်ပေးရမည့်မြေယာ ရရှိရေး အခက်အခဲဖြစ်နေကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရသည်။

ဒေသခံတိုင်းရင်းသားများအား စုစည်း ကာ ရွာတည်ပေးထားသည့် စုစည်းရွာများ နှင့် အိမ်ရာမဲ့များအား ရခိုင်ဘက်သို့ခေါ် ကာ ရွာတည်ပေးသည့်ရွှေ့ပြောင်းရွာဟူ၍ ယခင်ကလုပ်ဆောင်ပေးခဲ့ကြောင်း၊ လက်ရှိ တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နယ် စပ်ရေးရာ ဝန်ကြီးဌာနပူးပေါင်းကာ စုစည်း ရွာများ ပြန်လည်လုပ်ဆောင်ပေးရန် ကြိုး စားလျက်ရှိပြီး မြေနေရာ ရွေးချယ်ထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါနေရာမှာ အငူမော်နှင့်ဘူးသီး တောင်- မောင်တောကြားတွင်တည်ရှိပြီး အခြားဒေသများသို့ ရောက်နေသော ရခိုင် တိုင်းရင်း သားများကို စုစည်းကာ နေရာချ ထားပေးမည်ဖြစ်ကြောင်း၊ မြေနေရာကိုလည်း  ပြည်နယ်အစိုးရက မူအားဖြင့် သဘောတူ ထားပြီးဖြစ်ေ ကြာင်း သိရသည်။

”အစိုးရက မြေနေရာရှာတဲ့အခါမှာ အဲဒီမှာနေထိုင်မယ့်သူတွေကိုပေးဖို့ လယ် တို့ယာတို့ရရှိရေးက အခက်အခဲဖြစ်နေတယ်။ ပိုင်ရှင်ရှိတဲ့ လယ်တွေကိုဝယ်ဖို့ကျတော့လည်း ဈေးကများနေတယ်။ မြေလွတ်မြေရိုင်းတွေ ဖော်ထုတ်ဖို့လည်း ခက်နေတယ်”ဟု နယ်
စပ်ရေးရာဝန်ကြီးဌာနမှ လက်ထောက်အ တွင်းဝန် ဦးစိုင်းထွန်းညိုက ပြောသည်။

ယခင်က လုပ်ဆောင်ပေးခဲ့သော ရွှေ့ ပြောင်းရွာနှင့် စုစည်းရွာစုစုပေါင်း ၃၉ ရွာ ရှိပြီး ရွှေ့ပြောင်းရွာတွင် နေထိုင်သူများသည် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့သော လယ်နှင့် ကိရိယာများကိုရောင်းချကာ ပြည်မ သို့ ပြန်ပြောင်းကြသောကြောင့် လွတ်သွား   သောနေအိမ်များတွင် အခြားပြည်နယ် ရောက် ရခိုင်တိုင်းရင်းသားများကို နေရာ ချထားပေးနေကြောင်း၊ ယမန်နှစ်အစပိုင်း တွင် ပြည် နယ်အသီးသီးသို့ ရောက်ရှိနေသော ရွှေ့ပြောင်းရခိုင်တိုင်းရင်းသား အိမ်ထောင် စု ၈ဝ ဝန်းကျင်ကို အဆိုပါနေအိမ်များတွင် နေရာ ချထားပေးခဲ့ကြောင်း သိရသည်။

”သူတို့နေပြီဆိုရင် ကျွန်တော်တို့က တန်ဖိုးသင့်အိမ်ရာ လုပ်ပေးတယ်။ သွပ်မိုး၊ ပျဉ်ခင်းပျဉ်ကာပေါ့။ ပြီးတော့ လုပ်ကိုင်စား ဖို့ လယ်ပေး တယ်။ အခုထပ်လုပ်ဖို့ကလည်း သူတို့လုပ်ကိုင်စားဖို့ လယ်မြေဘယ်လောက် ရှာလို့ရမလဲဆိုတာပေါ် မူတည်နေတာပေါ့။ ဘတ်ဂျက်က လည်း ရှိနေပြီ။ မြေရတာနဲ့ လုပ်ပေးရုံပဲ”ဟု ၄င်းက ပြောသည်။

ယခင်က ရွှေ့ပြောင်းရွာနှင့် စုစည်းရွာ တွင် နေထိုင်မည့်သူများကို အဆိုပါနေရာ များသို့ အရောက်ပို့ဆောင်ပေးပြီး ရွာတည် ပြီးပါက   ဒေသခံများစားသောက်ရန် တစ် နှစ်စာဆန်၊ ဆီ၊ ပဲများ ထောက်ပံ့ပေးကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*