အစိုးရသစ် လက်ထက်တွင် သစ်ခိုးထုတ်သူ တရားခံ ငါးထောင်ကျော် ဖမ်းဆီးခဲ့

အစိုးရသစ် လက်ထက်တွင် သစ်ခိုးထုတ်သူ တရားခံ ငါးထောင်ကျော် ဖမ်းဆီးခဲ့
January 4, 2017 Asian Fame

11:49 am
အစိုးရသစ် လက်ထက်တွင် သစ်ခိုးထုတ်သူ တရားခံ ငါးထောင်ကျော် ဖမ်းဆီးခဲ့

(ရန်ကုန်၊ ဇန်နဝါရီ ၃)

အစိုးရသစ် လက်ထက် ဧပြီလ မှ နိုဝင်ဘာလ အထိ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် တရားမဝင် သစ်ဖမ်းဆီးရမိမှု တန်ချိန် သုံးသောင်း လေးထောင်ကျော် ရှိခဲ့ပြီး တရားခံ ပေါင်း ငါးထောင်ကျော် ဖမ်းဆီးရမိခဲ့ ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

တရားမဝင် သစ် ဖမ်းဆီးရာ၌ တရားခံ စုစုပေါင်း ၅၁ဝဝ ဦးဖမ်းဆီး ရမိပြီး မြန်မာ နိုင်ငံသား တရားခံပေါင်း ၅ဝ၉၇ ဦးနှင့် နိုင်ငံခြားသား ၃ ဦး ဖမ်းဆီး ရမိခဲ့ပြီး စုစု ပေါင်း တန်ချိန် ပမာဏ ၃၄၃၈၆ ဒသမ ၅၉၅၂ တန် ဖမ်းမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိမှု များတွင် မွန်ပြည်နယ် တွင် တရားခံ ၁၁ဝ၇ ဦးဖြင့် အများဆုံး ဖြစ်ပြီး ဒုတိယ အများဆုံး ဖြစ်သည့် စစ်ကိုင်းတိုင်း တွင် ၇၄၄ ဦးနှင့် အခြားပြည်နယ်နှင့် တိုင်း များတွင်လည်း ဖမ်းဆီးရမိကြောင်း၊ ၄င်း တို့နှင့်အတူ တရားမဝင် သစ်ခိုးထုတ်ရာ တွင် အသုံးပြုသည့် ယာဉ်ယန္တရားပေါင်း ၁၆ဝဝ ဖမ်းဆီးမိပြီး ကား ၁၁၆၂ စီး၊ ဆိုင် ကယ် ၂၁၅ စီး၊ မော်တော်စက်လှေ ၁၂၆ စီး၊ ထော်လာဂျီ ၈ဝ စီးတို့ကို ဖမ်းဆီးရမိ ကြောင်း သစ်တော ဦးစီးဌာနချုပ်ရုံး စစ် ဆေးရေးဌာနမှ စာရင်းများ အရသိရသည်။

ထို့အပြင် သစ်ခိုး ထုတ်ရာတွင် အသုံး ပြုသည့် လက်နက်များဖြစ်သော သစ်စက် အင်ဂျင် ၄၂၅ ခု၊ လွှဝိုင်း ၃၄၅ ခု၊ ချိန်း ဆောစက်လွှ ၂၆၂ ခုနှင့် အခြားဆက်စပ် သော လှည်း၊ ကျွဲ၊ နွား များကိုလည်း ဖမ်း ဆီးရမိကြောင်း အထက်ပါဌာနမှ သိရ သည်။

သစ်တော ဦးစီးဌာန အနေဖြင့် တရား မဝင်သစ်များ ခိုးယူ ထုတ်လုပ်မှုများကို ထိန်းသိမ်း ကာကွယ် တားဆီးခြင်းနှင့် ရှာဖွေဖော်ထုတ် ဖမ်းဆီး အရေးယူခြင်း စသည့် နည်းလမ်း (၂) ခုဖြင့် ဆောင်ရွက်ကြောင်း သစ်တော ဦးစီးဌာနချုပ်ရုံး စစ်ဆေးရေး ဌာနမှ ဒုတိယ ညွှန်ကြားရေး မှူး ဦးကျော် မျိုးထွေးက ပြောသည်။

ထို့ပြင် တရားမဝင် သစ်များ ခိုးယူမှု များမပေါ်မီ ကြိုတင် ကာကွယ်တားဆီးခြင်း နှင့် ခိုးယူ ထုတ်လုပ် သယ်ဆောင်နေမှုများ အား ရှာဖွေဖော် ထုတ် ဖမ်းဆီးအရေးယူ ခြင်းများကို ထိရောက်စွာ အရေးယူ ဆောင် ရွက်ကြောင်း ၄င်းက ဆက်ပြောသည်။

ဦးသိန်းစိန် အစိုးရ လက်ထက်တွင် တရားမဝင် သစ်ခိုးထုတ်ရာ၌ တရားခံ ၃၁၂၄ ဦး တရားဝင်ကြေညာထားပြီး ယခု အစိုးရသစ် လက်ထက် တွင် ၇လ အတွင်း တရားခံ ၅၁ဝဝ ဦး ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယခုအစိုးရသစ် လက်ထက် ၇ လအတွင်း ဖမ်းဆီးရမိခဲ့သည့် တရားမ ဝင်သစ် စုစုပေါင်း တန်ချိန် ၃၄၃၈၆ ကျော်နှင့် တရားခံ ၅ဝ၉၇ ကျော်ကို ချိန် ထိုးကြည့်လျှင် သစ်အနည်းငယ်နှင့် ဖမ်း ဆီးခံလိုက်ရသည့် သစ်ခိုးထုတ်သူ ဦးရေ သည် ယခုအစိုးရသစ် လက်ထက်တွင် တစ် ရှိန်ထိုး တက်လာနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ သစ်များအား ၇ မိနစ် လျှင် ၁ စီးနှုန်း နှစ်ပတ်လည် ပျက်ရက်မရှိ တရုတ် နိုင်ငံသို့ တရားမဝင် သစ်မှောင်ခို တင်ပို့နေသည်ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ပြော ဆိုထားသည်။

တရုတ်နိုင်ငံသို့ ခိုးထုတ်နေသည့် တရားမဝင်သစ်နှင့် ပတ်သက်၍ ကချင် ပြည်နယ် အတွင်း ၂ဝ၁၁ -၂ဝ၁၂ ဘဏ္ဍာ ရေးနှစ်မှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အထိ တရားမဝင်သစ် စုစုပေါင်း ၂၆၂၃၃ ဒသမ ၂၃၇၂ တန်ကို နိုင်ငံတော်က သိမ်းဆည်း နိုင်ခဲ့ပြီး၊ တရား ခံ နိုင်ငံသား ၈၆၁ ဦး၊ နိုင်ငံ ခြားသား ၁၇၆ ဦးတို့ကို ယာဉ်ယန္တရား ၁၅၉၈စီးနှင့် အတူ ဖမ်းဆီးခဲ့ကြောင်း၊ ယခု ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် အတွင်း၌ လည်း ထိုဒေသ၌ တရားမဝင်သစ် စုစု ပေါင်း ၉၁၆ဝ ဒသမ ၉၄၆၂ တန်ကို တရားခံနိုင်ငံသား ၁၃၃ ဦး၊ ယာဉ်ယန္တရား ၁ဝ၈ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနရုံးချုပ် စစ်ဆေးရေး ဌာနမှ သိရသည်။

ဝေရှိုင်းကျော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*