ရန်ကုန်မှာ လျှပ်စစ် မီတာခတွေ ဈေးတက်တော့မှာလား

ရန်ကုန်မှာ လျှပ်စစ် မီတာခတွေ ဈေးတက်တော့မှာလား
December 28, 2016 Asian Fame

1:06 pm
ရန်ကုန်မှာ လျှပ်စစ် မီတာခတွေ ဈေးတက်တော့မှာလား

meter-increase(ရန်ကုန်၊ ဒီဇင်ဘာ ၂၇)

လာမည့် ၂ဝ၁၈ ခုနှစ်တွင်   အိမ်သုံး လျှပ်စစ်မီတာခများ ဈေး တက်ရန် ရှိနေကြောင်း ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာ မင်း ၏ လူမှုကွန်ရက် စာမျက်နှာထက် ရေးသားချက်အရ သိရသည်။

လက်ရှိ အိမ်သုံး မီတာခသည် တစ်ယူနစ်လျှင် ၃၅ ကျပ်ဖြစ်ပြီး လာမည့် ၂ဝ၁၈ ခုနှစ်၌ ၁ ယူနစ် ကို ၁၃ဝ ကျပ်နှင့် ကျပ် ၁၅ဝ ကြား ကို တက်သွားမှာ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်၏ ပြောကြား ခဲ့မှုကို ကိုးကားပြီး တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်း နှင့် စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက သူ၏ ဖေ့စ်ဘွတ်ခ် စာမျက် နှာထက် တွင် ရေးသား ထားသည်ကို တွေ့ရသည်။

ဒေါ်စန္ဒာမင်း၏ ရေးသားချက် ထဲတွင် စက်မှုဇုန်များ၊ အိမ်ရာစီမံ ကိန်းများ၊ လုပ်ငန်းသုံး များကိုကျပ် ၁၅ဝ မှ ၂ဝဝ ကြား ပြောင်းလဲကောက် ခံမှာဖြစ်ကြောင်း ဖော်ပြထားသည်။

အစိုးရက ရန်ကုန်တိုင်း အတွက် လျှပ်စစ်ကို ကုန်ကျစရိတ် အရှုံးခံပြီး ရောင်းပေးနေ ရကြောင်း၊ အစိုးရ၏ ကုန်ကျစရိတ် မှာ ယခု အချိန်တွင် ၁ ယူနစ်ကို ၁ဝ၅ ကျပ်ခန့် ကုန် ကျနေသည်ကို ၃၅ ကျပ်နှင့်ရောင်း ပေးနေရသောကြောင့် တစ်နိုင်ငံ လုံးအတိုင်းအတာ အနေဖြင့် တစ် နှစ်လျှင် ကျပ်ဘီလျံ ၉ဝဝ ခန့် အ ရှုံးပြနေကြောင်း သူမက ဆက်လက် ရေးသားထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့ နယ် လွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက ”ဟုတ်ပါတယ်။ ကျွန်တော် တို့ လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ တွေ့တဲ့အချိန်မှာ ဝန်ကြီးချုပ် ကိုယ်တိုင် ပြောသွားတာပါ။ ဒီလို အခက်အခဲတော့ ရှိတယ်။ ဒီအ ပေါ်မှာ အားလုံးဝိုင်းပြီး စဉ်းစား ပေးဖို့ပြောတာပါ။ ဒါနဲ့ပတ်သက်ပြီး လောလောဆယ် နောက်ထပ် ထူး ခြားတာတော့ မရှိသေးပါဘူး” ဟု ပေါ်ပြူလာနယူးစ်သို့ ဆိုသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်က လွှတ်တော် ကိုယ်စားလှယ်များကို မီတာခ တက်မည့်ကိစ္စနှင့် ပတ်သက် ၍ ပုဂ္ဂလိကကို လုပ်ကိုင်ခိုင်းမှာဖြစ် ၍ မီးလုံးဝ မပျက်စေရကြောင်းနှင့် ယခုကဲ့သို့ ဈေးနှုန်းများ မပြောင်း လဲဘဲ အစိုးရက ဆက်လက် အရှုံးခံ နေရမည်ဆိုလျှင် နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်ဆောင်နိုင်မည် မဟုတ်ဟုပြောကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနပြောခွင့်ရ အမြဲတမ်း အတွင်း ဝန် ဦးထိန်လွင်ကမူ မီတာခများ တက်ရန် တွက်ချက်နေဆဲဖြစ် ကြောင်း၊ ထို့ကြောင့် လောလော ဆယ် ကံသေကံမ ပြော၍မရသေး ကြောင်း ပြောသည်။

”ခုလောလောဆယ် မတက် သေးပါဘူး၊၂ဝ၁၇-၂ဝ၁၈ လို့လည်း ပြောလို့ မရသေးဘူး”ဟု သူက ပြောသည်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*