မရေရာမှုများနဲ့ ၂ဝ၁၇

မရေရာမှုများနဲ့ ၂ဝ၁၇
December 30, 2016 Asian Fame

11:50 am
မရေရာမှုများနဲ့ ၂ဝ၁၇

u-ko-ko-hlaing

နှစ်စဉ် ဒီဇင်ဘာ ၃၁ ရက်နေ့ ညသန်းခေါင်အချိန်ရောက်တာနဲ့ ကမ္ဘာတစ်ဝန်းလုံးမှာ တစ်ပြိုင်တည်းလိုလိုထွက်ပေါ်လာတဲ့အသံကတော့ Happy New Year လို့ ဝမ်းပန်းတသာဟစ်ြေ<ွကးလိုက်ကြတဲ့အသံပါပဲ။ မီးကျည်မီးပန်းတွေ ပစ်လွှတ်ကြ၊ တစ်ယောက်နဲ့ တစ်ယောက် ဖက်လှဲတကင်းနှုတ်ဆက် ကြနဲ့နှစ်သစ်ကိုဝမ်းမြောက်ဝမ်းသာ ကြိုဆိုလေ့ရှိကြပါတယ်။ လာမယ့် နှစ်သစ်မှာ အဆိုးတွေပျောက်၊ အကောင်းတွေ ရောက်လာလိမ့်မယ် လို့ မျှော်လင့်ချက်တွေနဲ့ပေါ့လေ။ ဒါပေမယ့် အနတ္တဆန်လှတဲ့ လောကကြီးထဲမှာ ဘယ်အရာမှအကောင်းတွေချည်း ဖြစ်လာတာ မရှိသလို အဆိုးတွေပဲ လုံးလုံးလျား လျားတော့ ဖြစ်နေတာမဟုတ်ပါ ဘူး။ ဖြစ်ချင်တာရယ်၊ ဖြစ်နေတာ ရယ်၊ ဖြစ်နိုင်တာရယ်၊ ဖြစ်သင့် တာရယ်ဆိုတာတွေက အမြဲတမ်း ထပ်တူကျနေတာမျိုးမှ မဟုတ်ဘဲ ကလား။ လေ့လာသူတွေကတော့ ပြီးခဲ့တဲ့နှစ်က ဖြစ်ပျက်ခဲ့တဲ့ အခြေ အနေတွေကို ပြန်လှန်သုံးသပ်ပြီး၊ လာမယ့်နှစ်မှာ ဘာတွေ ဖြစ်လာ နိုင်တယ်ဆိုတာ မှန်းဆကြရဦးမှာ ပါ။ မှန်းဆသမျှ မှန်တာလည်း ရှိ၊ မမှန်တာလည်း ရှိတာမို့ မှားသွားခဲ့ရင်လည်း ”မှားတဲ့အခါလည်း မှားပေမပေါ့” လို့သာ ဆေးတံခဲပြီး ဦးရှံစားလို ပြောကြရုံပါပဲ။

၂ဝ၁၇ ကို မျှော်မှန်းကြည့်ရင် လေ့လာသူအများစုက သဘောတူမယ့်အချက်ကတော့ ‘မရေရာမှု’ ဆိုတာပါပဲ။ အဓိကအားဖြင့်တော့ ၂ဝ၁၆ ခုနှစ်မှာ တစ်ကမ္ဘာလုံး အပြောင်းအလဲတွေအများကြီးဖြစ် ခဲ့တယ်။ အထူးသဖြင့်တော့အနောက် ကမ္ဘာခြမ်းမှာပေါ့။ ဗြိတိန်နိုင်ငံက ဥရောပသမဂ္ဂထဲကနေနုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တဲ့ BREXIT လှုပ်ရှားမှုဖြစ်ခဲ့တယ်။ အမေရိကန်မှာ နိုင်ငံရေးတစ်ခါမှ မလုပ်ဖူးတဲ့ ဘီလျံနာသူဌေးဒေါ်နယ်ထရမ့် သမ္မတ အဖြစ်ရွေးကောက်ခံရတယ်။ သူက အမေရိကန်နိုင်ငံကို ကမ္ဘာတလွှား ဝင်ရောက်စွက်ဖက်လွှမ်း မိုးဖို့ ကြိုးစားမယ့်အစား ကိုယ့်နိုင်ငံ ကိုယ် ကြီးပွားအောင်လုပ်မယ်လို့ြေ<ွကးကြော်ခဲ့ပြီး အမျိုးသားမူဝါဒ ကို ၁၈ဝ ဒီဂရီ ပြောင်းလဲပစ်ဖို့ ရည်ရွယ်နေတယ်။ အရှေ့တောင် အာရှမှာလည်း အများကြိုက်ခေါင်း ဆောင်ဒူတာတေးက ဖိလစ်ပိုင်မှာ သမ္မတဖြစ်လာတော့ ပြည်တွင်း မှာရော၊ ပြည်ပမှာပါ ဗြောင်းဆန် ကုန်ပါတယ်။ ပြည်တွင်းမှာလည်း မူးယစ်ဆေးဝါး နှိမ်နင်းရေးကို ခပ် ကြမ်းကြမ်းနှိမ်နင်းနေလို့သေတဲ့သူ တွေမနည်းသလို အသက်နဲ့ကိုယ် အိုးစားမကွဲအောင် ကိုယ့်ဖာသာ အပြေးအလွှား လာအဖမ်းခံတဲ့ သူတွေလည်းသိန်းနဲ့ချီရှိနေပါတယ်။ ပြည်ပမှာတော့ ကမ္ဘာပေါ်မှာသြဇာအကြီးဆုံး အမေရိကန်သမ္မတကို ကော်ဆဲခဲ့လို့ အမေရိကန်နဲ့ ကတောက် ကဆဖြစ်ခဲ့ပြီး အာရှပစိဖိတ်-မဏ္ဍိုင် လို့ြေ<ွကးကြော်ထားတဲ့ အမေရိကန် မူဝါဒတောင်မှပဲ အရှိုက်ထိုးခံရသလို ဖြစ်သွားခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေအားလုံးဟာ ၂ဝ၁၅ ခုနှစ်တုန်းက စိတ်တောင်မှ မကူးခဲ့ဖူးတဲ့ ကိစ္စတွေ ဖြစ်ခဲ့ပါတယ်။ ဘာကြောင့် ဒီလိုမျိုးတွေ ဖြစ်လာသလဲ၊ ၂ဝ၁၇ မှာ ဘာတွေ ဖြစ် နိုင်မလဲဆိုတာ စိတ်ဝင် စားဖို့ကောင်းပါတယ်။ ကျွန်တော့်အမြင်မှာ တော့ ဒါဟာနှစ်တစ်ခု ပြောင်းတာ မဟုတ် ဘူး။ ခေတ်တစ်ခုကို ပြောင်းနေတာလို့မြင်ပါ တယ်။ ဘယ်လိုခေတ်မျိုးကို ပြောင်းမလဲဆိုတာ ပဲအရေးကြီးပါတယ်။

ကြည့်ရတာကတော့ လူ တွေဟာ ပကတိဖြစ်နေတဲ့ အခြေ အနေတွေကို ပိုပြီးသတိထားမိလာပုံရတယ်။ Realizing Reality ပေါ့။ မြန်မာစကားပုံနဲ့ ပြောရရင် တော့ ‘တွက်ရေးမှာ စက်သူဌေးပဲ။ တွက်ကြည့်မှ စက်မရှိဘူး’ ဆိုတာလိုပါ။ ၁၉၉ဝ ပြည့်လွန်နှစ်တွေ တုန်းကတော့ ‘စက်သူဌေး’ ဖြစ် လေတော့မလားဆိုပြီး စိတ်ကူး ယဉ်လို့ကောင်းလှတဲ့ နှစ်တွေပေါ့။ ဆိုဗီယက်ကြီးကလည်း ပြိုကွဲ၊ အရှေ့အုပ်စုဆိုတာမရှိတော့ ကမ္ဘာ ကြီးကို တစ်ဦးတည်းမောင်ပိုင် လုပ်နိုင်ပြီဆိုပြီး ‘ဧကမဏ္ဍိုင်’ ဝါဒ နဲ့အနောက်အုပ်စု(အထူးသဖြင့် အမေရိကန်) လက်ခမောင်းခတ်ခဲ့ တဲ့အချိန်ပါ။ အဲဒီတုန်းက ဥရောပသမဂ္ဂဆိုတာလည်း ဘာလင်တံ တိုင်းကြီးပြိုလဲသွားတာ မျက်ဝါး ထင်ထင်မြင်ရပြီး အားရဝမ်းသာနဲ့ အရှေ့ဥရောပနိုင်ငံတွေကို သူတို့ အဖွဲ့ထဲ ဆွဲထည့်၊ နေတိုးစစ်စာချုပ် အဖွဲ့ကိုလည်း အရှေ့ဘက်တိုးချဲ့ ဖို့ဟန်ရေးပြင်လာခဲ့ပါတယ်။ ဥရောပသမဂ္ဂဟာ အဲဒီခေတ်အခါက အင်အားအတောင့်တင်းဆုံး၊ အညီညွတ်ဆုံး၊စုစည်းမှုအရှိဆုံး၊တစ်ချိန် ကျရင်ဥရောပပြည်ထောင်စု United States of Europe လို့တောင်မှ ထူထောင်နိုင်တော့မယ်လို့ ပြောနေခဲ့တဲ့အဖွဲ့ပါ။

အဲဒီအခါတုန်းက သဘောတရားရေးမှာ ‘လစ်ဘရယ်ဒီမိုကရေစီ’ဟာ ခေတ်အစားဆုံးဖြစ်ခဲ့ပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံး၊ သူ့ထက်ကောင်းတာ ထပ်ပေါ်နိုင် စရာမရှိလို့ ‘သမိုင်းရဲ့နိဂုံး’ ရောက် ခဲ့ပြီလို့တောင်မှပြောခဲ့ကြတဲ့အချိန် ဖြစ်ပါတယ်။ စီးပွားရေးမှာလည်း ဈေးကွက်ကို ရှေ့တန်းတင်ပြီး ဈေးကွက်ဆိုတာ နဖားကြိုးဖြုတ်၊ ဇက်ကြိုးလွှတ်ပြီး လွတ်လွတ်လပ်လပ် စိုင်းချင်ရာစိုင်းခွင့် ပေးထားရမယ်ဆိုတဲ့ ဝါရှင်တန်ဘုံသဘောထားအုပ်စု ခေတ်စားခဲ့ကြတဲ့ အချိန်ပါ။ ဂလိုဘယ်လိုက်ဇေးရှင်း ကလည်း အားကောင်းမောင်းသန် ဆိုတော့ ကမ္ဘာပြားဝါဒီတွေက တစ်ကမ္ဘာလုံးတစ်ပြေးညီ ပြည် တော်သာတော့မယ့် ‘ယူတိုးပီးယား’ စိတ်ကူးနိဗ္ဗာန်ဘုံကို ဆောက်လို့ ကောင်းခဲ့ကြတဲ့အချိန်လည်း ဖြစ်ပါတယ်။ အချုပ်ပြောရရင် တော့ စိတ်ကူးကလေးတွေ ယဉ်ပြီး မိုးတိမ်တွေကြားမှာပြေးလွှားကစား ခဲ့ကြတဲ့ အချိန်ဖြစ်ခဲ့ပါတယ်။

၂ဝ၁ဝ ပြည့်လွန်တွေရောက်လာတော့ သမ္မတဘုရှ်(အကြီး) ပြောခဲ့တဲ့ ကမ္ဘာ့အနေအထား အစီအစဉ်သစ် (New World Order) က ကမ္ဘာ့ဖရိုဖရဲပုံစံသစ် (New Word Disorder) အဖြစ်ကို ပီပီ ပြင်ပြင်ရောက်ရှိသွားခဲ့ပါပြီ။ အရှေ့ အလယ်ပိုင်းက စစ်မီးဟုန်းဟုန်းတောက်ပြီး စစ်မြေပြင်ဖြစ်၊ အဲဒီက ဒုက္ခသည်တွေကဥရောပထဲ အလုံး အရင်းနဲ့ထွက်ပြေး၊ ဥရောပက ဒီဒဏ်ကိုမခံနိုင်တော့ အရင်ဆုံး ဗြိတိန်က စပြီးခွဲထွက်၊ ကျန်တဲ့ နိုင်ငံတွေမှာလည်း ဒုက္ခသည်တွေကို သနားလို့ လက်ခံသင့်တယ်ဆိုသူ သမားရိုးကျနိုင်ငံရေး ခေါင်း ဆောင်တွေ လူကြိုက်နည်းလာပြီး လက်တွေ့ကျတဲ့ အမျိုးသားဝါဒီ တွေ ခေါင်းထောင်လာခဲ့တာတွေ့ ရပါတယ်။ ဒီကြားထဲမှာဝင်လာတဲ့ လူတွေကပဲ ဥရောပမှာ အကြမ်းဖက်မှုတွေ တရစပ်လုပ်နေခဲ့တော့ အခြေအနေက ပိုဆိုးလာတာတွေ့ပါတယ်။

အမေရိကန်မှာလည်း ဈေး ကွက်ဆိုတာကြီးကို ‘ငါ့မြင်း၊ ငါ စိုင်း၊ စစ်ကိုင်းရောက်ရောက်’ လွှတ်ပေးလိုက်တာ ၂ဝဝ၈ ခုနှစ်ကစပြီး ဘဏ္ဍာရေးနှင့် စီးပွားရေးအကျပ် အတည်းက ကမ္ဘာကိုပါပျံ့သွားတော့ တာပါပဲ။ အဲဒီအချိန်က စပြီးတော့ ခိုင်မာအင်အားဖြစ်တဲ့ စီးပွားရေး ပါဝါကျသွားတာ စစ်ရေး၊ နိုင်ငံရေး အားလုံးကို သက်ရောက်သွားခဲ့ပါ တယ်။ အားကို လိုသလောက် ထုတ် မသုံးနိုင်တော့ သြဇာကျလာတယ်။ အမေရိကန်အကျမှာ ရုရှားနဲ့ တရုတ်တို့က မာန်ြ<ွကလာတယ်။ အရှေ့အလယ်ပိုင်း အကြမ်းဖက်အဖွဲ့ တွေကလည်း အာရပ်နွေဦး အပျက်နဲ့ပေါင်းစည်းမိပြီး ငရဲပွက် တော့တာပါပဲ။ ဝင်ငွေနဲ့လူမှုအဆင့်ထင်သလောက် တက်မလာဘဲ စီးပွားရေးကျပ်နေကြတဲ့ အမေရိ ကန်အောက်လွှာနဲ့ လူလတ်တန်းစား အနိမ့် ပိုင်းတွေဟာ နေရာ တကာ ဝင်လိုက်တိုင်း ပြဿနာဖြစ်နေရတဲ့ အမေရိကန် နိုင်ငံ ခြားရေးဝါဒနဲ့ ခေါင်းဆောင်ပိုင်း ကို မနှစ်သက်ကြ တော့တာ မဆန်းပါဘူး။ အခု နောက်ပိုင်း ဆင်းရဲသား လူမည်း တွေရဲ့ ဆန့်ကျင်အုံြ<ွကလှုပ်ရှားမှုတွေ များ လာတာဟာသိသာပါတယ်။ ဒါကြောင့် အမေရိကန်သမ္မတ ရွေးကောက် ပွဲမှာ ထရမ့်အနိုင်ရတာ တကယ်တော့ ရုရှားကဝင်ကူလို့လည်း မဟုတ်၊ လူမှုမီဒီယာမှာသတင်းမှား တွေထုတ်ခဲ့လို့လည်း မဟုတ်။ အောက်ခြေအလွှာကလူတွေက ရေပေါ်ဆီလူဟောင်းနိုင်ငံရေး အသိုက်အဝန်းတွေကို ဆန့်ကျင်မှု Anti- establishment ကြောင့်ဖြစ်တယ်လို့ ကောက်ချက်ချမိပါတယ်။

ဘာပဲဖြစ်ဖြစ် ထရမ့်ကသမ္မတ ဖြစ်လာတော့မယ်ဆိုတော့ သူ့လက်ထက်မှာ အများဆုံးသိချင် နေကြတဲ့မေးခွန်းတွေပါ။ ထရမ့်အပြောအရ ကောက်ချက်ဆွဲရင် တော့ အမေရိကန်ကို ပြင်ပစွက် ဖက်ရေးဝါဒကနေ ပြည်တွင်းဦးစား ပေးဝါဒကို ပြောင်းပြန်ဦးလှည့်သွားမယ့်သဘောရှိပါတယ်။ ဒါပေမယ့် အမေရိကန်လို ကမ္ဘာ့ရေးရာတွေ မှာ ထဲထဲဝင်ဝင် ခြေကျွံပတ်သက် ထားတဲ့ စူပါပါဝါနိုင်ငံကြီးကို ဒီလို ပြန်ပြီး ဦးလှည့်ဖို့လွယ်ပါ့မလား၊ ထရမ့်ကရော အဲဒီလောက် ခက်ခဲတဲ့အလုပ်ကို ကောင်းကောင်းဦး ဆောင်နိုင်လောက်အောင် အတွေ့အကြုံ၊ အသိပညာနဲ့ အရည်အချင်းရှိရဲ့လားဆိုတာကတော့ စိုးရိမ်စရာကောင်းတဲ့မေးခွန်းတွေပဲဖြစ်ပါတယ်။

လက်ရှိ အနေအထားအရ ကြည့်ရပုံကတော့ ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောတတ်တဲ့ ထရမ့် ကြောင့် ဘာကိုမှ အတည်ယူစဉ်း စားဖို့ မဖြစ်နိုင်သေးပါဘူး။ သေ ချာတာတွေ ပြောရရင်တော့ ဂလို ဘယ်လိုက်ဇေးရှင်းမှာ စတင် ဦး ဆောင်နိုင်ငံဖြစ်တဲ့ အမေရိကန်မှာ၊ ကိုယ်ကျီုးစီးပွားကာကွယ်ရေး မူဝါ ဒကို တကယ်တမ်းကျင့်သုံးမယ် ဆိုရင် အကုန်ဒုက္ခရောက်ဖို့ များ ပါတယ်။ တရားမဝင် ရောက်ရှိ နေ ထိုင်သူတွေကို တင်းတင်းကျပ်ကျပ် အရေးယူပြန်ပို့မယ် ဆိုရင်လည်း ဈေးချိုတဲ့ လုပ်သားတွေ ဆုံးရှုံးပြီး ကုန်ကျစရိတ် တက်လာနိုင်ပါတယ်။ ဒါကြောင့် အမေရိကန် စီး ပွားရေးအလားအလာကို သိပ်ပြီး အကောင်းမြင်လို့ မရနိုင်ပါဘူး။နိုင်ငံတကာ ဆက်ဆံရေးမှာ တော့ မရေရာသေးလို့ စောင့်ကြည့် ရဦးမယ့် အနေအထားပါ။ အရှေ့ အလယ်ပိုင်းမှာ အဓိက အင်အား ကြီး နှစ်ခုဖြစ်တဲ့ ဆော်ဒီအာရေဗျ နဲ့ရော၊ အီရန်နဲ့ပါ အဆင်မပြေရင် ဘာတွေဖြစ်လာမလဲဆိုတာ မသိနိုင်သေးပါဘူး။ သေချာတာကတော့ အရှေ့အလယ်ပိုင်း စစ်မီးက ငြိမ်းသွားဖို့မရှိဘဲ ပိုပြီး အရှိန်ပြင်းလာနိုင်တယ် ဆိုတာပါပဲ။

အဓိက အင်အာကြီးနိုင်ငံတွေ နဲ့ဆက်ဆံရေးမှာ ရုရှားနဲ့ပြေလည် ဖို့များတယ်ဆိုပေမယ့် ဥရောပနဲ့ ရုရှားအကြား တင်းမာနေတဲ့ ဆက် ဆံရေးမှာ ဘယ်ဘက်ကလိုက် မလဲဆိုတာတော့ စောင့်ကြည့်ရဦး မယ့်ကိစ္စဖြစ်ပါတယ်။ တရုတ်နဲ့ ကတော့ တစ်ခုနဲ့မဟုတ် နောက် တစ်ခုနဲ့ငြိနိုင်တဲ့အနေအထား ရှိပါ တယ်။ တောင်တရုတ်ပင်လယ်ကို သိပ်စိတ်ဝင်စားဟန်မပြပေမယ့် တရုတ်နဲ့ထိုင်ဝမ်ကို ထိပ်တိုက်တွေ့ ခိုင်းပြီး နောက်ကွယ်ကနေ ကစား မလားလို့ စဉ်းစားစရာ ရှိပါတယ်။ ကိုရီးယားကျွန်းဆွယ်ကိစ္စနဲ့ ပတ် သက်လို့ မူဝါဒမရေရာသေးပါ။ အာရှပစိဖိတ်မှာ အမေရိကန် ထီးရိပ် ခိုနေရတဲ့နိုင်ငံတွေ (ဂျပန်၊ ကိုရီးယား)ကတော့ စိတ်လှုပ်ရှား နေကြရပုံပါပဲ။ အထူးသဖြင့် ဂျပန် လိုနိုင်ငံမျိုးက အမေရိကန်ဒိုင်း ကာကို ဆုံးရှုံးရမယ်ဆိုရင် တရုတ် နဲ့ မြောက်ကိုရီးယားကို ရင်ဆိုင်ဖို့ သူ့ဖာသာ အဏုမြူလက်နက်ထုတ် ဖို့ကြိုးစားလာမှာ စိုးရပါတယ်။ သေချာတာကတော့ ထရမ့်လက် ထက်မှာ အာရှ-ပစိဖိတ်ဒေသက တည်ငြိမ်အေးချမ်းလိမ့်မယ်လို့ မပြောနိုင်သေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒေသတွင်းအရှေ့ တောင်အာရှ နိုင်ငံတွေမှာလည်း အရေးပါတဲ့ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေမှာ နိုင်ငံရေး က မတည်ငြိမ်သေးပါ။ လုံခြုံရေးနဲ့ပတ်သက်ရင် အရှေ့အလယ်ပိုင်းမှာ စစ်ရှုံးနေတဲ့ IS အဖွဲ့ဟာ ကမ္ဘာတစ်ဝန်းမှာ တပ်ဖြန့်တပ်ဖျောက်ဖို့ ကြိုးစားလာနိုင်ပါတယ်။ အရှေ့တောင်အာရှနဲ့ တောင်အာရှဟာလည်း သူတို့ ရဲ့ ဦးတည်ရည်မှန်းချက်နေရာတွေ ဖြစ်လာနိုင်ပါတယ်။ ခြုံပြီး ပြောရမယ်ဆိုရင်တော့ အမေရိကန်မှာ မရေရာတဲ့ ဦးဆောင်မှု၊ ဥရောပမှာ ဖရိုဖရဲဖြစ်နေမှု၊ အာရှပစိဖိတ်ဒေသက မတည်ငြိမ်မှုအလားအလာတွေကြောင့် ကမ္ဘာကြီးဟာ အပြောင်းအလဲတစ် ခုကိုဦးတည်နေပြီဖြစ်သော်လည်း ၂ဝ၁၇ မှာတော့ မရေရာမှုများနဲ့ ရင်ဆိုင်နေရဦးမှာပဲလို့ ရှုမြင်သုံးသပ်မိကကြောင်း။

ကိုကိုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*