ရွှေရည်စိမ် ခရီးသွား ၂၀၁၆

ရွှေရည်စိမ် ခရီးသွား ၂၀၁၆
December 28, 2016 Asian Fame

4:21 pm
ရွှေရည်စိမ် ခရီးသွား ၂၀၁၆

travel-articleခရီးသွားလုပ်ငန်းတွင် ”ရွှေ ” ဖြစ် မည့်နှစ်အဖြစ် အားလုံး မျှော် မှန်းခဲ့ကြသော ၂ဝ၁၆ ခုနှစ်မကြာမီ ကုန် ဆုံးတော့မည် ဖြစ်သည်။
၂ဝ၁၅ ရွေးကောက်ပွဲ မည်သည့် ပြဿနာမှ မရှိဘဲ အေးချမ်းစွာ ပြီးဆုံးခဲ့ ခြင်းနှင့် လူထုအားပေး ထောက်ခံမှု အများ ဆုံးရခဲ့သည့် အမျိုးသား ဒီမိုကရေစီ အ ဖွဲ့ချုပ်ပါတီ (NLD ) အနိုင်ရခဲ့ခြင်းကြောင့် နိုင်ငံတကာ စိတ်ဝင်စားမှု တိုးမြင့်လာမည် ကို မျှော်မှန်းကာ ၂ဝ၁၆ ကို ခရီးသွားလုပ် ငန်း ”ရွှေ” နှစ်အဖြစ် လုပ်ငန်းရှင်များက မျှော်လင့် ခဲ့ကြခြင်းဖြစ်သည်။ သို့သော် တကယ်တမ်း လက်တွေ့တွင် မူ မျှော်မှန်း သည့် အတိုင်းဖြစ်မလာသည့် အပြင် ယမန် နှစ်ထက်ပင် ခရီး သွားလာရောက်မှု ကျဆင်း သွားခဲ့ပြီး ဟိုတယ်နှင့် ခရီး သွား လာရေး ဝန်ကြီးဌာန၏ လျာထားချက်ဖြစ်သော ၅ ဒသမ ၅ သန်း မပြည့်နိုင်တော့ကြောင်း လုပ်ငန်းရှင်များက သုံးသပ်လာကြ သည်။ အဘယ့်ကြောင့် ထိုသို့ ဖြစ်ရ သနည်း။

၂ဝ၁၆   ခရီးသွား  အတက်အကျ

၂ဝ၁၆ ခုနှစ်သည် ခရီးသွား လုပ်ငန်း ကဏ္ဍ အတွင်း ဖြေလျှော့မှု အချို့ ရှိခဲ့သော နှစ်ဟု ဆိုရမည်ဖြစ်သည်။ ယခင်က တရား ဝင်လိုင်စင် ခွင့်မပြုခဲ့သော ပြည်ပသို့ ဧည့် သည် ပို့ဆောင်ခြင်း လုပ်ငန်း (Outbound) ကို လိုင်စင်များ ထုတ်ပေးကာ စနစ်တကျ လုပ်ဆောင် ခွင့်ပြုခဲ့ခြင်း၊ ဟိုတယ်နှင့် ခရီး သွား လုပ်ငန်း ဆိုင်ရာ လိုင်စင်ကြေး များကို ဖြေလျှော့ပေးခဲ့ခြင်း စသည်တို့ကို ဟိုတယ် ခရီးဝန်ကြီး ဌာနက လုပ်ဆောင် ပေးခဲ့သည်။ ထိုသို့ လုပ်ဆောင်သလို တစ်ဖက်တွင်လည်း ဟိုတယ်ဆောက်ခွင့် လိုင်စင်မယူဘဲ ဆောက်လုပ်မှုများ၊ လိုင်စင် မရှိဘဲ ပြည်ပ သို့ ခရီးသည် ပို့ဆောင်ခြင်း များကို အရေး ယူသွားမည်ဟု ကြေညာခဲ့သည်။ ထို့ပြင် အစိုးရသစ်က အာဏာကို လွှဲပြောင်း ယူ အပြီး ကာလ အတွင်း ရက် ၁ဝဝ စီမံကိန်း များ သတ်မှတ်ကာ ရှမ်းပြည်နယ်၊ ကချင် ပြည်နယ်၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည် နယ် တို့တွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း စီမံကိန်းများကို စတင် လုပ်ဆောင်ခဲ့သည်။ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး အတွက် ဟိုတယ်ဆိုင်ရာသင် တန်းများ၊ ဧည့်လမ်းညွှန် သင်တန်းများကို မြန်မာနိုင်ငံရှိ ဒေသ အသီးသီးတွင် ဖွင့် လှစ်ပေးခဲ့ သည်။

မြန်မာနိုင်ငံသို့ ဝင်ရောက်သော ခရီး သည် အရေအတွက်မှာ ၂ဝ၁၃ ခုနှစ်တွင် (၂ ဒသမ ဝ၄) သန်း၊ ၂ဝ၁၄ ခုနှစ်တွင် (၃ ဒသမ ဝ၈၁) သန်းခန့်၊ ၂ဝ၁၅ ခုနှစ် တွင် ခရီးသည် (၄ ဒသမ ၆၈)သန်း ဝင် ရောက်ခဲ့ပြီး ယခုနှစ်တွင် ပြည်ပ ဧည့်  ၅ ဒသမ ၅ သန်း လာရောက်ရန် ဝန်ကြီး ဌာနက ခန့်မှန်းထားခဲ့သည်။ သို့သော် လည်း ယခုနှစ် ကိုးလတာ အတွင်း ဧည့် သည် ဝင်ရောက်မှုသည် ယခင်နှစ် အလား တူကာလနှင့် နှိုင်းယှဉ်ပါက ၁၁ ရာခိုင် နှုန်းလျော့နည်းနေကြောင်း၊ ဧည့်အဝင် အ ရေအတွက်ကို ယခင်နှစ်များ ကဲ့သို့ မြန် မာ နိုင်ငံ သို့ ရောက်ရှိလာသည့် နိုင်ငံခြားသား တိုင်းကို ထည့်သွင်း တွက်ချက်မည် မဟုတ် ဘဲ ဗီဇာ အလိုက် အမျိုးအစားခွဲခြားကာ မြန်မာသို့ လာရောက် လည်ပတ်သည့် ဧည့် သည် စာရင်းကို သာယူမည်ဖြစ်၍ ယခင် ထက်ပိုမိုတိကျသည့် စာရင်းကို ရရှိမည် ဖြစ်ကြောင်း၊ တစ်နှစ် တာ ဧည့်အဝင်စာ ရင်းကိုမူ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန နှင့် ညှိနှိုင်းကာ စာရင်းများ လုပ်ဆောင် ရမည်ဖြစ်၍ ၂ဝ၁၆ ခုနှစ်၏ တစ်နှစ်တာ ဧည့်အဝင် စာရင်းကို လာမည့်နှစ်ဖေဖော် ဝါရီလမှသာ ထုတ်ပြန်ပေးနိုင်မည် ဖြစ် ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောသည်။

ခရီးသွား လုပ်ငန်းများ အနေဖြင့်လည်း ခရီးစဉ် ရောင်းချရမှု မျှော်မှန်း ထားသလောက် မဖြစ်ခဲ့သည့် အပြင် ယခင်နှစ်ထက် ပင် လျော့ နည်းနေကြောင်း အင်း လေးဇုန် ခရီးသွား လုပ်ငန်း၏ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ဌေး အောင်က ပြောသည်။

”ကျွန်တော့် ကုမ္ပဏီ တစ်ခုတည်းရဲ့ ရာခိုင်နှုန်းနဲ့ဆို မနှစ်ကထက် ၁၅ ရာခိုင် နှုန်းလောက် နည်းသွားတယ်။ လွန်ခဲ့တဲ့တစ် ပတ်ကဆို ကားတွေ အကုန် ရပ်ထားရတာ၊ ကြိုပို့ရမယ့် သူမရှိလို့” ဟု ၄င်းက ပြောသည်။

မြန်မာသို့ လာရောက်သော ဧည့် သည်များတွင် နယ်စပ်မှ ဝင်ရောက်မှုသည် အပြည်ပြည်ဆိုင်ရာ လေဆိပ် များမှ တစ် ဆင့် လာရောက်သော ဧည့်သည်များ ထက် ပိုမို များပြားပြီး ၂ဝ၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံ နယ်စပ် ဝင်ပေါက်မှ လာရောက် သော အရေ အတွက်မှာ (၂)သန်းကျော်၊ တရုတ်နယ်စပ်မှ လာရောက်သော ဧည့် သည် ၁ ဒသမ ၅ သန်းရှိခဲ့သည်။ သို့သော် လည်း ယခုနှစ်တွင် တရုတ်-မြန်မာ နယ် စပ်၌ တပ်မတော်နှင့် တိုင်းရင်းသားလက် နက်ကိုင်များကြား တိုက်ပွဲများ ဖြစ်ပွား လျက်ရှိပြီး မူဆယ်နယ်စပ်မှ ဧည့်အဝင်ကို ရပ်နားထားရသည်။

ယခုနှစ် ကုန်ခါနီးတွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် နယ်စပ်များမှ ဝင် ရောက်မည့် နယ်စပ်ဖြတ်ကျော် ယာဉ်တန်း ခရီးစဉ်များ ဖျက်လိုက် ရခြင်း များရှိကြောင်း Marvellous Memory ခရီးသွားလုပ်ငန်း ဒါရိုက်တာ မဝင်းမာထွန်းက ပြောသည်။

ခရီးသွားလုပ်ငန်းကို  ထိခိုက်စေတဲ့ အကြောင်းရင်းတွေ

သဘာဝ ဘေးအန္တရာယ်၊ နိုင်ငံရေး တည်ငြိမ်မှု၊ စီးပွားရေး တည်ငြိမ်မှု စသည် တို့သည် ခရီးသွား လုပ်ငန်း တိုးတက်မှုနှင့် တိုက်ရိုက် အချိုး ကျ လျက်ရှိသည်။ ယခုနှစ် အတွင်း မြန်မာနိုင်ငံသည် ထိုသုံးချက် စလုံးနှင့် ငြိခဲ့သည်ဟု ဆိုရ မည်ဖြစ်သည်။ ဇူလိုင်လကုန် မှစ၍ သြဂုတ်လ အထိ နိုင်ငံ အဝှမ်းရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်း၊ မြန်မာနိုင်ငံ၏ အဓိက ခရီးစဉ်ဒေသ တစ်ခု ဖြစ်သော ပုဂံငလျင်ဒဏ် သင့်ခဲ့ခြင်း၊ ရခိုင်တွင် အကြမ်းဖက်မှု များ ဖြစ် ပွားခဲ့ခြင်း၊ ရှမ်းပြည်နယ် မြောက် ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း စသည် တို့ သည် မြန်မာ့ ခရီးသွား လုပ်ငန်း အပေါ် သက်ရောက်မှု ရှိခဲ့ကြောင်း ခရီး သွား လုပ်ငန်းရှင် အချို့က ဆိုသည်။

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း (UMTA)ဥက္ကဋ္ဌ ဦးသက်လွင် တိုးက ”အရှေ့စည်းရိုးရော၊ အနောက်စည်း ရိုးရော ဆိုင်းသံ ဗုံသံကြားနေရတယ်။ ရန် ကုန်၊ မူဆယ် ဘက်မှာလည်း ပိတ်သွားပြီ။

အဲဒီတော့ ထိုင်းတို့ ကော့သောင်း တို့က ရွက် လှေတွေနဲ့ ဝင်တာတွေကိုပဲ ကြည့်ရတော့မယ်။ လော လောဆယ်တော့ ၃ သန်း ပတ်ချာ လည် လောက်တော့ ရှိသွားပြီ။ ဒါပေမယ့် ၅ သန်း ခွဲဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ ဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံသည် အခြားဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဈေးအလွန်ကြီး နေခြင်း၊ ဧည့်သည်များ ပေးသည့်ငွေနှင့် ထိုက်တန်သည့် ဝန်ဆောင်မှုကို မပေးနိုင် ခြင်းတို့မှာလည်း ခရီးသွား လုပ်ငန်းကိုထိ ခိုက်စေသည့် အကြောင်းရင်းများ ဖြစ် ကြောင်း ဝါရင့် ဧည့်လမ်းညွှန် တစ်ဦးဖြစ် သည့် ဒေါ်ခင်သီတာအေးက ပြောသည်။

”ဈေးတွေက ပျံလန်နေအောင် ကြီးနေ တာ။ ဟိုတယ်တွေ ဈေးတွေချတယ် ဆိုပြီး ချလည်းမချဘူး။ ပြီးတော့  Zone Fee (ခရီး စဉ်ဒေသ ဝင်ကြေး) တွေကလည်း များနေ တယ်” ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဧည့်လမ်းညွှန်သင် တန်းများ ဆက်တိုက် ဖွင့်ပေးနေသဖြင့် ဧည့်လမ်းညွှန် များစွာ ထွက်ပေါ်လာသော် လည်း အရည် အသွေး ထက် အရေအတွက် က ပိုများသလို ဖြစ်ကြောင်းလည်း ၄င်းက ပြောသည်။

”တချို့ ဂိုက်တွေဆို ဂိုက်ကြေးတောင် မယူဘူး။ မုန့်ဖိုးရရင်ကို လိုက်နေတာ။ မနေ့တစ်နေ့ကမှ ဝင်လာတဲ့သူတွေက အ လုပ်ရနေတာ။ ဧည့်သည်တွေမှာ ခရီးစဉ် ကို ဒေါ်လာ ၂ဝဝဝ ကျော်ပေးပြီး ဝယ်ရ တယ်၊ ထိုက်တန်တဲ့ ဝန်ဆောင်မှုလည်း မရဘူး” ဟု ၄င်းကပြောသည်။

ထို့ပြင် ခရီးစဉ်ဒေသ အချို့တွင် သယ် ယူ ပို့ဆောင်စရိတ်များ ကြီးလွန်းနေခြင်း၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ စနစ် မကျခြင်း တို့ကြောင့်လည်း ရေရှည်တွင်ခရီး သွားလုပ်ငန်းကို ထိခိုက် လာနိုင်သည်ဟု ၄င်းက ထောက်ပြသည်။

၂ဝ၁၇ အတွက် ဘာတွေလုပ်သင့်လဲ

လာမည့်နှစ် အတွက် ခရီးသွားလုပ် ငန်းတိုးတက်စေရန် အစိုးရ အနေဖြင့် နိုင်ငံတကာ မီဒီယာများ၊ သံတမန်များ၊  ခရီးသွား လုပ်ငန်းရှင် များကို မြန်မာနိုင်ငံသို့ ခေါ်ကာ နိုင်ငံ၏ အခြေအနေမှန်ကို ချပြ သင့်ကြောင်း ဦးသက်လွင်တိုးက ပြော သည်။

”အရှေ့စည်းရိုး၊ အနောက် စည်းရိုး တွေက နေ့စဉ် ပေါက်ကွဲမှုတွေ ဖြစ်တယ်ဆို ပြီး နိုင်ငံတကာက နြါအေငလန မီဒီယာတွေ က တင်ပြကြတယ်၊ အစိုးရ အနေနဲ့ နိုင်ငံ တကာမီဒီယာတွေ၊ သံတမန်တွေ၊ ခရီး သွားအေးဂျင့်တွေကိုခေါ်ပြီး ဒီက အခြေ အနေတွေ ကို ပြသင့် တယ်။ Fam Trip တွေလုပ်ပေးသင့်တယ်” ဟု ၄င်းက ပြော သည်။

ထို့ပြင် နိုင်ငံတကာတွင် ကြော်ငြာ ခြင်းမျိုး ပြုလုပ်ခြင်းဖြင့်လည်း ခရီးသွား လုပ်ငန်းကို မြှင့်တင်နိုင်ကြောင်း ၄င်းက ဆိုသည်။ Nature Dream ခရီးသွား လုပ်ငန်းမှ မန်နေဂျင်း ဒါရိုက် တာ ဒေါ်စပယ်အောင်က လက်ရှိ အခြေအနေသည် ဝန်ကြီးဌာန နှင့်အတူ ခရီး သွား လုပ်ငန်း အသင်းအဖွဲ့ များ၏ လုပ်ထုံး လုပ်နည်းများ ကို ပြန်လည် သုံးသပ်ရမည့် အနေအထား ဖြစ်နေ ကြောင်း မှတ်ချက်ပြု သည်။

”အခြားနိုင်ငံတွေမှာ ဆိုရင် သင်းဖွဲ့တွေရဲ့ အားက ကောင်း တယ်။ ဒါပေမယ့် ဌာနအား မကောင်းဘူး။ မြန်မာနိုင်ငံမှာ ကျတော့ ဌာနရော၊ အသင်း ဖွဲ့ရော နှစ်ဖက်လုံးမှာ စွမ်းဆောင်ရည် အားနည်းတဲ့ သူတွေများ ဖြစ်နေမလားပေါ့။ ဒါက မေးခွန်းပါ” ဟု  ဒေါ်စပယ်အောင် က ပြောသည်။

နိုင်ငံအတွင်းရှိ ခရီးသွားဒေသများ တွင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာ ခြင်းကိုလည်း ဝန်ကြီးဌာန အနေဖြင့် ပြု ပြင် ဆောင် ရွက် သင့်ကြောင်း ၄င်းက ပြော သည်။

”တစ်နိုင်ငံလုံးမှာ အမှိုက် ပြဿနာ တက်နေတယ်။ ဧည့်သည်တွေက မြန်မာ နိုင်ငံကို သန့်ရှင်းရေး နဲ့ပတ်သက်ပြီး လုံးဝ မကြိုက်ကြ ပါဘူး။ ငပလီမှာ ဆိုရင် လွန်ခဲ့ တဲ့ ၁ဝ နှစ်က သဲတွေသန့်ရှင်းတယ်၊ လှ တယ်။ ခုက သဲတွေမလှတော့ဘူး။ ကျိုက် ထီးရိုး သွားမယ် ဆို လည်း ဧည့်သည်တွေ ကို အမှိုက်တွေ မမြင်အောင် ရှောင်ပြနေရ တယ်” ဟု ၄င်းက ပြောသည်။

လက်ရှိ အခြေအနေအတိုင်း ဆက် သွား မည်ဆိုပါက မြန်မာပြည်၏ ခရီးသွား လုပ်ငန်း ဆက်လက် ကျဆင်းဖွယ်သာ ရှိ ကြောင်း ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူ များက ဆိုကြသည်။

”ဒီအတိုင်း ဆက်သွားရင်တော့ မလွယ် ဘူး။ အားလုံး ဝိုင်းလုပ်မှရမှာ။ အခုမှ မပြင်ရင် သွားပြီ” ဟု ဧည့်လမ်းညွှန် ဒေါ်ခင်သီတာအေး က ပြောသည်။

မေဇင်ဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*