အားလုံး နှုတ်ဆိတ်ထိုင်းမှိုင်းသွားတဲ့ခေတ်မှာ ပေါ်ပေါက်လာသင့်တဲ့ ပါတီ

အားလုံး နှုတ်ဆိတ်ထိုင်းမှိုင်းသွားတဲ့ခေတ်မှာ ပေါ်ပေါက်လာသင့်တဲ့ ပါတီ
January 5, 2017 Asian Fame

12:10 pm
အားလုံး နှုတ်ဆိတ်ထိုင်းမှိုင်းသွားတဲ့ခေတ်မှာ ပေါ်ပေါက်လာသင့်တဲ့ ပါတီ

myat-hlaine

ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးမှာ အခုအချိန်က နိုင်ငံရေးပါတီဆိုတာကို ပြည်သူတွေစိတ်ဝင်စားမှု သိပ်မရှိတော့ပါဘူး။ ပြောရမယ်ဆိုရင် နိုင်ငံရေးပါတီ ခေတ်ဟာ ထိုင်းမှိုင်းနေပါတယ်။ မဆလတစ်ပါတီကိုဖြုတ်ချပြီး ပါတီစုံဒီမိုကရေစီသဘောတရားအရ ပါတီတွေ ဖွဲ့ခွင့်ရခဲ့တဲ့ ၁၉၈၈ မှာပေါ်ပေါက်လာတဲ့ ပါတီတွေထဲမှာ ပြည်သူတွေစိတ်အဝင်စား ဆုံးပါတီတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ လူ့ဘောင်သစ်ပါတီပါပဲ။ လူ့ဘောင် သစ်ပါတီကို ပြည်သူတွေစိတ်ဝင်စားခဲ့တာ က ၈၈ လူထုအရေးတော်ပုံကို စတင် ပေါ်ပေါက်အောင် ဖောက်ခွဲခဲ့ပြီး ၈၈ လူထုအရေးတော်ပုံကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေ ဦးဆောင်ဖွဲ့ခဲ့တဲ့ပါတီ ဖြစ်လို့ပါ။ ချစ်ခင်စိတ်နဲ့အားပေးခဲ့ကြတာလို့ ပြောလို့ ရပါတယ်။

တိုင်းပြည်ကို တကယ်ဦးဆောင်နိုင်မယ်ဆိုပြီး ယုံကြည်အားကိုးပြီး စိတ်ဝင်စား ခဲ့တာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တစ်ပါတီတည်းပါ။
လူထုအားနဲ့ဖြုတ်ချလို့ ပြန်ပေါ်လာတဲ့ မဆလတစ်ဖြစ်လဲ တစညပါတီဆိုရင်ပြည် သူတွေရဲ့ စိတ်ဝင်စားမှုလုံးဝမခံရတဲ့အပြင်၊ ပြည်သူအများစုရဲ့ အမုန်းခံပါတီတစ်ခု ဖြစ်ခဲ့ရပါတယ်။ နောက် လွတ်လပ်ရေးရပြီး ကာလမှာ တိုင်းပြည်ကို ဦးဆောင်ခဲ့တဲ့ ဖဆပလပါတီတွေ ပြန်ပေါ်ထွက်ခဲ့ပေမယ့် အခုခေတ်မှာ ပြည်သူတွေစိတ်ပါဝင်စားမှု မရှိတော့ပါဘူး။ ၈၈ နောက်ပိုင်းကာလမှာ ပေါ်ပေါက်လာတဲ့ ပါတီများအနက် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တစ်ခုတည်း ကိုသာ ပြည်သူတွေ စိတ်ဝင်စားခဲ့တာပါ။ လွတ်လပ်ရေးဖခင်ကြီး အမျိုးသားခေါင်း ဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ပါတီ ဖြစ်လို့လည်း ပါပါတယ်။ ပြည်သူတွေရဲ့ နှလုံးသားထဲက ပါတီဖြစ်ခဲ့ပါတယ်။

စစ်အာဏာရှင်အစိုးရလက်ထက် ဖိနှိပ် နေတဲ့ကာလမှာတောင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အတွက် အသက်နဲ့ရင်းခဲ့ကြ သူတွေ၊ ထောင်အကျခံခဲ့ကြသူတွေ၊ ဘဝ ပျက်ခံခဲ့သူတွေအများကြီး ရှိနေရလောက် အောင် စိတ်ဝင်စားမှုကို ပြသနိုင်ခဲ့ပါတယ်။ အသိသာဆုံးက ၁၉၉ဝ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့စိတ်ဝင်စားမှု အထွတ်အထိပ် ကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့်၊ ပြည်သူတွေ စိတ်ဝင်စားတဲ့ ပါတီကို နည်းမျိုးစုံနဲ့ နှိပ်ကွပ်ခဲ့ပြီး ပါတီ ဆိုင်းဘုတ်ချည်းကျန်အောင် လုပ်ခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့လည်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နဲ့ နိုင်ငံရေးကို စိတ်မဝင် စားအောင် နည်းမျိုးစုံကျင့်သုံးပြီး လုပ်ခဲ့ပါ တယ်။

၂ဝ၁ဝ ရွေးကောက်ပွဲမှာလည်း ကြံ့ ခိုင်ရေးပါတီသာ အာဏာရလာခဲ့တာ ကြောင့် ဒီမိုကရေစီစနစ်အရ ရွေးကောက် ပွဲနဲ့ လွှတ်တော်၊ အရပ်သားအစိုးရ ပေါ် ပေါက်ခဲ့ပေမယ့် နိုင်ငံရေးပါတီဆိုတာကို ပြည်သူတွေ စိတ်မဝင်စားခဲ့ပါဘူး။ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးပြီးနောက်၊ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ခိုင်း မှ ပြည်သူတွေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြန်စိတ်ဝင်စားခဲ့ကြတယ်။ ၂ဝ၁၆ မှာ နိုင်ငံရေးပါတီကို ပြည်သူ တွေပြန်စိတ်ဝင်စားမှု အမြင့်ဆုံးအခြေအ နေမှာ ရှိနေတယ်ဆိုတာ ပြခဲ့ကြပါတယ်။ ဒါပေမယ့်၊ ပြည်သူတွေ စိတ်ဝင်တ စားနဲ့ စောင့်ကြည့်နေတဲ့ကာလ ဆိုတဲ့ရွေး ကောက်ပွဲအကြိုနဲ့ နောက်ပိုင်းကာလတွေ မှာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေဖြစ် မလာတာ၊ စိတ်ပျက်စရာတွေဖြစ်ပျက်နေ တာတွေကနေစပြီး နိုင်ငံရေးနဲ့ နိုင်ငံရေး ပါတီဆိုတာကို ပြည်သူတွေ စိတ်ဝင်စားမှု တစတစ အားနည်းသွားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာ ဏာရအစိုးရအနေနဲ့ ဖြစ်သွားတဲ့အခါ ပြည် သူတွေ လေးစားယုံကြည်အားကိုးပြီးသူတစ် ယောက်တည်းနဲ့ ပါတီကို ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ အရ ပါတီကို ဦးမဆောင်နိုင်တော့တာ ကြောင့်လည်း ပါတီကို ပြည်သူတွေ စိတ် ဝင်စားမှုနည်းသွားခဲ့တာပါ။ပြည်သူတွေရဲ့ စိတ်ဝင်စားမှုရနေတဲ့ တစ်ခုတည်းသော ပါတီဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စိတ်မဝင်စားတော့ တာဟာလည်း နိုင်ငံရေးနဲ့ နိုင်ငံရေးပါတီ တွေကို စိတ်ဝင်စားမှု မရှိသလောက်ဖြစ် သွားတဲ့ အခြေအနေပါ။ နောက်အရေး အကြီးဆုံး အချက်အနေနဲ့ ပြောရရင်၊ စစ် အစိုးရခေတ် နောက်ပိုင်းမှာ ပထမဆုံးပြန် လည်ပေါ်ပေါက်လာတဲ့ လွှတ်တော်ထဲမှာ အတိုက်အခံပါတီ အားနည်းတာပဲ ဖြစ်ပါ တယ်။ ၂ဝ၁ဝ ကနေ ၂ဝ၁၅ ထိ ကြံ့ခိုင်ရေး ပါတီ ကြီးစိုးခဲ့တဲ့ လွှတ်တော်မှာရော၊ ၂ဝ၁၅ က နေ အခုအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကြီးစိုးတဲ့ လွှတ်တော်မှာရော အတိုက် အခံပါတီက အားမကောင်းခဲ့ပါဘူး။ တစ် ပါတီစနစ်လိုမျိုး ဖြစ်နေခဲ့ပါတယ်။ လွှတ် တော်ထဲမှာ အတိုက်အခံပါတီက အား ကောင်းမှ ပါတီနိုင်ငံရေးဆိုတာကို ပြည် သူတွေ စိတ်ဝင်စားလာကြမှာပါ။

နိုင်ငံရေးပါတီကို ပြည်သူတွေ စိတ် မဝင်စားမှုတွေ စလာတဲ့အပြင် စိတ်ပျက်မှုတွေပါ ဖြစ်လာပါတယ်။ ပြည်သူတွေချစ်ခဲ့တဲ့ပါတီ၊ အားကိုးအားထား ပြုခဲ့တဲ့ပါတီ ဖြစ်နေတာကြောင့်လည်း ပြည်သူတွေ အနေနဲ့ နှုတ်ပိတ်နေခဲ့ပါတယ်။ ဘယ်သူမှ ထောက်ပြ မဝေဖန်ချင်ကြပါဘူး။ မဝေ ဖန်ရဲတာ မဟုတ်ပေမယ့် ဒီမိုကရေစီခေတ် ကို ခုမှစပြီး တည်ဆောက်နေတော့ အမှား တွေကို မဝေဖန်ချင်တာ၊ အချိန်တစ်ခုပေး ပြီး စောင့်ကြည့်ချင်တာတွေကနေ ထိုင်း မှိုင်းသွားတော့တာပါပဲ။ သို့ပေမယ့် အပြု သဘောနဲ့ ဝေဖန်ထောက်ပြသူတွေတောင် အပြစ်ပြောခံနေရပါတယ်။ အဲဒီတော့ ဝေ ဖန်ထောက်ပြသူတွေကလည်း ပါးစပ်တွေ ပိတ်ကုန်ကြတယ်။ ဘယ်လောက်ပဲ စေတနာရှိရှိ၊ တစ်ယောက်တည်း ဝေဖန်ထောက် ပြသူတွေ မပြောရဲတော့၊ မပြောချင်တော့ အောင် နှုတ်ဆိတ်ထိုင်းမှိုင်း ပစ်လိုက်ကြပါတယ်။

ဒီလိုအခြေအနေ၊ ဒီလိုခေတ်မှာ ဝေ ဖန်ထောက်ပြနိုင်မယ့် အတိုက်အခံပါတီ ကြီးတစ်ခုတော့ လိုအပ်နေပါပြီ။ ပြည်သူ တွေ ယုံကြည်ရမယ့်သူတွေ စုဖွဲ့ထားတဲ့ ပါတီတစ်ခုတော့ ဖြစ်ဖို့လိုပါတယ်။ ပြည်သူ တွေ ချစ်ခဲ့တဲ့ပါတီကို ထောက်ပြဝေဖန် မယ့် ပါတီအနေနဲ့လည်း ပြည်သူတွေချစ်ဖို့၊ ပြည်သူတွေအားထားဖို့၊ ပြည်သူတွေ ယုံ ကြည်ဖို့လိုပါတယ်။

အပွင့်လင်းဆုံးပြောရမယ်ဆိုရင်၊ အခုအချိန်မှာ ပြည်သူတွေ ယုံကြည်နေဆဲက ၈၈ ကျောင်းသားမျိုးဆက်များပါ။ ၈၈ မျိုး ဆက် ကျောင်းသားဟောင်းများအနေနဲ့ ပါတီဖွဲ့ဖို့ လိုအပ်နေပါပြီ။ ၈၈ မျိုးဆက် ပါတီအနေနဲ့လည်း ၂ဝ၂ဝ ရွေးကောက်ပွဲ ဝင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်သက်သက်မထား ဘဲ၊ အခုလက်ရှိ အခြေအနေတွေပေါ်မှာ ဖြစ်ပျက်နေတဲ့ နိုင်ငံ့အရေးကို ရဲရဲဝံ့ဝံ့ ထောက်ပြဝေဖန်ဖို့ကိုလည်း တာဝန်ရှိတယ် ဆိုတာ ရည်ရွယ်ချက်တစ်ခုအနေနဲ့ထားဖို့ လိုအပ်ပါတယ်။ လက်ရှိအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ခေတ်တစ်ခေတ် ပြောင်းမယ့် အချိုးအကွေ့တစ်ခုမှာ ဝန်းရံ ကူညီတွန်းပေးခဲ့သလို၊ ပြောင်းလဲလာတဲ့ ဒီမို ကရေစီခေတ် တည်ဆောက်ရေးမှာလည်း အမှားတွေကို ထောက်ပြဝေဖန်မှုကလည်း ကူညီမှုပါပဲ။

ဒီလို အတိုက်အခံပါတီတစ်ခု အား ကောင်းမောင်းသန်ပေါ်ပေါက်လာဖို့ ပြည် သူတွေနဲ့အတူ ရပ်တည်ပြီး ပြည်သူတွေရဲ့ အသံကိုနားစွင့်၊ ပြည်သူတွေရဲ့ ထိုင်းမှိုင်း နေတဲ့စိတ်တွေကို ပြန်နှိုးဆွဖို့ လိုအပ်ပါ တယ်။ ဒီမိုကရေစီခေတ်ကို တည်ဆောက် သူက တည်ဆောက်နေသလို၊ ပြုပြင် ထောက်ပြဝေဖန်နိုင်သူက ဝေဖန်ထောက် ပြနေမှ အခုထက်မြန်အောင် တည်ဆောက် နိုင်ပါလိမ့်မယ်။

အာဏာရပါတီရော အတိုက်အခံ ပါတီကပါ ဒီမိုကရေစီခေတ်ကို ရောက်ချင် တဲ့တူညီတဲ့ စေတနာတွေထက်သန်စွာ ထားရင် ပြည်သူတွေပြန်ပြီး စိတ်ဝင်စားလာ နိုင်ပါတယ်။ အခုအချိန်မှာ အတိုက်အခံ ပါတီတစ်ခု ပေါ်ပေါက်ဖို့ နောက်တောင် ကျနေပါပြီ။ ဒီမိုကရေစီစနစ်မှာ အာဏာ ရပါတီအတွက် အတိုက်အခံပါတီမရှိရင်ဘဲ ဖြစ်ဖြစ်၊ အတိုက်အခံပါတီမပြောရဲ မဆိုရဲ မဝေဖန်ရဲရင်ပဲဖြစ်ဖြစ်၊ ပြည်သူ့ပါတီက နေ အာဏာရှင်ဆန်တဲ့ ပါတီဖြစ်သွားတတ်ပါတယ်။ အခုအချိန်မှာ ၈၈ မျိုးဆက်ပါတီ ပေါ်ပေါက်လာမယ်ဆိုရင်လည်း၊ ၈၈ ခုနှစ် တုန်းက ပြည်သူတွေရဲ့ ချစ်ခင်အားပေး မှုကိုတင် မဟုတ်ဘဲ၊ ၈၈ မျိုးဆက်တွေရဲ့ ဖြတ်သန်းလာမှုတွေ ရင့်ကျက်နေကြပါပြီ။ နိုင်ငံရေးအတွေ့အကြုံတွေ အများအပြား ရနေခဲ့ကြပါပြီ။ တိုင်းပြည်အပေါ်ထားတဲ့ စေတနာမှန်မှန်နဲ့ ဦးတည်ချက် ချမှတ်ဖို့ပဲ လိုပါတော့တယ်။ ကျွန်တော့်တို့ နိုင်ငံမှာ တစ်ပါတီစနစ် ဆိုးအောက်မှာ နေခဲ့ဖူးပါပြီ။ ဒီမိုကရေစီ စနစ်မှာလည်း လိုအပ်နေတာ အင်အား ကောင်းတဲ့ အတိုက်အခံပါတီတစ်ခုပါ။ ဒီ လိုအပ်နေတဲ့ အချက်ပြည့်စုံမှလည်း ဒီမို ကရေစီစနစ်ကို ဖော်ဆောင်နိုင်မှာပါ။ မပြည့်စုံသေးတဲ့ ဒီမိုက ရေစီလမ်းကျဉ်းကို ပိုကျယ်အောင် ဖောက်နိုင်ပါလိမ့်မယ်။ ပြည်သူတွေ နှုတ်ဆိတ်နေတဲ့ ထိုင်း မှိုင်းမှုတွေ ပြန်လည်ပွင့်လင်း လွတ်လပ်ပါ စေ။

မြတ်လှိုင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*