လုပ်ငန်းခွင် အဆင် မပြေမှုများ အတွက် မန္တလေးရှိ အီလန်စက်ရုံ အလုပ်သမားများ ဆန္ဒပြ

လုပ်ငန်းခွင် အဆင် မပြေမှုများ အတွက် မန္တလေးရှိ အီလန်စက်ရုံ အလုပ်သမားများ ဆန္ဒပြ
December 28, 2016 Asian Fame

3:25 pm
လုပ်ငန်းခွင် အဆင် မပြေမှုများ အတွက် မန္တလေးရှိ အီလန်စက်ရုံ အလုပ်သမားများ ဆန္ဒပြ

labour2(မန္တလေး၊ ဒီဇင်ဘာ ၂၆)

လစာ တိုးမြှင့်ရေး အပါအ ဝင် တောင်းဆိုချက် ၆ ချက်ဖြင့် မန္တလေးရှိ အီလန်စက်ရုံ အလုပ် သမားများ ဆန္ဒပြ သပိတ်မှောက် လျက် ရှိကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက် ၈ နာရီခန့်မှ စ၍ စက်ရုံရှေ့ တွင် သပိတ်စခန်း ဖွင့်ကာ ဆန္ဒပြ နေခြင်းဖြစ်ပြီး အလုပ်ချိန် ၈ နာရီ ဖြင့် လုပ်ခလစာ တိုးမြှင့်ပေးရေး၊ အလုပ်သွား အလုပ်ပြန် ဖယ်ရီစီ စဉ်ပေးရေး၊ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်များကို ခွဲခြား ဆက်ဆံခြင်း မပြုရန်၊ အလုပ်သမားများကို မူး ယစ်သောက်စား၍ အုပ်ချုပ်မှုအ ပေါ် အရေးယူ ပေးရန်၊ အလုပ် သမားများ အပေါ် တစ်ဖက်သတ် ဖိနှိပ်ချုပ်ချယ်သော စီမံအုပ်ချုပ် ရေးအဖွဲ့အား ပြုပြင်ပြောင်းလဲပေး ရေး၊ နိုင်ငံခြားသား အုပ်ချုပ်မှုကို အလိုမရှိ  စသည့် အချက်များကို တောင်းဆို ထားကြောင်း အဆိုပါ ပြဿနာကို ကူညီ ဖြေရှင်းပေးနေ သည့် မြန်မာနိုင်ငံ စက်မှုလက်မှု နှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်  (MICS) ကော်မတီဝင် ကိုသက် နှင်းအောင်က ပေါ်ပြူလာနယူးစ် သို့ပြောသည်။

”လောလောဆယ်တော့ ကျွန် တော်တို့ စက်ရုံပိုင်ရှင် ကိုယ်တိုင် လာပြီး ညှိနှိုင်းဖို့ တောင်းဆိုထား ပါတယ်။ မန်နေဂျာတွေ ဘာတွေနဲ့ ဆို အဆင်မပြေမှာ စိုးလို့ပါ” ဟု ၄င်းက ဆိုသည်။

လက်ရှိ သပိတ်မှောက်မှု တွင် အလုပ်သမား ၁ဝဝ ကျော်ပါဝင် ကြောင်း စက်ရုံ အလုပ်သမား ခေါင်းဆောင် တစ်ဦးဖြစ်သူ မရင် ရင်စိုးက ပြောသည်။

”ကျွန်တော်တို့ကို အုပ်ချုပ်တဲ့ အလုပ်သမားခေါင်းက အလုပ်ခွင် ထဲမှာ အရက်မူးပြီး စကားပြော အုပ်ချုပ်တာတွေ ရှိတယ်။ စက်ရုံ မှာက အမျိုးသမီးက အများစု ဆိုတော့ မသင့်တော်ဘူးလေ။ ပြီး တော့ ညဘက် အလုပ်ခိုင်းတယ်။ ပြန်ဖို့၊ သွားဖို့  ဖယ်ရီလည်း မစီ စဉ်ပေးဘူး။ ညအချိန် ဆိုတော့ ပြန်ရတာ အရမ်း အခက်အခဲဖြစ် တယ်။ အဲဒါကြောင့် ဒါတွေကို တောင်းဆိုရတာပါ” ဟု စက်ရုံ အ လုပ်သမား တစ်ဦးကလည်း ဆို သည်။

အီလန် စက်ရုံသည် မန္တလေး တိုင်းဒေသကြီး၊  ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန် ၆၂ လမ်း၊ ကနောင်မင်းသားကြီးလမ်း မြောက်ဘက်တွင် တည်ရှိပြီး အလုပ်သမား အင်အား ၇ဝဝ ခန့်ဖြင့် လုပ်ငန်း လည်ပတ်နေသော စက်ရုံတစ်ခု ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*