ရန်ကုန်တောင်ပိုင်း ခရိုင်တွင် အထူး စီးပွားရေးဇုန် ဖော်ဆောင်သွားရန်ရှိ

ရန်ကုန်တောင်ပိုင်း ခရိုင်တွင် အထူး စီးပွားရေးဇုန် ဖော်ဆောင်သွားရန်ရှိ
December 30, 2016 Asian Fame

3:20 pm
ရန်ကုန်တောင်ပိုင်း ခရိုင်တွင် အထူး စီးပွားရေးဇုန် ဖော်ဆောင်သွားရန်ရှိ

(ရန်ကုန်၊ ဒီဇင်ဘာ ၂၇)

ရန်ကုန် တောင်ပိုင်းခရိုင်မြို့နယ်များတွင် စိုက်ပျိုး မွေးမြူရေး ဇုန်များ၊ အသေးစား စက်မှုဇုန်များ နှင့် အထူးစီးပွားရေး ဇုန်ဖော်ဆောင် သွားရန် ရှိကြောင်း တိုင်းအစိုးရအ ဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်း ပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီ လာကျော်က ပြောသည်။

ဒလ၊ လက်ခုပ်ကုန်း၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်များ တွင် ထိုအစီအစဉ်ကို လုပ်ဆောင် သွားမည်ဖြစ်ပြီး ယင်းမြို့နယ် များ တွင် ပင်လယ်ဆိပ်ကမ်းစက်မှုဇုန်၊  နိုင်ငံတကာ လေဆိပ်သစ် တို့ကို လည်း တည်ဆောက်သွားရန် ရှိ ကြောင်း ၄င်းကပြောသည်။

ဒီဇင်ဘာ ၂၇ ရက်နေ့က ကျင်းပခဲ့သော ဒုတိယ အကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန် အစည်းအဝေး (၂၃) ရက်မြောက်နေ့ တွင် ပန်းဘဲတန်းမဲ ဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၏   ”ရန်ကုန်တိုင်းဒေသကြီး တောင် ပိုင်းခရိုင်ရှိ ဒလ၊ လက်ခုပ်ကုန်း မြို့ တို့တွင် စိုက်ပျိုးမွေးမြူရေး ဇုန်များ၊ အသေးစား စက်မှုဇုန်များ ပြုလုပ် ရန် အစီအစဉ် ရှိ/ မရှိ” မေးခွန်း မေးမြန်းရာ ဝန်ကြီးက အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

”အသေးစား အလတ်စား စီး ပွားရေး လုပ်ငန်းတွေ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကျေးလက် ကို အခြေခံ စဉ်းစားပေးဖို့ လိုပါ တယ် ။ ကျေးလက် ဒေသဖွံ့ဖြိုးမှ မြို့ပြကိုလည်း အထောက်အပံ့ ဖြစ် မှာဖြစ်ပါတယ်” ဟု ပန်းဘဲတန်း မဲဆန္ဒနယ် အမှတ် (၁)လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောသည်။

ထို အစီအစဉ်သည် အလွန် ကောင်းမွန်သော အစီအစဉ်တစ်ခု ဖြစ်ပြီး  လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ပါက ကုန်စည်များဈေး ကွက် သို့ မြန်မြန်ရောက်နိုင်ပြီး ဈေးကောင်း ရမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အမှုဆောင် အရာရှိချုပ် ဦးဟန် ထွန်းက မှတ်ချက်ပြုသည်။

”လမ်းတွေသာ ကောင်းရင် အဲဒီနေရာတွေက စိုက်ပျိုးရေး လည်း လုပ်လို့ရတယ်၊ မွေးမြူရေး လည်း လုပ်လို့ရတယ်။ ဒါပေမယ့် လုံခြုံရေးတော့ သတိထားရမယ်။ အတွေ့အကြုံအရ ဆို ပုစွန်မွေး တုန်းက လူတွေ အဲဒီမှာ ဝင်ပြီး ခိုးဖမ်းတာတွေတော့ ရှိတယ်” ဟု ဦးဟန်ထွန်းက ပြောသည်။

လက်ရှိတွင် ငါးလုပ်ငန်းနှင့် ရေထွက် ပစ္စည်းများကို ယင်းဒေသ မှ တင်ပို့နိုင်ရေး အတွက် နိုင်ငံခြား အဖွဲ့ အစည်းများ၊ ပညာရှင်များနှင့် စီမံကိန်း တစ်ရပ် ဆွေးနွေးနေပြီး ယင်းစီမံကိန်းကို ၂ဝ၁၇ ခုနှစ် မတ် လတွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်သို့ တင်သွင်း သွား မည် ဖြစ်ကြောင်း သိရသည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*