ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တစ်ရာကျော်ကို လုပ်ငန်းခွင်မှ မထသ ထုတ်ပယ် မထသကို လွှဲပြောင်းချင်ပြီဟု ဥက္ကဋ္ဌ ပြော

ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တစ်ရာကျော်ကို လုပ်ငန်းခွင်မှ မထသ ထုတ်ပယ် မထသကို လွှဲပြောင်းချင်ပြီဟု ဥက္ကဋ္ဌ ပြော
December 30, 2016 Asian Fame

1:53 pm
ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တစ်ရာကျော်ကို လုပ်ငန်းခွင်မှ မထသ ထုတ်ပယ် မထသကို လွှဲပြောင်းချင်ပြီဟု ဥက္ကဋ္ဌ ပြော

ဝေရှိုင်းကျော်
ရန်ကုန်၊ ဒီဇင်ဘာ ၂၇

၂ဝ၁၆ ခုနှစ် နှစ်စမှစ၍ နိုဝင် ဘာလကုန်အထိ မထသယာဉ် လိုင်းအတွင်း ယာဉ်မောင်းနှင့်ယာဉ် နောက်လိုက် တစ်ရာကျော်ကို ¤င်း တို့၏အလုပ်များမှ ပိတ်ပင်ခဲ့ ကြောင်း မော်တော်ယာဉ်လိုင်း ပေါင်းစုံ ထိန်းသိမ်းရေးအဖွဲ့ ဗဟို ဌာနမှ သိရသည်။

ယာဉ်စည်းကမ်း လိုက်နာ ဆောင်ရွက်ခြင်းမရှိ၍ မောင်းနှင် သောယာဉ်လုပ်သားများနှင့် ယာဉ် အကူများကို ထုတ်ပယ်သူ ၁ဝ၅   ယောက်ရှိပြီး ဖြစ်ကြောင်း မော်တော်ယာဉ်လိုင်း ပေါင်းစုံ ထိန်းသိမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။

၎င်း ထုတ်ပယ်သူများတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲသွားလာ နေသော ယာဉ်လိုင်းကြီးများဖြစ် သည် သန်မြန်သူ ၇၉၊ ပါရမီကား များ ပါဝင်ကြောင်း ၄င်းက ဆက် ပြောသည်။ အဆိုပါ ထုတ်ပယ်မူ များတွင် ယာဉ်မတော်တဆဖြစ်မှု များ၊ ယာဉ်စီးခများကို ပိုမိုတောင်း ခံခြင်း၊ ဒဏ်ငွေဆောင်ရာတွင် စည်း ကမ်းမလိုက်နာခြင်းများ၊ ယာဉ် လုပ်သားများ အချင်းချင်းခိုက်ရန် ဖြစ်ပွားခြင်း၊ ခရီးသည်များနှင့် ခိုက် ရန်ဖြစ် ပွားခြင်းများ ပါဝင်ကြောင်း မထသ(ဗဟို)မှ တာဝန်ရှိသူ တစ် ဦးက ပြောသည်။

ထို့အပြင် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ဗဟို ဌာနဥက္ကဋ္ဌဦးလှအောင်က ”ကျွန် တော်ဒီမှာနေတာ ၅ နှစ်ရှိပြီ။ ကျွန်   တော့်အနေနဲ့ မထသကို လွှဲ ပြောင်းပေးချင်နေပြီ” ဟု လည်း ပြောဆိုလိုက်သည်။

အဆိုပါ မထသယာဉ်လိုင်း အတွင်း ယာဉ်မောင်းများ အချင်း ချင်း ခိုက်ရန်ဖြစ်ပွားသူနှင့် ယာဉ် မောင်း နောက်လိုက်များနှင့် ခရီး သည်များ ခိုက်ရန်ဖြစ်ပွားသူ ၁၂ ယောက် ပါဝင်သည်။ သို့သော် လည်း ခရီးသည်များအား ရိုက်နှက် မှုများနှင့်ပတ်သက်၍ မော်တော် ယာဉ်မောင်းနှင်ခွင့် ပိတ်ပင်သည် ဆိုရုံမျှဖြင့် မလုံလောက်ကြောင်း ခရီးသွားပြည်သူအချို့က သုံးသပ် သည်။

လက်ရှိတွင် ခရီးသည်နှင့် မကျေနပ်သူများက လူစုကာ လက်တုံ့ပြန်ရန်အတွက် အစီအစဉ် များ ချမှတ်နေခြင်းများ လူမှုကွန် ရက် စာမျက်နှာများတွင် ပျံ့နှံ့နေ ပြီး မထသအနေဖြင့် ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များအား ထိန်းသိမ်းနိုင်ခြင်းမရှိပါက၄င်းတို့ ကိုယ် တိုင် ထိန်းသိမ်းမည် ဖြစ် ကြောင်း ဝေဖန်နေကြသည်။

ထို့အပြင် ခရီးသည်များကို ရိုက်နှက်သည့် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များသည် မထ သ လက်အောက်ရှိ ယာဉ်လိုင်းများ တွင် မောင်းနှင်နေကြသော်လည်း မထသတွင် မှတ်ပုံတင်ထားခြင်း မရှိသော လုပ်သားများ ဖြစ်သည် ဟု ပြောဆိုထားမှုများနှင့် ပတ် သက်၍ မထသ၏ လုပ်ဆောင် ချက်များအပေါ် ဝေဖန်နေကြ သည်။

မော်တော်ယာဉ်လိုင်း ပေါင်းစုံ ထိန်းသိမ်းရေး ဗဟိုဌာနသို့ ပြည် သူများအနေဖြင့် တိုင်ကြားမူ စုစု ပေါင်း (၂၁၈၂) မှုရှိပြီး စိစစ်အရေး ယူထားသော အမူပေါင်း (၁၁၅ဝ) မူနှင့် စိစစ်ဆေးနေသောအမှု ၁၃ဝ၂ မှုရှိကြောင်း ယင်းဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*