”ဝန်ထမ်းတစ်ဦးဟာ စားဝတ်နေရေးလုံလောက်မှုရှိဖို့ လိုပါတယ်။ ဒါမှလည်း သူ့ရဲ့အလုပ်တွေကို အေးအေးချမ်းချမ်းလုပ်နိုင်မှာပါ။ တပ်ဖွဲ့ဝင်တွေကိုယ်စားပြောရရင် ဒါဟာ မင်္ဂလာရှိတဲ့ သတင်းပါ”

”ဝန်ထမ်းတစ်ဦးဟာ စားဝတ်နေရေးလုံလောက်မှုရှိဖို့ လိုပါတယ်။ ဒါမှလည်း သူ့ရဲ့အလုပ်တွေကို အေးအေးချမ်းချမ်းလုပ်နိုင်မှာပါ။ တပ်ဖွဲ့ဝင်တွေကိုယ်စားပြောရရင် ဒါဟာ မင်္ဂလာရှိတဲ့ သတင်းပါ”
January 5, 2017 Asian Fame

12:11 pm
”ဝန်ထမ်းတစ်ဦးဟာ စားဝတ်နေရေးလုံလောက်မှုရှိဖို့ လိုပါတယ်။ ဒါမှလည်း သူ့ရဲ့အလုပ်တွေကို အေးအေးချမ်းချမ်းလုပ်နိုင်မှာပါ။ တပ်ဖွဲ့ဝင်တွေကိုယ်စားပြောရရင် ဒါဟာ မင်္ဂလာရှိတဲ့ သတင်းပါ”

per

၂ဝ၁၇ နှစ်သစ်အတွက် မင်္ဂလာသတင်းတစ်ခုမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ရိက္ခာထောက်ပံ့ငွေတစ်ရက်လျှင် တစ်ထောင်ကျပ်နှုန်းမှ ၁၈ဝဝ ကျပ်နှုန်း တိုးမြှင့်ခံစားခွင့်ပြုလိုက်သည်ဆိုခြင်းပင်ဖြစ်၏။ ယင်သို့ တိုးမြှင့်ခံစားခွင့် ပြုခြင်းကို ပြည်ထောင်စုဝန်ကြီးရုံးမှ ပြည်ထောင်စုအစိုးရထံတင်ပြခဲ့ရာ ခွင့်ပြုမိန့်ရရှိပြီးဖြစ်သဖြင့် ၂ဝ၁၇ ခုနှစ်၊ ဇန်န ဝါရီလ(၁)ရက်နေ့မှ စတင်၍ ခံစားခွင့်ရကြလေပြီ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သူတို့၏ မိသားစုများသည်လည်း ပြည်သူပြည်သားများပင်ဖြစ်ကြသောကြောင့် ပြည်သူတို့အတွက် မင်္ဂလာသတင်းကို ပြည်သူတိုင်းက မုဒိတာပွား ကြပါစေသတည်း။ ထို့ကြောင့် အဆိုပါ မင်္ဂလာသတင်းနှင့်ပတ်သက်၍ နယ်ပယ်ကဏ္ဍအသီးသီးရှိ ပြည်သူတို့၏ အမြင်များကို တင်ပြလိုက်ပါသည်။

ဒေါ်သန္တာ
(အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်၊
နိုင်ငံသားမူလအခွင့်အရေးကော်မတီ)

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က သူ့ရဲ့ တပ်ဖွဲ့ဝင်တွေကို ခံစားခွင့် ပိုမိုပေးအပ်လိုက်တဲ့အပေါ် ကျွန်မအနေနဲ့ ကန့်ကွက်စရာ မရှိပါဘူး။ ရဲတပ်ဖွဲ့ဟာ ၂၄ နာရီ တာဝန် ထမ်းဆောင်ရတဲ့အတွက် ပေးသင့်တယ်လို့ပဲ ပြောပါရစေ။ နိုင်ငံတော်က ခေတ်နဲ့ လျော် ညီတဲ့ ခံစားမှုတွေ ပေးအပ်လိုက်တဲ့အပေါ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ကျေးဇူးသိတတ်ပြီး သူတို့နဲ့ သက်ဆိုင်တဲ့အလုပ်ကို ထိထိရောက်ရောက် လုပ်ပေးသင့်တယ်လို့ ပြောပါရစေ။ ဒါမှလည်း တရားဥပဒေစိုးမိုး ရေးအပိုင်းက ထိရောက်မှုရှိသွားမှာ ဖြစ်တယ်။

ဦးခင်ချို
(အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်၊
ပြည်သူ့ငွေစာရင်းကော်မတီ)

ရိက္ခာအနေနဲ့ တိုးပေးလိုက်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင် ဝင်ငွေပမာဏဟာများတယ်လို့ ဆိုလို့မရပါဘူး။ ယနေ့ခေတ်အခါအရ ပြော ရမယ်ဆိုရင်ပေါ့လေ။ ၁၈ဝဝ ဆိုတာ အပြင် မှာ ထမင်းတစ်ခါစားပဲ ရှိပါတယ်။ ဒီ့ထက် တောင်ပိုပြီး တိုးပေးဖို့ လိုတယ်။ နောက် ကြောင်းရှင်းရှင်းနဲ့ ရဲတွေ အလုပ်လုပ်နိုင်ဖို့ လိုတယ်။ ဒါမှလည်း အဂတိတရားတွေကင်းစင်မှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ကြို ဆိုတယ်။ ဒီ့ထက်တောင် ပိုတိုးပေးသင့်တယ် လို့ ပြောချင်ပါတယ်။ နိုင်ငံမှာ ရဲတပ်ဖွဲ့က အရေးကြီးပါတယ်။ ပြည်သူတွေ လုံလုံခြုံခြုံနဲ့ အေးအေးချမ်းချမ်းနေနိုင်ဖို့ သူတို့တွေ ပြည့် စုံဖို့လိုတယ်။

ရဲမှူးချုပ် မြဝင်း
(အမှတ် -၂၊ လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့
ကွပ်ကဲရေးမှူး )

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စွမ်းဆောင်ရည် မြင့်မားတိုးတက်ရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်ဟာ ရရှိတဲ့ ဘဏ္ဍာငွေကြေးပေါ် မူတည်ပြီး လုပ်ဆောင်ပေးခဲ့ကြတာ ရှိခဲ့ကြ ပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက လည်း ဝတ်စုံတွေ၊ ရုံးသုံးစရိတ်တွေ၊ တရားခံ ဖမ်းဆီးမှုအတွက်စရိတ်တွေ၊ အဆောက် အအုံတွေ၊ ရုံးတွေနဲ့ ကားတွေ ထောက်ပံ့ပေး ခဲ့တာကိုလည်း တွေ့ရပါမှာပါ။ ခုလည်းပဲ တာဝန်ရှိသူ အဆင့်ဆင့်က သက်ဆိုင်ရာကို တင်ပြပြီး တိုးပေးလိုက်ပါပြီ။ ဝန်ထမ်းတစ်ဦး ဟာ စားဝတ်နေရေး လုံလောက်မှုရှိဖို့ လိုပါ တယ်။ ဒါမှလည်း သူ့ရဲ့အလုပ်တွေကို အေး အေးချမ်းချမ်း လုပ်နိုင်မှာပါ။ တပ်ဖွဲ့ဝင်တွေ ကိုယ်စားပြောရရင် ဒါဟာ မင်္ဂလာရှိတဲ့ သတင်းပါ။ အခြားအခြားသော ထောက်ပံ့ မှုတွေ ဥပမာ ရဲတပ်ဖွဲ့ဝင် အမျိုးသားများ အတွက် ဦးထုပ် စတာတွေကိုလည်း ဆက် တိုက် ရရှိသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ဦးခင်မောင်လှ
(အငြိမ်းစား ရဲအရာရှိ)

ထောက်ပံ့မှု ပိုမိုတိုးလိုက်တဲ့ နောက် ဆက်တွဲကတော့ ရဲရဲ့ပုံရိပ်တွေ အခုထက် ပိုပြီးကောင်းလာဖို့ ရှိသွားပါလိမ့်မယ်။ ရဲ တပ်ဖွဲ့ဟာ ၂၄ နာရီ တာဝန်ထမ်းဆောင်ရ တယ်။ ရဲတပ်ရင်းတွေကတော့ အထိုင်နဲ့ လုပ်ရတာဆိုတဲ့အတွက် စုပေါင်းစပ်ပေါင်း ချက်စားလို့ရတယ်။ နယ်မြေမှာ လှုပ်ရှားနေ တဲ့ ရဲတွေကတော့ တာဝန်ထမ်းဆောင် ရင်း ကြုံတဲ့နေရာမှာပဲစားရတယ်။ အရင်တုန်းက ထောက်ပံ့မှုနည်းတဲ့အတွက် မပြည့်မစုံဖြစ် တယ်။ မလိုလားအပ်တဲ့ ပြဿနာတွေရှိ တယ်။ ခုတော့ ဒါတွေဟာ လျော့နည်းသွား မှာပေါ့။ သို့သော်လည်းပဲ ဒီငွေဟာ လုံ လောက်တဲ့ငွေတော့ မဟုတ်ဘူး။ သို့ပေမယ့် ခြိုးခြိုးခြံခြံ စားလို့တော့ရတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေက လူကုန်ကူးခံရတဲ့သူတွေ ကို တစ်နေ့ ငွေကျပ် ၂၅ဝဝ ထက် မပိုတဲ့စား စရိတ်ပေးတယ်။ အဲဒါနဲ့ ယှဉ်လိုက်ရင် နည်း နေသေးတယ်။ တစ်ဖက်ကလည်း ပြန်ကြည့် ရင် လွန်ခဲ့တဲ့ ၂ဝဝဝ၊ ၂ဝဝ၁ လောက်က ရဲတပ်ဖွဲ့ဝင်တစ်ယောက်အတွက် ရိက္ခာက တစ်ရက် ၂ဝ ကျပ်ပဲရတယ်။ အဲဒီငွေနဲ့ယှဉ် လိုက်ရင် အများကြီးသာတယ်လို့ ပြောလို့ ရတယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပံ့ပိုးသင့် ပံ့ပိုး ထိုက်တဲ့ ငွေရေးကြေးရေးတွေနဲ့ ထောက်ပံ့မှု တွေကို လုပ်ပေးမယ်ဆိုရင်တော့ ရဲတပ်ဖွဲ့ဝင် တွေဟာ သူ့အလုပ်ကို သူ ကောင်းကောင်း လုပ်လာကြပါလိမ့်မယ်။

မခင်မြတ်နိုး
(ဒုတိယဥက္ကဋ္ဌ၊ SUNDEW MYANMAR)

အခုလို တိုးပေးတာကတော့ ဝမ်းသာစရာပါ။ စားဝတ်နေရေးအတွက် ပူပန်နေစရာမလိုဘူးဆိုရင် ဘယ်ဝန်ထမ်းမဆို ကိုယ့်ရဲ့တာဝန်ကို စိတ်အေးလက်အေးနဲ့ ကျေပွန် အောင်ထမ်းဆောင်လို့ရတာပေါ့။

ကိုကျော်ကိုကို
ဗကသအဖွဲ့ဝင်ဟောင်း

ရဲတပ်ဖွဲ့ဝင်တွေအတွက် တစ်နေ့တာ ရိက္ခာထောက်ပံ့မှုတွေကို ၁ဝဝဝ ကနေ ၁၈ဝဝ တိုးပေးလိုက်တယ် ဆိုတဲ့သတင်းကို ဖတ်လိုက်ရပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ အခုလို တိုးပေးလိုက်တာဟာ ဘယ်လိုစံနှုန်း တွေနဲ့ စိစစ်ပြီး တိုးပေးလိုက်တာလဲ။ ဒါကို တော့ မသိပါဘူး။ သို့သော်လည်းပဲ ယနေ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေကို လက်တွေ့ ကျကျသုံးသပ်ဖို့ လိုနေပါပြီ။ လက်ရှိ ခံစား နေရတဲ့လစာတွေ၊ ရပိုင်ခွင့်တွေ၊ ရနေမှုတွေ ဟာ တကယ့်ကို လုံလောက်မှု ရှိနေပြီလား။ မလုံလောက်ဘူးလားဆိုတဲ့ ကိစ္စပါ။ ၁ဝဝဝ ကနေ ၁၈ဝဝ တိုးပေးလိုက်တာနဲ့ ရဲဘဝတွေ ရဲ့အဆင့်အတန်း မြင့်မားလိမ့်မယ်လို့ မယူ ဆပါဘူး။ စားဝတ်နေရေး မပြေလည်မှုတွေ ကြောင့် ဒုစရိုက်မှုတွေကို မနှိမ်နင်းဘဲ အဲဒီ ဒုစရိုက်မှုတွေကနေ ဆက်ကြေးယူ၊ ထောက် ပံ့ကြေး ယူနေတယ်ဆိုတဲ့သတင်းတွေဟာ လူထုကြားထဲ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေ တာမကောင်းပါဘူး။ ဒါတွေဟာ လစာမလုံ လောက်မှုတွေရဲ့ နောက်ဆက်တွဲတွေပါ။ ရဲတပ်ဖွဲ့တွေရဲ့ ပြုပြင်ပြောင်းလဲမှုဟာ ငွေရေး ကြေးရေးက အဓိကကျနေလား၊ စိတ်ဓာတ် ပိုင်းဆိုင်ရာ ခံယူချက်ကြောင့်လား။ ဒါတွေ ကို ပြန်လည်သုံးသပ်ပေးပါလို့ပဲ ပြောချင်ပါတယ်။

ပေါ်ပြူလာနယူးစ်အဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*