မန်းတွင်ဒုတိယအကြိမ် ဆိုင်ကယ် စတန့်ပြပွဲ လုပ်မည်

မန်းတွင်ဒုတိယအကြိမ် ဆိုင်ကယ် စတန့်ပြပွဲ လုပ်မည်
January 6, 2017 Asian Fame

11:49 am
မန်းတွင်ဒုတိယအကြိမ် ဆိုင်ကယ် စတန့်ပြပွဲ လုပ်မည်

man-motor-cycle-stamp(မန္တလေး ဇန်နဝါရီ ၃)

KTM Myanmar မော်တော် ဆိုင်ကယ်ကုမ္ပဏီမှ စီစဉ်သည့် ဒုတိယ အကြိမ် ဆိုင်ကယ် စတန့် ပြပွဲကို ဇန်နဝါရီ ၁၄ ရက်တွင် မန္တလေးမြို့၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

”ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၁၆ ရက်တုန်း ကလည်း ပြင်သစ်စတန့် သမားနဲ့အတူ စတန့်ပြပွဲ လုပ်ခဲ့ပါ သေးတယ်။  ဒီနှစ် စတန့်ပြမယ့်သူ ကတော့ Rok Bagoros ပါ။ သူက စတန့်ပြသူတွေ ထဲမှာ အထင်ရှား ဆုံးနဲ့ မြန်မာပြည်က KTM ချစ်သူ၊ စတန့်ချစ်သူ လူငယ်တွေ သိထား ပြီး သား လူတစ်ယောက်ပါ။ မနှစ် ကပွဲပြီးတော့ စတန့် စိတ်ဝင်စားတဲ့ လူငယ်တွေက ဒီနှစ် ထပ်လုပ်ပေးဖို့ တောင်းဆိုကြလို့ အခု လို ဒုတိယ အကြိမ် ထပ်လုပ်ဖို့ စီစဉ်လိုက်တာ ပါ” ဟ KTM Myanmar မှ Digital Marketing Manager ကိုအာကာမင်း က ပြောသည်။

ပြပွဲတွင်ပြသမည့် စတန့် သမား Rok Bagoros သည် KTM Factory  မှ တရားဝင်ရွေး ချယ်ထားသော KTM ကိုယ်စားပြု Rider တစ် ဦးဖြစ်ပြီး  KTM မော် တော်ဆိုင်ကယ် များထဲမှ လူအများ စိတ်ဝင်စားမှု အရှိဆုံး နှင့် အသုံးပြုမှု အများဆုံး ဆိုင်ကယ် အမျိုးအစား KTM 200 DUKE ဖြင့် စတန့်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စတန့်ပြပွဲကို မန္တလေး မြို့ ၂၆ လမ်း၊ ၅၇ လမ်း နှင့် ၅၈ လမ်းကြားရှိ Best of the Best ကွင်း အတွင်း ပြုလုပ် သွား မည် ဖြစ်ပြီး ပြပွဲတွင် KTM Rider များအား Rok Bagoros က ၄င်းဓာတ်ပုံပါ သော Autograph Card ၏နောက်ကျောတွင် အမှတ်တရ  လက်မှတ်ရေးထိုး ပေးသွားမည် ဖြစ်ကြောင်း ကိုအာကာမင်း က ပြောသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*