မြန်မာစာသင်ဖို့ တက်တက်ကြွကြွ ရှိနေကြပါတယ်

မြန်မာစာသင်ဖို့ တက်တက်ကြွကြွ ရှိနေကြပါတယ်
January 4, 2017 Asian Fame

5:14 pm
မြန်မာစာသင်ဖို့ တက်တက်ကြွကြွ ရှိနေကြပါတယ်

educationပညာရေး ဝန်ကြီးဌာနက ရှမ်းပြည် နယ်ကို အခြေခံစာတတ်မြောက်ရေးလုပ် ငန်းစဉ် အသုံးပြုပြီး စာတတ်သူများလာ သည့် ပြည်နယ် တစ်ခုဖြစ် လာအောင် လုပ် ဆောင်တော့မည်ဟု သိရသည်။ အေးချမ်း မှုရှိပြီး လုံခြုံရေး အာမခံချက် ရှိသည့် မြို့ နယ် ၉ မြို့နယ်တွင် အဆိုပါ အစီအစဉ်ကို စတင်ဆောင်ရွက်မည်ဖြစ်ကာ စတင်မည့် ရက်ကို ဇန်နဝါရီ ၁၂ ရက်နေ့ဟု ပညာရေး ဝန်ကြီးဌာန က အတည်ပြုပြော သည်။

မြန်မာစာသင်ဖို့ တက်တက်ကြွကြွ ရှိနေကြပါတယ်

ရှမ်းပြည်နယ် တောင်ပိုင်း ၂၁ မြို့နယ် မှ တောင်ကြီးခရိုင် အတွင်းရှိ တောင်ကြီးမြို့ နယ်၊ ညောင်ရွှေမြို့နယ်၊ ဟိုပုန်းမြို့နယ်၊ ဆီဆိုင် မြို့နယ်၊ ကလေးမြို့နယ်၊ ရွာငံမြို့ နယ်၊ ရပ်စောက်မြို့နယ်၊ ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ်တို့တွင်ဖြစ်သည်ဟု ကျောင်း ပြင်ပနှင့် ဘဝ တစ်သက်တာ ပညာရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲ က ပြောသည်။

”အားလုံးဟာ မြန်မာစာသင်ဖို့ တက် တက်တက် ကြွကြွ ရှိနေကြပါတယ်”ဟု ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ပြောသည်။

ရှမ်းပြည်နယ်၏ စာတတ်မြောက်မှု အခြေအနေ

ရှမ်းပြည် နယ်သည် ခရိုင် ၁၄ ခု၊ မြို့နယ်၊ မြို့နယ်ခွဲ စုစုပေါင်း ၈၃ ခုတို့ဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ၆ သန်း နီးပါး နေထိုင် လျက်ရှိနေ သည်။ တိုင်းရင်း သားအများအပြား နေထိုင်ရာ တစ်ခုဖြစ် သည့် ရှမ်းပြည်နယ်သည် ပြည်နယ်အား လုံး၌ လူဦးရေ အများ ဆုံးဖြစ်ကာ နယ်မြေ ဧရိယာမှာလည်း အခြားသောပြည်နယ်များ ထက် ကျယ်ဝန်းသည်။

မြို့ပြ လူဦးရေသည် ၂၄ ရာခိုင်နှုန်း ရှိကာ ကျေးလက်တွင် နေထိုင်သူက ၇၆ ရာခိုင်နှုန်းရှိ နေသည်။

၂ဝ၁၄ ပြည်လုံးကျွတ် သန်းခေါင်စာ ရင်းအရ ရှမ်းပြည်နယ်သည် တစ်နိုင်ငံလုံး အတိုင်းအတာအရ စာမတတ်သူ အများ ဆုံးရှိနေသည့် ပြည်နယ် တစ်ခုဖြစ်သည်။

မည်မျှအထိ စာမတတ်သူ ရှိနေသနည်း ဆိုသော် တက္ကသိုလ်ဝင် စာမေးပွဲ အောင် ချက်ရာခိုင်နှုန်း နှစ်စဉ် ကျနေသည့် ချင်း ပြည်နယ်၊ ဖွံ့ဖြိုးမှု ဒုတိယ အနည်းဆုံးဖြစ် သည့် ရခိုင်ပြည်နယ် ထက်ပင် ရှမ်းပြည်နယ် က စာမတတ်သူ အရေအတွက် အချိုးအ စား အဆမတန် များနေသည် ကို တွေ့ရ သည်။ သန်းခေါင် စာရင်းတွင် ရှမ်းပြည်နယ် အတွင်း နေထိုင်သည့် အသက် ၁၅ နှစ်နှင့် အထက် လူ ၁ဝဝ လျှင် ၃၅ ယောက်ခန့်က စာမတတ်ကြဟု ဆိုထားသည်။

အစိုးရသစ်၏ ပညာရေးဆိုင်ရာ မျှော်မှန်းချက်

ရှမ်းပြည်နယ်သည် တစ်ပြည်နယ်လုံး အတိုင်းအတာအရ စာမတတ်သူ ၁၃ သိန်း ကျော်ရှိနေရာ ထိုကိန်းဂဏန်းကို အစိုးရ သစ်က အလျင်အမြန် လျှော့ချင်နေပုံရ သည်။ ပညာရေးဝန်ကြီး အသစ် ဒေါက်တာ မျိုးသိမ်းကြီးက နိုင်ငံတွင် စာမတတ်သူ ၅ သန်းကျော် ရှိနေကြောင်း၊ လက်ရှိ ဆောင် ရွက်နေသည့် နွေရာသီ လုပ်အားပေးဖြင့် တစ်နှစ်လျှင် ငါးသောင်းခန့်သာ စာမတတ် သူ လျော့ကျအောင် လုပ်နိုင်သည် ဆိုပါက စာမတတ်သူ ပပျောက်ရန် နှစ်ပေါင်း ၁ဝဝ လုပ်ရမည်ဖြစ်ကြောင်း စသည့်စကား တို့ကို ပြီးခဲ့သည့် အောက်တို ဘာလ နှောင်းပိုင်းက ပြောထားခဲ့သည်။

ထို့နောက် အစိုးရက ကယားပြည်နယ် လုံးကျွတ် စာတတ်မြောက်ရေး လှုပ်ရှားမှု၊ ယခု ရှမ်းပြည်နယ် တောင်ပိုင်း မြို့နယ်အ ချို့တို့တွင် စာတတ်မြောက်ရေး လှုပ်ရှားမှု စသည် တို့ကို ဆက်တိုက် လုပ်လာခဲ့သည်။

ထိုအရာတို့ကို ကြည့်ခြင်းအားဖြင့် အ စိုးရသစ်၏ ပညာရေးဆိုင်ရာ မျှော်မှန်းချက် ကို အထင်အရှားတွေ့နိုင်သည်။

”ကျွန်တော်တို့ နွေရာသီ စာတတ် မြောက်ရေးလှုပ်ရှားမှုအနေနဲ့ပဲ ဆောင် ရွက်လို့ မရတော့ပါဘူး။ အခြား အချိန်တွေ မှာလည်း လုပ်ရ မယ်” ဟု ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောသည်။

စိန်ခေါ်မှုတွေက ပြင်းထန်နေတယ်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ များဆုံးရှိနေ၍ အခြားပြည်နယ်များထက် တိုက်ပွဲ ပိုဖြစ်နေမှု၊ နယ်မြေဒေသ မအေး ချမ်းမှု၊ သွားလာ ရခက်ခဲမှု၊ မြန်မာစာမသင် ကြားကြမှု စသည့် အကြောင်းရင်းများ ကြောင့် ရှမ်းပြည်နယ်သည် စာမတတ်သူ အများအပြား ရှိနေသည်။

ယင်းအပြင် စားဝတ်နေရေး ပြဿနာ အတွက် အလုပ်လုပ် ရသည့် အရေး ကလည်း မြန်မာစာ မတတ်မှုကို ပို၍ တွန်းအားပေးခဲ့ သည်။

ထို့ကြောင့် ယင်းသံသရာထဲမှလွတ် ရန် ရှမ်းပြည်နယ်အတွင်း စာပေသင်ကြား ပေးမှဖြစ်တော့မည်ဟု တောင်ကြီးပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သန်းငွေ က ပြောသည်။

”မဟုတ်ရင် ဒီအဆိုး သံသရာထဲက လွတ်မှာကို မဟုတ်တော့ဘူး”ဟု သူမက ပြောသည်။ လက်ရှိတွင် တောင်ကြီးခရိုင် အတွင်းမှ ပင်းတယ မြို့နယ် မှလွဲ၍ တောင် ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဟိုပုန်းမြို့ နယ်၊ ဆီဆိုင်မြို့နယ်၊ ကလောမြို့နယ်၊ ရွာငံ မြို့နယ်၊ ရပ်စောက်မြို့နယ်၊ ပင်လောင်းမြို့ နယ်နှင့် ဖယ်ခုံမြို့နယ် ၉ မြို့နယ်တို့မှ အ သက် ၁၅ နှစ်နှင့် အထက် ပြည်သူ ၂၇ဝဝဝ ကျော်က စာသင်ရန် စာရင်း ပေးထားကြ သည်။

စာသင်ဝိုင်းပေါင်း ၂၇ဝဝ ဖွင့်လှစ်ရန် ဆောင်ရွက်ထားကြောင်း ကျောင်းပြင်ပနှင့် ဘဝတစ်သက်တာ ပညာရေးဦးစီးဌာန ညွှန် ကြားရေးမှူး ချုပ် ဒေါက်တာခိုင်မြဲက ပြော သည်။

သူပြောသည့် ပမာဏသည် ၂ဝ၁၄ ခု နှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်းနှင့် နှိုင်းယှဉ်ပါက ကွာဟမှုရှိနေသည်။

သန်းခေါင် စာရင်း၌ ယင်း ၉ မြို့နယ် တို့အတွင်း စာမတတ်သူ  တစ်သိန်းကျော် ရှိနေသည်ဟု ဆိုထားသည်။

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲ က ”စာရင်းက ခုမှ လုပ်တုန်း၊ နောက်ပိုင်း လည်း တိုးလာနိုင်တယ်။ ဆရာတို့က အ များကြီး သင်ပေးချင် ပါတယ်။ နေရာအကန့် အသတ်၊ လုံခြုံရေး အနေအထား ကလည်း ရှိသေးတယ်လေ။ တစ်ဖက်မှာလည်း မြန် မာစာသင်လို့ လူမျိုးကြီး ဝါဒလုပ်နေတာ လားဆိုတဲ့ မေးခွန်းတွေ လာမှာကိုလည်း စိုးရိမ်မိ ပါတယ်။ အမှန်ကတော့ မြန်မာ စာဟာ ရုံးသုံးစာ ဆိုတဲ့ အတွက် သူတို့ကို သိစေချင်တယ်၊ တတ်စေချင်တယ်။ ဒီရည် ရွယ်ချက်ပဲ ရှိနေပါတယ်”ဟု ပြောသည်။

ယခု စာရင်းပေးထားကြ သူတို့သည် အမှန်တကယ် သင်ချင်ကြသူတို့ ဖြစ်နေ သည်ကိုတွေ့ရ၍ ဝမ်းသာမိကြောင်း၊ စိုးရိမ် စိတ် လည်း လျော့ သွားကြောင်း သူက ဆက် ပြောသည်။

ပင်းတယဘာလို့ မပါတာလဲ

တောင်ကြီး ခရိုင်သည် မြို့နယ် ၁ဝ မြို့နယ်၊ မြို့နယ်ခွဲ ၃ ခုနှင့်  ဖွဲ့စည်းထား သည့် ခရိုင် တစ်ခု ဖြစ်သည်။ အစိုးရသစ်က ယခု ဆောင်ရွက် မည့် အစီအစဉ်တွင် ပင်း တယမှလွဲ၍ အားလုံးပါသည်။

စီမံချက် လုပ်ဆောင်မည့် နေရာသို့ နေပြည်တော် ရုံးချုပ်မှ ရောက်ရှိနေသည့် ဝန်ထမ်း တစ်ဦး၏ အဆိုအရ ပင်းတယမှ တာဝန်ရှိသူ တို့ သည် ပင်းတယတွင် စာမ တတ်သူ မရှိဟု ဆိုပြီး စာရင်းလာမတင်ကြ ဟု သိရသည်။

၂ဝ၁၄ သန်းခေါင် စာရင်းတွင် ပင်းတ ယ၌ စာမတတ်သူ ၃ဝဝဝ ကျော်ရှိသည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် စာရင်းမတင်သည့် အပေါ် ပညာရေးဝန်ကြီးဌာနက စစ်ဆေးသင့်သည် ဟု ထောက်ပြချင်သည်။

တိုင်းရင်းသား နိုင်ငံရေးပါတီတို့က ကြိုဆိုခဲ့ကြ

အစိုးရသစ်၏ လက်ရှိဆောင်ရွက်မှု ကို ရွာငံအခြေစိုက်၊ တောင်ကြီးအခြေစိုက်၊ တိုင်းရင်းသားပါတီအချို့တို့က ကြိုဆိုခဲ့ကြ သည်။

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါက်တာ ခွန်လှမောင်က ”မလုပ် တာကြာနေပြီလေ။ အခုလုပ်တာ ကောင်း တာပေါ့။ စာတတ်တော့ ကောင်းတာပေါ့”ဟု ပြောသည်။

ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေ စီပါတီ အထွေထွေ အတွင်းရေးမှူး ဦးကိုကို က ရုံးသုံးဘာသာကို နိုင်ငံသား တိုင်းတတ် သင့်သည် ဟု သူ့အမြင်ကို ဆိုသည်။

ယခု ရှမ်းပြည်နယ်၌ စာသင်ကြမည့် သူအချို့ကို ဆက်သွယ် မေးမြန်းကြည့်ရာ မြန်မာစာသင်ရမည့် အပေါ် ပျော်နေကြောင်း နှင့် အတင်း အကျပ် တိုက်တွန်းမှု မပါဘဲ စိတ်ရင်း အမှန်နှင့် ဖြစ်သည်ဟု ပြောခဲ့ကြ သည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အရ စာ မတတ်သူ အများဆုံးရှိနေသည့် ရှမ်းပြည် နယ်သည် ထိုအခြေအနေဆိုး မှလွတ်မြောက် ရန် အချိန်မည်မျှ ယူရမည်ဆိုသည်က စာ လာသင်သည့်သူပေါ်တွင်သာ တည်မှီနေ လေတော့သည်။

မင်းသုအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*