မန်းတွင် တပ်မတော် ထောက်ခံပွဲ ပထမဆုံး အကြိမ် ပြုလုပ်မည်

မန်းတွင် တပ်မတော် ထောက်ခံပွဲ ပထမဆုံး အကြိမ် ပြုလုပ်မည်
January 6, 2017 Asian Fame

11:08 am
မန်းတွင် တပ်မတော် ထောက်ခံပွဲ ပထမဆုံး အကြိမ် ပြုလုပ်မည်

(မန္တလေး၊ ဇန်နဝါရီ ၃)

မန္တလေးမြို့၌  ဇန်နဝါရီ ၁၅ ရက်တွင် တပ်မတော် ထောက်ခံ ပွဲတစ်ခု ပြုလုပ် သွားမည်ဖြစ် ကြောင်း သိရသည်။

”ကာကွယ်ရေး ကဏ္ဍမှာ မရှိ မဖြစ်က မြန်မာ့တပ်မတော်ပါ၊ ရှေ့ တန်းရောက် တပ်မတော်သား တွေကို စိတ်ဓာတ် အားပေးတဲ့ အနေနဲ့ တပ်မတော်ထောက်ခံ ပွဲလုပ်သွားမှာပါ။ မန္တလေးမြို့ ကိုပတ်ပါမယ်။ တိုင်းပြည် အတွက် အသက်စွန့် ကာကွယ်ပေးနေကြတဲ့ တပ်မတော် သားတွေကို ဂုဏ်ပြု တာလည်း ဖြစ်ပါတယ်” ဟု ပွဲ ကျင်းပနိုင်ရေး ပါဝင်ကူညီသူ  ကမ္ဘာမြေအောင် အိမ်၊ ခြံ၊ မြေလုပ် ငန်းပိုင်ရှင် ဦးထွန်းနိုင်က ပေါ်ပြူ လာနယူးစ် သို့ ပြောသည်။

အဆိုပါ ထောက်ခံပွဲတွင် ဦး လှဆွေ၊ ဦးကျော်မျိုးရွှေနှင့် အငြိမ်း စားကျောင်းဆရာ ဦးမျိုးချစ် တို့က ဟောပြောကြမည်ဖြစ်ပြီး လမ်း လျှောက် ဆန္ဒဖော်ထုတ်ရာ တစ် လျှောက် ရဟန်း သံဃာတော်များ လည်း ပူးပေါင်း ပါဝင်မည်ဖြစ် ကြောင်း သိရသည်။

ပွဲစီစဉ်သူ ကိုနေနီအောင်က ”ဒီပွဲနဲ့ ပတ်သက်ပြီး ဆန့်ကျင်ဘက် အတွေးတွေ များပါတယ်။ တိုင်းရင်း သားတွေ နဲ့ ရင်ကြားစေ့ရေး လုပ် နေတဲ့ အချိန်မှာ ဒီပွဲကြောင့် ငြိမ်း ချမ်းရေးနဲ့ ဝေးသွားနိုင်တယ် လို့ ပြောနေသံတွေ ကြားနေ ရပါတယ်။

ကျွန်တော်တို့က လက်ရှိ လုပ်နေတဲ့ ငြိမ်းချမ်းရေး ညီလာခံကို ပျက် စီးအောင် နှောင့်နှေးအောင် လုပ် နေတာမဟုတ်ပါဘူး။ ပြည်သူတွေ ကိုပစ်မှတ်ထားပြီး အကြမ်းဖက် နေကြတဲ့ အဖွဲ့အစည်းတွေကို လည်း ဒီပွဲမှာ ရှုတ်ချ သွားမှာပါ” ဟု ပြောသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၂၈ ခုကို ဖိတ် ကြားထားကြောင်း သိရပြီး အထူး သဖြင့် မန္တလေး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ မတ္တရာ၊ စစ်ကိုင်းတို့မှ   ပြည်သူများ ပါဝင်မည် ဖြစ်ကြောင်း လည်း ကိုနေနီအောင် ဆိုသည်။

အဆိုပါ ထောက်ခံပွဲသို့  မည် သူမဆို ပူးပေါင်း ပါဝင်နိုင်ကြောင်း ဖိတ်ခေါ်ထားပြီး ဇန်နဝါရီ ၁၅ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်သွား မည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ထားသည်။

”ချမ်းအေးသာစံမြို့နယ် ရဲ သိပ္ပံ ဘောလုံးကွင်းဟောင်းမှာ စုရပ် လုပ်ပြီး အဲဒီကနေ မွန်းလွဲ ၁ နာရီ ထွက်ပါမယ်၊ အဲဒီကနေ လမ်း ၃ဝ အတိုင်း ဆန္ဒ ထုတ်ဖော်သွား မယ်၊ အဲဒီကနေမှ ၆၂ လမ်းအတိုင်း ဆက်သွားပြီး မနော်ရမ္မံ ဟစ်တိုင်မှာ ဟောပြောပွဲ ဆက်လုပ် သွားပါမယ်” ဟု ၄င်းကပြောသည်။

ထိုထောက်ခံပွဲကို  မန္တလေးမြို့ တွင် ပထမဆုံး အကြိမ်ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ မြန်မာ့ တပ်မတော် အပေါ် ထောက်ခံပွဲနှင့် အကြမ်း ဖက် လုပ်ရပ်များအား ဆန့်ကျင် ရှုတ်ချ ပွဲသာဖြစ်ကြောင်း ကိုနေနီ အောင်က ပြောသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*