ဘရာဇီးဘောလုံး အသင်းပါဝင်သော လေယာဉ် ပျက်ကျခြင်းမှာ လေယာဉ်မှူး၏ အမှားများကြောင့် ဖြစ်ကြောင်း သိရပြီ

ဘရာဇီးဘောလုံး အသင်းပါဝင်သော လေယာဉ် ပျက်ကျခြင်းမှာ လေယာဉ်မှူး၏ အမှားများကြောင့် ဖြစ်ကြောင်း သိရပြီ
December 28, 2016 Asian Fame

2:12 pm
ဘရာဇီးဘောလုံး အသင်းပါဝင်သော လေယာဉ် ပျက်ကျခြင်းမှာ လေယာဉ်မှူး၏ အမှားများကြောင့် ဖြစ်ကြောင်း သိရပြီ

brazil-air-crash(ဘိုဂိုတာ၊ ဒီဇင်ဘာ ၂၇)

ဘရာဇီးနိုင်ငံမှ နာမည်ကျော် ဘောလုံး အသင်းသား အားလုံး ပါဝင်ခဲ့ပြီး လွန်ခဲ့သည့်လ အတွင်းက ကိုလံဘီယာနိုင်ငံ မယ်ဒယ် လင်း လေဆိပ် အနီးတွင် ပျက်ကျခဲ့ သော ဘိုလစ်ဗီးယား အခြေစိုက် စင်းလုံး ငှားကုမ္ပဏီ တစ်ခုမှ လေယာဉ်သည် လေယာဉ်ကို ထိန်း သိမ်းမောင်းနှင် သူ၏ အမှားများကြောင့် သာလျှင် လေယာဉ်ဆီ ကုန်၍ ပျက်ကျ ရခြင်းဖြစ်ကြောင်း ကိုလံဘီယာ လေကြောင်း အာဏာ ပိုင် အဖွဲ့က ယနေ့ကြေညာလိုက်သည်။

ကိုလံဘီယာနိုင်ငံ အရပ်ဘက် လေ ကြောင်း ပျံသန်းရေး အေဂျင်စီက အဆိုပါ လေယာဉ်ကို ငှားရမ်းခဲ့သည့် ဘိုလစ်ဗီး ယားနိုင်ငံ အခြေစိုက် လာမီယာလေယာဉ် စင်းလုံးငှား ကုမ္ပဏီ၏ ပျံသန်းမှု အစီအစဉ် အပါအဝင် အခြား အချက်အလက် များကို စုံစမ်း စစ်ဆေး ပြီး နောက် အဆိုပါလေယာဉ် ခရီးစဉ်သည် နိုင်ငံတကာ စံသတ်မှတ် ချက်များကို ပြည့်မီခြင်း မရှိဟု မှတ်ချက်ချ ခဲ့သည်။

လေယာဉ်ဝယ် ဆီ အလုံအလောက် မပါရှိဘဲ ပျံသန်း ထွက်ခွာခဲ့ခြင်းနှင့် လမ်းခု လတ်ဝယ် ဆီထပ်မံ မဖြည့်တင်းခြင်း တို့မှာ လည်း လေယာဉ်ကို ထိန်းသိမ်း မောင်းနှင်သူ၏ အမှားများ ပင်ဖြစ်ကြောင်း စုံစမ်း စစ်ဆေးရေး အစီရင်ခံစာဝယ် ဆို ထားသည်။ ထို့ အပြင် လေယာဉ်မှူးသည် အချိန် အလွန်နောက်ကျနေသည် အထိ လေယာဉ်၏ အရေးပေါ် အခြေအနေကို ပျံသန်းမှု ထိန်းသိမ်းရေး ဌာန သို့ သတင်း မပို့ခဲ့ချေ။

လေယာဉ် မပျက်ကျမီ ၆ မိနစ် အလိုမှ သာလျှင် လေယာဉ်မှူးက မယ်ဒယ်လင်း လေဆိပ်သို့ ဆင်းသက်ခွင့် တောင်းခံခဲ့ပြီး ထိုအချိန် တွင် လေယာဉ် အင်ဂျင်အားလုံး ရပ်တန့်ပြီး ဖြစ်နေသည်မှာ ၂ မိနစ်မျှပင် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်းကိုလည်း စုံစမ်း စစ်ဆေးရေး အစီရင် ခံစာတွင် ရေးသား ထားသည်။

ထို့အပြင် လေယာဉ်သည် သတ်မှတ် ကုန်ချိန်ထက် ပိုမို တင်ဆောင် ခဲ့ကြောင်းကို လည်း ကိုလံဘီယာ အရပ်ဘက်လေကြောင်း ပျံ သန်းရေး အေဂျင်စီက ဆိုပါသည်။

ယင်းလေယာဉ်ကို ငှားရမ်းပျံသန်း စေခဲ့သည့် ကုမ္ပဏီ အခြေစိုက်ရာ ဘိုလစ်ဗီး ယားနိုင်ငံ အစိုးရကမူ လေယာဉ် ပျက်ကျခဲ့ ခြင်းမှာ ကုမ္ပဏီနှင့် လေယာဉ်မှူး တို့၏ အ ပြစ်သာဖြစ်ကြောင်းဆိုခဲ့ပြီးဖြစ်သည်။

PN002
Ref: Colombia Probe Finds Human Error, Lack of Fuel in Air Crash

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*