မိဘဘိုးဘွား များအား စွန့်ပစ် ထားသူ များကို အရေးယူနိုင်ရန် ဥပဒေ ပြဋ္ဌာန်း

မိဘဘိုးဘွား များအား စွန့်ပစ် ထားသူ များကို အရေးယူနိုင်ရန် ဥပဒေ ပြဋ္ဌာန်း
January 6, 2017 Asian Fame

11:43 am
မိဘဘိုးဘွား များအား စွန့်ပစ် ထားသူ များကို အရေးယူနိုင်ရန် ဥပဒေ ပြဋ္ဌာန်း
Photo : Luz

Photo : Luz

ဝေရှိုင်းကျော်
ရန်ကုန်၊ ဇန်နဝါရီ ၃

မိဘဘိုးဘွားများအား သားသမီး မြေး မြစ်တို့သည် စွန့်ပစ်ထားခြင်း သို့မဟုတ် လျစ် လျူရှုပြီး မထောက်ပံ့ပါက အရေးယူဆောင် ရွက်နို င်ကြောင်း သက်ကြီးရွယ်အိုများဆိုင် ရာဥပဒေတွင် ပြဋ္ဌာန်းထားသည်။

စရိတ်ထောက်ပံ့မှုလိုအပ်ပြီး ရပ်တည် နိုင်ခြင်းမရှိသည့် အဘိုးအဘွားများအတွက် ၄င်းတို့ကိုယ်စား ဆွေမျိုးများကဖြစ်စေ၊ ရပ်မိ ရပ်ဖ ဘိုးဘွားရိပ်သာ တာဝန်ခံကဖြစ်စေ၊ စရိတ်ထောက်ပံ့ရန် လုံလောက်သောငွေကြေး နှင့် ပစ္စည်းများရှိသည့် အလုပ်လုပ်ကိုင်နိုင် ပြီး   ထောက်ပံ့နိုင်စွမ်းရှိသည့် သားသမီး၊ မြေး များက လစဉ် ယင်းတို့အပေါ်ထောက်ပံ့ရန် သက်ဆိုင်ရာ တရားရုံးများတွင် သတ်မှတ် ချက်များဖြင့် လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။

သားသမီးများက မိဘဘိုးဘွားများအား လုံလောက်သော အကြောင်းပြချက်မရှိဘဲ စရိတ်ထောက်ပံ့မှုများ ပျက်ကွက်မူများရှိ ပါကပုဒ်မ ၁၈ အရအရေးယူ ဆောင်ရွက် နိုင်ကြောင်း၊ ယင်းဥပဒေ ပုဒ်မ ၁၈ အရ  သက်သေခံ အထောက်အထား အထင်အ ရှားတွေ့ရှိပါက   လျှောက်ထားခံရသူ မိဘ ဘိုးဘွားတစ်ဦးလျှင် လစဉ် ကျပ် ၅ဝဝဝဝ ထက်မပိုသော စရိတ် သို့မဟုတ် တစ်လုံး တည်းစရိတ်ကိုပေးစေရန် အမိန့်ချမှတ်နိုင် ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

”နိုင်ငံတော်အစိုးရအနေဖြင့် အခုလို ဥပဒေထွက်ရှိအောင် လုပ်ဆောင်ပေးတာ ကတော့ ကောင်းပါတယ်။ ဥပဒေက စော ပြီးထွက် ရှိလာပါတယ်။ အခုလိုထွက်ရှိလာ တဲ့အတွက် အကောင်အထည်ဖော် လုပ် ဆောင်ဖို့ကလည်း အရေးကြီးလာပါတယ်။ အဓိကတော့ သက်ကြီးများရဲ့ လူမှုရေး၊ ကျန်းမာရေး၊ စောင့်ရှောက်မှုအပိုင်းများကို လုပ်ဆောင်ပေးဖို့လိုပါတယ်။ သက်ကြီးသူ တိုင်းက အသက်ရှင်ဖို့ လိုအပ်ပါတယ်။ ဒါ့ အပြင် မိသားစုဝင်များကလည်း ပူးပေါင်း ပါဝင်ဖို့လိုအပ်ပါတယ်။ အဓိကတော့ သက် ကြီးများအတွက် ဝင်ငွေရှိမှုက ပိုပြီးအရေး ကြီးပါတယ်”ဟု အပြည်ပြည်ဆိုင်ရာ သက် ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ (မြန်မာ) မှ မြန်မာနိုင်ငံလုံးဆိုင်ရာ တာဝန်ခံ ဒေါ်ခက် ဖြူက ပြောသည်။

သက်ကြီးရွယ်အိုများ၏ ဘဝလုံခြုံ စိတ်ချရရေးအတွက် အမျိုးသားအဆင့် သက်ကြီးမူဝါဒတစ်ရပ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲခဲ့ပြီး သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကို ဒီဇင်ဘာလ ၃ဝ ရက်တွင် ပြည်ေ ထာင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက် သည်။

လက်ရှိ မြန်မာနိုင်ငံ လူဦးရေ၏ ၄ ဒသမ ၇၅ သန်းခန့်သည် အသက် ၆ဝ အထက် သက်ကြီးရွယ်အိုများဖြစ်ကြပြီး နိုင်ငံ၏ ၉ ရာခိုင်နှုန်းေ ကျာ်ခန့်သည် သက် ကြီးများဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှသိရသည်။

    မြန်မာနိုင်ငံ၌ အသက် ၆ဝ နှင့်အထက် လူဦးရေသည် ခရစ်နှစ် ၂ဝ၅ဝ တွင် နိုင်ငံ လူဦးရေ၏ လေးပုံတစ်ပုံအထိရှိလာနိုင် ကြောင်း အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ် အို စောင့်ရှောက်ရေးအဖွဲံ့Help Age International  နှင့်ကုလသမဂ္ဂလူဦးရေရန်ပုံ ငွေအဖွဲ့ (UNFPA) တို့၏ စစ်တမ်းအရ သိ ရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*