အင်ဒိုနီးရှား နှင့် မလေးရှားနိုင်ငံ တို့က ရခိုင်ဒေသသို့လာရောက် ကူညီရန် လျှောက်ထား

အင်ဒိုနီးရှား နှင့် မလေးရှားနိုင်ငံ တို့က ရခိုင်ဒေသသို့လာရောက် ကူညီရန် လျှောက်ထား
January 2, 2017 Asian Fame

1:50 pm
အင်ဒိုနီးရှား နှင့် မလေးရှားနိုင်ငံ တို့က ရခိုင်ဒေသသို့လာရောက် ကူညီရန် လျှောက်ထား

(နေပြည်တော် ၊ ဇန်န၀ါရီ ၂) 

အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံ တို့က ရခိုင်ဒေသ သို့လာရောက် ကူညီပေးရန် လျှောက်ထား လာတယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ကတော့ သံရုံးကနေ တဆင့် လျှောက်ထားပြီး မလေးရှားနိုင်ငံ ကတော့ ဘယ်ဌာနကို မူတည်လျှောက်ထားလဲ ဆိုတာ မသိသေးဘူးလို့ ၄င်းက ဆိုပါတယ်။  “အင်ဒိုနီးရှား ကတော့ ကျွန်မ တို့ဆီ သံရုံးက တစ်ဆင့် လျှောက်လာတယ် ။ကျွန်မ တို့ဆီရောက်လာပြီ ကျွန်မတို့က ကြိုဆိုတယ် ။ နဂိုကတည်းက အကူ အညီပေးသူ မှန်သမျှကို ။ ဒါပေမဲ့ မလေးရှားက အစိုးရအဖွဲ့မဟုတ်လို့ လျှောက်စရာမလိုဘူးထင်တယ်နဲ့ တူပါတယ် ။ကျွန်မတို့ကို မလျှောက် ဘူး ။ ဘာကြီးပဲဖြစ်နေနေလေ မလျှောက်ဘဲနဲ့တော့ ကျွန်မတို့က ခွင့်မပြုနိုင်ဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၃ရက်လောက်က သူတို့ လူကြီးက လျှောက်ထားတယ်လို့တော့ ပြောတယ် ။ အဲ့ဒါကို ကျွန်မ ကမေးတော့ ဘယ်ကိုလျှောက်တာလဲ ၊ ဘယ်ကိုပေးတာလဲ ဆိုတော့ တိတိ ကျကျ မပြောနိုင်သေးဘူး ။ တကယ်လျှောက်ထားတာမှန်တယ် ကျွန်မတို့ လက်ထဲရောက်တယ် ဆိုရင် ကျွန်မတို့က Action ယူမှာပဲလေ”လို့ ဒေါ်အေးအေးစိုးက ပြောပါတယ်။ ရခိုင်ဒေသသို့ အကူအညီပေးဖို့ လျှောက်ထားတဲ့ ဘယ်နိုင်ငံမဆို လက်ခံပေး မှာဖြစ်ပြီး အဓိက အချက်သုံးချက် ကိုတော့ အကူအညီပေးတဲ့ နိုင်ငံတွေအနေနဲ့ လက်ခံပေးရမယ်လို့ ဒေါ်အေးအေးစိုးက ပြောပါတယ်။  “အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေး အရ လူသားချင်း ထောက်ထားမှု ဆိုင်ရာ အကူအညီတွေပေးမယ် ဆိုရင် ဘယ်နိုင်ငံ မဆို ကျွန်မတို့က ကြိုဆိုတယ် လက်ခံတယ် ။ဒါတစ်ချက် ဒုတိယ တစ်ချက်ကတော့ သူတို့ အကူအညီပေးရင် မျှမျှတတ အကူ အညီပေးပါ အုပ်စုက နှစ်ခု ရှိတယ် ၊ တစ်ဖက်စောင်းနင်းကြီး ကူညီလိုက်ရင် သူတို့ကြားမှာ ပြဿနာ တက်မှာ စိုးလို့ မျှမျှတတပေးပါ ၊ နောက်ပြီးတော့ တိမ်းရှောင်ပြေးတယ်၊  မွတ်စလင်တွေ တင်မဟုတ်ဘူးလေ ၊ ရခိုင်တွေလည်းပါတယ်လေ မျှမျှတတ လုပ်ပေး ပါ ။ အဲ့ဒါကျွန်မတို့ ရပ်တည်ချက် ။ နောက်တစ်ချက် က ကျွန်မတို့ ပိုင်နက်ထဲ လာပြီးတော့ ဒါ ကျွန်မတို့ နိုင်ငံမှ မဟုတ် ဘူး နိုင်ငံတကာ ဆက်ဆံရေးအရ ဘယ်နိုင်ငံမှာမဆို တရားဝင်လျှောက်စရာ ရှိတာ လျှောက်ရမယ်လေ”လို့ ၄င်းက ဆိုပါတယ်။

မလေးရှားနိုင်ငံ အစ္စလာမ်မစ် အဖွဲ့အစည်းများ အတိုင်ပင်ခံ ကောင်စီ ထောက်ပံ့ရေး ရေယာဉ်များ ရခိုင်ဒေသ သို့ လာရောက် မှာဖြစ်ကြောင်း မလေးရှားနိုင်ငံ အခြေစိုက် သည်စတား အွန်လိုင်းသတင်း ဌာနက ဒီဇင်ဘာ ၂၇ရက်နေ့က ဖော်ပြခဲ့ပါတယ် ။  တရားဝင် မလျှောက် ဘဲ မြန်မာနိုင်ငံရေပိုင်နက်ထဲကို လာရောက်ခဲ့တယ် ဆိုရင် မြန်မာနိုင်ငံ ကိုစော်ကားခြင်း သာ ဖြစ်တယ် လို့ ပြည် ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ကလည်း ဒီဇင်ဘာလ ၃၀ရက်နေ့က သတင်း မီဒီယာတွေ ကို ပြောကြားထားပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*