အားပေးမှုတွေကို အားဖြစ်စေချင်

အားပေးမှုတွေကို အားဖြစ်စေချင်
December 30, 2016 Asian Fame

11:55 am
အားပေးမှုတွေကို အားဖြစ်စေချင်

pcခေတ် အတွင်းမှာ ဖြစ်ပျက်နေ တဲ့ အခင်း အကျင်းတွေကို ကြည့်ပြီး တော်တော်လေး သတိထားစရာ ကောင်းတဲ့ ကိစ္စလေး တစ်ခုကို မြင် လာမိတဲ့အတွက် အဲဒီ့ကိစ္စနဲ့ ပတ် သက်ပြီး စဉ်းစား ဆင်ခြင်မိတာလေး တွေကို ဆွေးနွေးချင်ပါတယ်။ ဒီလို ပါ … ဘောလုံးအသင်း တစ်သင်းကို အားပေးကြတယ် ဆိုပါစို့။ အဲဒီ့လို အားပေးကြတဲ့သူ တွေထဲမှာ ကိုယ်နဲ့ နီးစပ်လို့ အားပေးတာ (ဥပမာ ရန် ကုန်ကလူက ရန်ကုန်ယူနိုက်တက်၊ မြန်မာမို့လို့ မြန်မာ့လက်ရွေးစင်၊ အနီကို ကြိုက်လို့ အနီရောင် ဝတ်တဲ့ အသင်း စသဖြင့်)၊ အမှန်တကယ် ချစ်မြတ်နိုး လို့ အားပေးကြတာ၊ အ သင်းရဲ့အားကစားသမားတွေ၊ နည်း ပြတွေ၊ မန်နေဂျာနဲ့ အသင်းအုပ် ချုပ်သူတွေကို ကြိုက်လို့ အားပေး ကြတာ (ဒီနေရာမှာ တစ်ဦးတစ် ယောက်တည်းကို ကြိုက်လို့ အသင်း ကိုပါ လိုက်အားပေးတာ မျိုးလည်း ရှိနိုင်ပါတယ်)၊ အသင်း ရဲ့ နည်းစနစ်၊ ကစားကွက်၊ စိတ်ဓာတ် စတာတွေ ကို ကြိုက်လို့အားပေးတာ၊ ကိုယ့် ကိုယ်ကျိုးစီးပွား အတွက် အားပေး တာ၊ ကိုယ့် စိတ်ကြောင့် မဟုတ်ဘဲ သူများက တွန်းအားပေးလို့ လိုက် အားပေးရတာ စသဖြင့် အားပေးပုံ အမျိုးမျိုး ရှိနိုင်ပါတယ်။ အသင်း တိုင်းမှာ အားပေးသူ ပရိသတ် ရှိ သလို အဲဒီ ပရိသတ်တွေထဲမှာ လည်း  ဘာကြောင့် အားပေးတယ် ဆိုတဲ့ အကြောင်းပြချက်တွေ မတူ ကွဲပြားစွာ ရှိနေနိုင် တာဟာ သဘာဝ ပါပဲ။ ဒါက သိပ်ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။

အစကတည်းက အားပေးရ ခြင်းရဲ့ အကြောင်းရင်းတွေ မတူညီ ကြတဲ့ အတွက် ကိုယ်အားပေးတဲ့ အသင်းအပေါ်မှာ ထားတဲ့ သံယော ဇဉ်၊ သစ္စာရှိမှု၊ စိတ်သဘောထား စတာတွေကလည်း မတူကွဲပြားတတ် ကြတာတွေ ရှိပါတယ်။ ဥပမာ အ သင်းရဲ့ အားကစား သမားတွေကို ကြိုက်လို့အားပေးတယ်၊ ကိုယ်ကြိုက် တဲ့အားကစားသမားတွေ မရှိတော့ တဲ့အခါ အားမပေးတော့တာမျိုး၊ ကိုယ်ကြိုက်တဲ့ အားကစားသမား တွေ အသင်းပြောင်းသွားတဲ့အခါ အဲဒီ ပြောင်းသွားတဲ့ အသင်းကို ပြောင်းအားပေးတာမျိုး၊ အသင်းရဲ့ နည်းစနစ်၊ ကစားကွက်နဲ့ စိတ် ဓာတ်ကို ကြိုက်လို့ အားပေးတယ်။ အသင်းက နည်းစနစ် မကောင်းတော့ တာ၊ စိတ်ဓာတ်ပြောင်း သွားတာ မျိုး ဖြစ်တဲ့ အခါ အသင်းကို အားမပေး ချင်တော့တာမျိုး၊ ကိုယ့်ကို အကျိုး ပြုတဲ့ အသင်းမို့လို့ အားပေးတယ်။ ကိုယ့်ကို အကျိုးမပြုတော့တဲ့ အ တွက် အားမပေးတော့ဘဲ ကိုယ့်ကို အကျိုးပြုမယ့် အခြားအသင်းကို ပြောင်းအားပေးတာမျိုး၊ အသင်း က ဖလားရရ မရရ၊ တန်း ဆင်းဆင်း မဆင်းဆင်း၊ အသင်းက ဂိုးတွေ သွင်းသွင်း မသွင်းသွင်း စိတ်မ ပြောင်းဘဲ ကိုယ်ချစ်မြတ်နိုးတဲ့ အ သင်းကိုပဲ သစ္စာရှိရှိနဲ့ အားပေး တာမျိုး စတာတွေပေါ့။ ဒါကလည်း သိပ်ထူးဆန်းတဲ့ ကိစ္စ မဟုတ်ဘူး လို့ဘဲမြင်ပါတယ်။ ဒါဆို ဘယ်ဟာ က ထူးဆန်းတာလဲ။ ဆက်ပြောပါ မယ်။ တကယ်တမ်း ဒီနေရာမှာ အဓိက ပြောချင်တာက အသင်းကို အားပေးကြသူတွေ အချင်းချင်း ကြားမှာ ဖြစ်နေတဲ့ မလိုလားအပ် သော အကွဲအပြဲတွေအကြောင်းပါ။ အသင်းကို အားပေးသလိုလိုနဲ့ အ သင်းကို ဖျက်လို ဖျက်ဆီးလုပ်ဖို့ ဝင် လာတဲ့ အတုအယောင် ပရိသတ် တွေကလွဲလို့ ဘယ်လို အားပေးသူ မျိုးကိုမဆို ကျွန်တော်တို့ ကြိုဆိုပြီး အမြဲတမ်း ပရိ သတ် ဖြစ်အောင် ဆွဲ ဆောင်စည်းရုံး ကြသင့်တယ်ဆိုတဲ့ အခြေခံသဘောထားကို လက်ကိုင် ထားပြီး ဆက် စဉ်းစားကြည့်ပါမယ်။

အသင်းရဲ့ အမာခံပရိသတ် တွေထဲမှာ အသင်းကို ချစ်လွန်းတဲ့ အတွက်၊ အသင်းက ကစားသမား တွေကို လေးစား တန်ဖိုးထားလွန်း တဲ့အတွက် အသင်းနဲ့ကစားသမား တွေ ဘာပဲလုပ်လုပ်၊ ဘာပဲမှားမှား၊ ဘယ်လောက်ပဲ အခြေအနေဆိုးဆိုး အပြစ်မမြင်ရက်ဘဲ အားပေးကြတဲ့ သူတွေရှိပါတယ်။ ဒီလိုမျိုးအားပေး သူတွေကိုလည်း ကျွန်တော် တို့ အ ပြစ်မတင်သင့်ပါဘူး။ တစ်ခါတစ် လေမှာ ကျွန်တော်တို့ အားပေးတဲ့ အသင်းဟာ ကွင်းထဲမှာ ဘယ် လောက်ပဲလွဲနေပါစေ ကျွန်တော် တို့ရဲ့ လက်ခုပ်သံတွေ၊ ကျွန်တော် တို့ရဲ့ အားပေးသံတွေရဲ့ ပြင်းအား ကိုလျှော့ပစ်ဖို့မဖြစ်နိုင်ပါဘူး။ မှား သွားရင်တောင် အမှားကို အမှန်ပြင် ပြီး နောက်တစ်ခါ ပြန်လာနိုင်ဖို့အ တွက် ကျွန်တော်တို့ရဲ့ လက်ခုပ်သံ တွေ ဆက်လက်ရှင်သန်နေဖို့ လိုပါ တယ်။ ဒီနေရာမှာ အသင်းဟာ တစ်စုံတစ်ရာ မှားနေပြီ ဆိုရင် အဲ ဒီ့အမှား ကိုမြင်နိုင်ဖို့အတွက် သတိ ပေးကြတဲ့ သူတွေရဲ့ အခန်း ကဏ္ဍ တစ်ခု ဝင်လာပါတယ်။ အသင်းရဲ့ အမာခံ ပရိသတ်တွေထဲမှာပဲ အ သင်းကဖြစ်စေ၊ အသင်း အုပ်ချုပ်သူ တွေကဖြစ်စေ၊ ကစားသမား တစ် ယောက်ယောက် ကဖြစ်စေ တစ်စုံ တစ်ရာ ချွတ်ချော် လွဲမှားနေပြီဆို ရင် အဲဒီအချက်ကို အပြုသဘော နဲ့ဝေဖန်ထောက်ပြကြတဲ့ သူတွေရှိ ပါတယ်။ ဒီနေရာမှာ ဝေဖန်ထောက် ပြ တာနဲ့ ပြစ်တင်ကြိမ်းမောင်းတာ၊ ဆဲဆို တိုက်ခိုက်တာ မတူညီဘူးဆို တာ နားလည်ထားဖို့လိုပါတယ်။ အထက်မှာပြောခဲ့တဲ့ လူနှစ်မျိုးစ လုံး ဟာ အသင်းရဲ့ အမာခံပရိတ် သတ်တွေချည်းပဲ ဖြစ်တယ်ဆိုတာ ကို မျက်ခြည် မပြတ်ကြစေချင်ပါ ဘူး။ ကျွန်တော်တို့ ဆီမှာ ဖြစ်နေ တဲ့ ပြဿနာ က အသင်းရဲ့ ပရိသတ် တွေ အချင်းချင်းကြားက  မလိုလား အပ်သော အကွဲအပြဲပါ။ အထက် မှာ တင်ပြခဲ့တဲ့ ပရိသတ် နှစ်မျိုးဟာ နည်းနည်းစီလွန်လာ၊ ပိုလာကြရာ ကနေ ပြဿနာစဖြစ်တော့တာပါပဲ။

ဒီလိုပါ။ အသင်းကို ချစ်လို့ အ သင်းနဲ့အသင်းသားတွေကို အပြစ် မမြင်ကြတဲ့ ပရိသတ် အချို့ဟာ နည်းနည်းပိုလာပြီး ငါတို့အသင်း ကို ဘာမှ လာမပြောနဲ့၊ ငါ့အသင်း ကို မကောင်းပြောတဲ့သူ ငါ့ရန်သူ ဆိုတဲ့ ဆတ်ဆတ်ထိမခံတွေအဖြစ် ကို ကူးပြောင်း လာပါတယ်။ အဲဒီ တော့ အသင်းကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ သူတွေတင်မက ဘူး။ အသင်းကောင်းကျိုး အတွက် အပြု သဘောဆောင် ပြီး ဝေဖန် ထောက်ပြနေသူတွေကိုပါ ရန်သူ အဖြစ်သတ်မှတ်ပြီး အခြားဘက်ကို တွန်းပို့တာမျိုးတွေ ဖြစ်လာပါ တယ်။ အပျက်သဘောနဲ့ တိုက်ခိုက် တာနဲ့ အပြုသဘောနဲ့ ဝေဖန်တာ တွေကို ခွဲခြား တုံ့ပြန်တာမျိုးမဟုတ် တော့ဘဲ ပုံစံ တစ်မျိုး တည်းအောက် မှာ သွတ်သွင်းပြီး တုံ့ပြန်တာမျိုးတွေ ရှိလာတဲ့အခါ အပြု သဘောဆောင် သော ဝေ ဖန် ထောက်ပြ မှုတွေ ပါ ရောယောင် သေဆုံးကြရပါတော့ တယ်။ ဒီနေရာမှာ သစ္စာဆိုတဲ့ စကားကို တလွဲသုံးကြတာမျိုးကို လည်း တွေ့ပါတယ်။ အသင်းရဲ့ အားနည်းချက်တွေ၊ အမှားတွေ ၊ ပြင်သင့် တာတွေကို ဝေဖန်ထောက် ပြတဲ့ သူတွေကို အသင်းအပေါ် သစ္စာဖောက်တဲ့ သူတွေ အဖြစ်ပါ စွပ်စွဲလာကြတာပါ။ ဒီနေရာ မှာ မေးစရာမေးခွန်း တစ်ခု ပေါ်လာပါ တယ်။ အသင်းက ကောင်းကောင်း ဆိုးဆိုး ဘာမှ မပြောဘဲ မျက်စိ မှိတ် ထောက်ခံ အားပေး တာဟာ သစ္စာလား။ အသင်းကြီး ကောင်း သထက်ကောင်းဖို့အတွက် လိုအပ် ချက်တွေ၊ အားနည်းချက်တွေ၊ ဟာ ကွက်တွေ ကို ဝေ ဖန်ထောက်ပြပြီး အကောင်းဆုံး ပြင်ဆင်နိုင်ဖို့ အကြံ ပြုဆွေးနွေးတာဟာ သစ္စာလား။ ဘာလာပြောပြော ခေါင်းညိတ်မယ့် ပုတ်သင်ညို တစ်ကောင်ရဲ့ သစ္စာရှိ မှုမျိုးထက် စဉ်းစား ဆင်ခြင် ဥာဏ်ရှိ သော လူသား တစ်ယောက်ရဲ့သစ္စာ ရှိမှုမျိုးက လူ့အဖွဲ့အစည်း အတွက် ရော၊ ကိုယ်အားပေးတဲ့ အသင်းအ တွက်ပါ ပိုပြီး လိုလားအပ်တဲ့ သစ္စာ ရှိမှုမျိုးလို့ ထင်ပါတယ်။ ဝေဖန်မှုဆို တာဟာ တိုးတက်မှု အတွက် မရှိမ ဖြစ်သော လိုအပ်မှုပါ။ အပြု သဘော ဆောင်သော ဝေဖန်ထောက်ပြမှု တွေ သက်ဝင် ရှင်သန်ပါမှ မှန်ကန် တဲ့ ပြုပြင် ပြောင်းလဲရေးတွေ လုပ် နိုင်ပြီး အသင်း တစ်သင်း ရဲ့ ဖွံ့ဖြိုး တိုးတက်မှု ဖြစ်တည်လာ မှာ ဖြစ်ပါ တယ်။ အသင်းကို ကောင်းစေချင် တဲ့ စေတနာနဲ့ ဝေဖန်ထောက်ပြ ကြတဲ့ သူတွေဘက် ကလည်း လွန် လာ၊ ပိုလာတာမျိုးတွေ ရှိတတ်ပါ တယ်။ အဲဒါကတော့ ကရုဏာဒေါ သောလို့ အမည်တပ်ကြတဲ့ ဒေါသ တစ်မျိုး ပါပဲ။ အားမလို အားမရ စိတ်တွေ လွန်ကဲပြီး အသင်းကို ဝေ ဖန်တဲ့အခါမှာ မချိတင်ကဲ လေသံ တွေ၊ ဒေါသသင့်တဲ့ အသုံး အနှုန်း တွေ များသွားပြီး ကိုယ့်ရဲ့ဝေဖန်မှု ဟာ အပြစ်တင်မှု ဘက်ကို နည်း နည်း ယိမ်းသွားတတ်ပါတယ်။ လူ တိုင်းဟာ အမှား မကင်းပါဘူး။ ကိုယ့်အသင်း အနေနဲ့ဖြစ်ဖြစ်၊ ကစား သမားတွေ အနေနဲ့ ဖြစ်ဖြစ်၊ မန်နေ ဂျာ အနေနဲ့ဖြစ်ဖြစ် မကောင်းသော စိတ်ဆန္ဒ မပါပါဘဲ မတော်တဆ မှားယွင်းတာတွေ၊ ချွတ်ချော်သွား တာတွေ ရှိနိုင်ပါတယ်။ ကစားသ မားတွေ လွဲချော် တိုင်း လှောင် ရယ် နေမယ်ဆိုရင် ကျွန်တော်တို့ဟာ အခြားအသင်းကို အားပေးသူနဲ့မ ခြား ဖြစ်သွားနိုင်ပါတယ်။ ဒါလေး ကိုလည်း စဉ်းစား ဆင်ခြင် ကြစေ ချင် ပါတယ်။ ဒီလိုမျိုး ထစ်ကနဲရှိ ဝေဖန်သူနဲ့ ဆတ်ဆတ်ထိ မခံ အား ပေးသူတို့ ထိပ်တိုက် တွေ့ကြတဲ့အ ခါ အသင်း ပရိသတ် အချင်းချင်း ကြားမှာ မလိုလား အပ်သော ကွဲပြဲ မှုတွေ ဖြစ်လာပါတော့တယ်။

ကျွန်တော့်ရဲ့ ဆန္ဒကတော့ အသင်းကို အားပေးကြသူတွေ အ ချင်းချင်းကြားမှာ အလိုမတူတာ တွေ ရှိခဲ့ရင်တောင် အပြန်အလှန် နားလည်မှု နဲ့ကျိတ်ချေပြီး ညီညွတ် ကြစေချင်တာပါ။ အသင်း အပေါ် ချစ်စိတ် လွန်ကဲသော အားပေးမှု တွေကြောင့် အပြု သဘောဆောင် သော ဝေဖန်မှုတွေ သေမသွားစေ ချင်ပါဘူး။ အဲဒီလိုပဲ ပြစ်တင် ရှုတ် ချမှု လွန်ကဲသော ဝေဖန်မှုတွေ ကြောင့် အသင်းရဲ့ ကစား အားကို မထိခိုက်စေချင်ပါဘူး။ အားပေးသူ တိုင်းရဲ့ အားပေးမှုတွေကို အသင်း အတွက် အားဖြစ်စေချင်တာပါ။ ဘာလို့ ဒီလိုပြော ရလဲ ဆိုရင် အချို့ သူတွေရဲ့ အားပေးမှုတွေဟာ အ သင်းအတွက် အားမဖြစ်စေဘဲ အ ခြားသော သူတွေအတွက် အားပြန် ဖြစ်သွားနိုင်တဲ့ အနေအထားမျိုး တွေ ရောက်လာတာကို တွေ့လာရ လို့ ပဲဖြစ်ပါတယ်။ ဘောလုံးကွင်းထဲ မှာမှ မဟုတ်ပါဘူး နိုင်ငံရေးလော ကမှာလည်း အဲဒီလို အနေအထား မျိုးလေးတွေ တွေ့လာရပါတယ်။ စဉ်းစားဆင်ခြင်နိုင်ကြဖို့ပါ။

ချစ်ခြင်းမေတ္တာကို မြတ်နိုးပါ ဥာဏ်ပညာကို တန်ဖိုးထားပါ အနုပညာကို ခံစားတတ်ပါစေ

နေဘုန်းလတ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*