ယခုဘဏ္ဍာနှစ်တွင် ယခင်နှစ်ကုန်သွယ်မှုထက် ကန်ဒေါ်လာ သန်း ၃၄ဝ ကျော် လျော့နည်းနေ

ယခုဘဏ္ဍာနှစ်တွင် ယခင်နှစ်ကုန်သွယ်မှုထက် ကန်ဒေါ်လာ သန်း ၃၄ဝ ကျော် လျော့နည်းနေ
January 5, 2017 Asian Fame

6:00 pm
ယခုဘဏ္ဍာနှစ်တွင် ယခင်နှစ်ကုန်သွယ်မှုထက် ကန်ဒေါ်လာ သန်း ၃၄ဝ ကျော် လျော့နည်းနေ

HEZ
ရန်ကုန်၊ ဇန်နဝါရီ ၂

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဒီဇင်ဘာအထိ မြန်မာ့ ကုန် သွယ်မှု အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၇ ဘီလျံကျော်ကို ရောက်ရှိ လာခဲ့ပြီ   ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနက ထုတ် ပြန်သည်။

ယခုဘဏ္ဍာနှစ်၏ ပို့ကုန် အပိုင်းတွင် အနည်းငယ်မြင့် တက်သော်လည်း သွင်းကုန်အ ပိုင်းတွင် ကျဆင်းလျက် ရှိသော ကြောင့်  ပြီးခဲ့ သည့် ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုထက် အမေရိကန်ဒေါ်လာ သန်း ၃၄ဝ ကျော် လျော့နည်းနေကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ပို့ကုန်တွင် လယ်ယာထွက် ပစ္စည်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁၈၉၄ သန်း၊ ရေထွက် နှင့် တိရစ္ဆာန်ထွက် ပစ္စည်း တင် ပို့မှုမှ အမေရိကန် ဒေါ်လာ ၃၆၅ သန်း၊ သတ္တု တွင်းထွက် ပစ္စည်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၆၈၁ သန်း၊ သစ်တော ထွက် ပစ္စည်းတင်ပို့မှုမှ အမေရိ ကန်ဒေါ်လာ ၁၆၆ သန်း၊ စက်မှု ကုန်ချောတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၃၄ဝ၉ သန်းနှင့် အ ခြား ပို့ကုန်ပစ္စည်း တင်ပို့မှုများမှ အမေရိကန် ဒေါ်လာ ၁၁၉၉ သန်း အထိ ရရှိထားသည်။

သွင်းကုန် အပိုင်းတွင် ရင်း နှီးမြှုပ်နှံမှု ကုန်ပစ္စည်းတင်သွင်း မှုမှ အမေရိကန်ဒေါ်လာ ၄၃၄၅ သန်း၊ လုပ်ငန်းသုံး ကုန်ကြမ်း ပစ္စည်းတင် သွင်းမှုမှ အမေရိကန် ဒေါ်လာ ၄ဝ၁၂ သန်းနှင့် လူသုံး ကုန်ပစ္စည်း တင်သွင်းမှုများမှ အမေရိကန်ဒေါ်လာ ၂၆၃၄ သန်း အသီးသီး ကုန်သွယ်နိုင်ခဲ့ သည်။

လက်ရှိဘဏ္ဍာနှစ်၏ သွင်း ကုန်၊ ပို့ကုန်ကွာခြားချက်သည် အမေရိကန်ဒေါ်လာ ၃၂၆၉ သန်းအထိ ရှိနေပြီး ပြီးခဲ့သော ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ် ရေးလိုငွေ ကန်ဒေါ်လာ ၄၃၁၅ သန်းနှင့် နှိုင်းယှဉ်ပါက အမေရိ ကန်ဒေါ်လာ တစ်ဘီလျံကျော် လျော့ကျနေသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*