”ဒီကနေ့ ဖြစ်ပျက်နေတဲ့ငြိမ်း ချမ်းရေးလမ်းကြောင်းဟာ ခက်ခက်ခဲခဲနဲ့ တည်ဆောက်ခဲ့ရတာပါ။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်းက တစ်နှစ်ခွဲလောက်အချိန်ယူပြီးတော့ ဒီဟာကြီးကို တည်ဆောက်ခဲ့ပြီး အခြေအနေကောင်းတွေဖန်တီးထားခဲ့တာပါ”

”ဒီကနေ့ ဖြစ်ပျက်နေတဲ့ငြိမ်း ချမ်းရေးလမ်းကြောင်းဟာ ခက်ခက်ခဲခဲနဲ့ တည်ဆောက်ခဲ့ရတာပါ။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်းက တစ်နှစ်ခွဲလောက်အချိန်ယူပြီးတော့ ဒီဟာကြီးကို တည်ဆောက်ခဲ့ပြီး အခြေအနေကောင်းတွေဖန်တီးထားခဲ့တာပါ”
December 28, 2016 Asian Fame

11:37 am
”ဒီကနေ့ ဖြစ်ပျက်နေတဲ့ငြိမ်း ချမ်းရေးလမ်းကြောင်းဟာ ခက်ခက်ခဲခဲနဲ့ တည်ဆောက်ခဲ့ရတာပါ။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်းက တစ်နှစ်ခွဲလောက်အချိန်ယူပြီးတော့ ဒီဟာကြီးကို တည်ဆောက်ခဲ့ပြီး အခြေအနေကောင်းတွေဖန်တီးထားခဲ့တာပါ”

usdp

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေအရ အာဏာရအစိုးရ၏ အဓိကအတိုက်အခံပါတီဖြစ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထိပ်တန်းခေါင်းဆောင်အချို့အား popular news ဂျာနယ်က သီးသန့်တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါသည်။ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသန်းဌေး၊ နိုင်ငံတကာရေးရာကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးဝဏ္ဏမောင်လွင်၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးမြင့်စိုးနှင့် ပါတီဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဒေါက်တာဝင်းအောင်ကျော်တို့အား မျက်နှာစုံညီ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ခြင်းပင်။ ထိုသို့ တွေ့ဆုံမေးမြန်းခွင့်ရသည်နှင့်အမျှ မိမိတို့သိလိုသည့်အချက်များ၊ ကိစ္စရပ်များကို စာဖတ်ပရိသတ်အား ပြန်လည်တင်ပြရန်အတွက် စုံလင်စွာမေးမြန်းခဲ့ပါသည်။ ထိုသို့ တွေ့ဆုံမေးမြန်းခဲ့ခြင်းများအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးမြင့်စိုးနှင့် ပါတီဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဒေါက်တာဝင်းအောင်ကျော်တို့၏ ဖြေကြားချက်များကို ယခုအပတ်တွင် ဖော်ပြလိုက်ရပါကြောင်း။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးမြင့်စိုး

၎င်းသည် အစိုးရသစ်က ဖွဲ့စည်းလိုက်သည့် ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နေသူလည်း ဖြစ်သည်။

သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ဆောင်ရွက်ခဲ့သည့် ငြိမ်းချမ်းရေး အခြေအနေနှင့် တိုးတက်မှု၊ ၁၇ ဖွဲ့စလုံးပါအောင် မစည်းရုံးနိုင်ရခဲ့သည့် အကြောင်းအရင်း။

သမ္မတကြီးဦးသိန်းစိန်လက်ထက်တုန်းက တာဝန်ယူခဲ့တဲ့ NCA Text (အပစ်ရပ်စာချုပ်)အနေနဲ့လည်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းအားလုံးသဘောတူ ရေးဆွဲခဲ့တာ။ ဒီကနေ့ဖြစ်နေတဲ့ KIA လည်းပဲ ပါဝင်ခဲ့တယ်။ ငြိမ်းချမ်းရေးကို စတင်ဆောင်ရွက်တဲ့အခါမှာ ပထမ NCCT (နိုင်ငံလုံးဆိုင် ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့) လို့ခေါ်တဲ့ အဖွဲ့နဲ့ NCA (နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်)ကိုတောက်လျှောက်လုပ်လာပြီး နောက်ဆုံးမှာ Single Text ကို သဘောတူခါနီး တစ်ခါပြန်ပြီးတော့ ပြင်တာနဲ့ ကျွန်တော်တို့ က စိတ်ရှည်စွာနဲ့ သူတို့ရဲ့အထူးအဖွဲ့ SD နဲ့ဆောင်ရွက်ခဲ့တယ်။ ဒီတော့ ပြောချင်တာက Single Text အနေနဲ့ သဘောတူခဲ့တဲ့နေရာမှာ All inclusive (အာလုံးပါဝင်ရေး) မဖြစ်ဘူးဆိုတဲ့ကိစ္စ။

ကျွန်တော်တို့စပြီးကမ်းလှမ်းတုန်းက ၁၇ ဖွဲ့။ အဲဒီ ၁၇ ဖွဲ့မှာ ဒီကနေ့ဖြစ်နေတဲ့ MNDAA, AA တို့မပါဘူး။ TNLA ကျ တော့ ကျွန်တော်တို့က အဲဒီလိုဖြစ်တဲ့အခါမှာ အားလုံးသိတဲ့အတိုင်း ကိုးကန့်မှာ MNDAA နဲ့ စစ်ဖြစ်တယ်။ MNDAA ကို ကူပြီးတိုက်ပေးတဲ့အဖွဲ့မှာ TNLA တို့၊ AA တို့ ဒီအဖွဲ့ တွေက ပါဝင်ခဲ့တယ်။ လက်မှတ်ထိုးဖို့အတွက်ကို အားလုံးသဘောတူထားပါတယ်ဆိုတာတောင်မှ ပါဝင်ပြီးတော့ ဆန့်ကျင်ပြီးကန့် ကွက်ပြီးတိုက်ခိုက်တော့ ကျွန်တော်တို့ဘက် က စိတ်ရှည်ရှည်နဲ့ ဆွေးနွေးမယ်ဆိုပြီးတော့ ကမ်းလှမ်းမှုတွေ ဆောင်ရွက်ခဲ့တယ်။ နောက် ဆုံးတော့ အောက်တိုဘာလ ၁၅ ရက်နေ့ လက်မှတ်ထိုးတော့ ၈ ဖွဲ့ထိုးပြီးတော့ ကျန်တာတွေ မထိုးခဲ့ဘူး။

လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေရဲ့ အကြောင်းရင်းခံနှင့် အကျိုးဆက်အပေါ် ဦးမြင့်စိုးရဲ့အမြင်။

ခုကျတော့ တိုင်းရင်းသားလက်နက်ကိုင်က ၂၁ ဖွဲ့ဖြစ်သွားတယ်။ သာမန်ပြည်သူလူထုကတော့ မသိပေမယ့် ကျွန်တော်တို့က အစအဆုံးလုပ်လာခဲ့တော့ အဲဒီထဲမှာ လက်နက်ကိုင်အင်အား၊ တပ်အင်အားမရှိတဲ့ WNO (ဝအမျိုးသားအစည်းအရုံး)၊ LDU (လားဟူဒီမိုကရက်တစ်သမဂ္ဂ)တို့လို အဖွဲ့တွေပါလာတယ်။ ထားပါတော့။ အခု ရှမ်းမြောက်ဖြစ်တဲ့အခါကျတော့ သူတို့ဘက်က တစ်ဖွဲ့ပြီးတစ်ဖွဲ့TNLA, MNDAA တို့က မြောက်ပိုင်းအဖွဲ့ဆိုပြီး ကြေညာပြီး ပေါင်းတိုက်တယ်။ သူတို့ပြောတဲ့ အထဲမှာ ကန့်သတ်စစ်ဆိုပြီး ပြောတယ်။ အဲဒီတော့ စစ်ရဲ့သဘောတရားမှာ ကန့်သတ်စစ်ဆိုတာမရှိဘူး။ တစ်နည်းအားဖြင့်တော့ စည်းဘောင်မကျော်ဖို့။

သူတို့ရဲ့ရည်မှန်းချက်ကဘာလဲ။

သူတို့ရည်မှန်းချက်က UNFC (ညီညွတ် သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ)က နိုင်ဟံသာတို့ ပြောတာတော့ တပ်မတော်က ထိုးစစ်တွေလုပ်လို့ ဒါဟာ သူတို့ဘက်က တန်ပြန်ပြီးတော့ တပ်မတော် ကိုတိုက်ရတယ်ဆိုတဲ့ ပုံစံမျိုးပြောတယ်။ ဒါဆိုရင် တပ်မတော်ကိုပဲ အဓိကတိုက်ရမယ်ဆိုတာ သူတို့ရဲ့ရည်မှန်းချက်။ ဒါပေမယ့် ဒီကနေ့ကျတော့ ဆက်သွယ်ရေးလမ်း ကြောင်းဖြစ်တဲ့ မူဆယ်လမ်းကြောင်း၊ နိုဝင် ဘာလ ၂ဝ ရက်နေ့ဖြစ်စဉ်မှာလည်း တကယ် ပစ်မှတ်ထားပြီးတိုက်ခိုက်တာက အပြစ်မဲ့တဲ့ ပြည်သူလူထု၊ သေကျေကြတယ်။ ဒဏ်ရာရတဲ့သူတွေဟာလည်း များတယ်။ ဒါဆိုရင် အဲဒီ မူဆယ်လို နေရာမျိုး၊ ကွတ်ခိုင်လိုနေရာမျိုး၊ သူတို့ စစ်ရေးပစ်မှတ်မဟုတ်တာတွေကို ပစ်တယ်။ ဒါတွေဟာလည်းပဲ ပြန်ကြည့်မယ် ဆိုရင် ခုနကပြောတဲ့ ကန့်သတ်စစ်ဆိုတဲ့ အသွင်သဏ္ဌာန်မျိုးမဟုတ်တော့ဘဲနဲ့ အကြမ်း ဖက်တဲ့ပုံစံမျိုးဖြစ်လာတာ တွေ့ရတယ်။ ကျွန် တော်တို့ NCA Text မှာလည်း အခန်း ၇ ခန်းနဲ့ ရေးဆွဲထားတဲ့ဟာကလည်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေ လိုချင်တဲ့ဟာကို ကျွန်တော်တို့က လိုက်လျောနိုင်သမျှ လိုက်လျောပြီးတော့ ရေးဆွဲထားတဲ့ဟာ။ အဲဒီထဲမှာ အရပ်သားတွေကို ကာကွယ်ပေး ခြင်း၊ ကလေးသူငယ်တွေကို ကာကွယ်ပေးခြင်းတို့ ခုနကလိုက်နာရမယ့်အချက်တွေထည့်ထားပြီး။ ဒီကနေ့ ကျွန်တော်တို့ဖြစ်နေတဲ့ ဒီ NCA ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျွန်တော်တို့ သဘောတူညီထားတဲ့အရာတွေကို ဖောက်ဖျက်ကျူးလွန်တာ။ ခုနက အကြမ်းဖက်မှုတွေဟာ ဝမ်းနည်းစရာတွေပဲ။

ငြိမ်းချမ်းရေးရဲ့ ရှေ့အလားအလာက ဘယ်လို ရှိလာနိုင်သလဲ။

ဒါကြောင့် ရှေ့ကို ဘယ်လိုဆက်ပြီးသွားကြမလဲ။ ဒါတွေကလည်း မကြာခဏမေးတဲ့ မေးခွန်းတွေပဲ။ ငြိမ်းချမ်းရေးကို တကယ်လိုချင်တာ တပ်မတော်ပဲ၊ ပြီးတော့ ပြည်သူ လူထု။ ဒီကနေ့ ဒေါက်တာတင်မျိုးဝင်း ဥက္ကဋ္ဌ နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးကော်မရှင် ရှိပါတယ်။ အခု NRPC (အမျိုးသားပြန်လည်ရင် ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးစင်တာ) ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌနဲ့။ NRPC ကလည်း ထုတ်ပြန်ချက်ထုတ်ပါတယ်။

အဲဒီ ထုတ်ပြန်ချက်ကိုကြည့်ရင်လည်း အစိုးရက စိတ်ရှည်စွာနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးအတွက်ဆက်လက်ပြီးတော့ ဆွေးနွေးမယ်ဆိုတာ ပါတယ်။ မကြာသေးခင်က KIA အပါအဝင် အဖွဲ့လေးဖွဲ့ ကြေညာချက်ထုတ်တယ်။ အဲဒီကြေညာချက်မှာ အစိုးရအနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကို ရပ်စဲပေးရမယ်ဆိုတာပါတယ်။ ကျွန်တော်တို့ NCA မှာ လက်မှတ်ထိုးပြီးတာနဲ့ ၂၄ နာရီအတွင်း နှစ်ဖက်တပ်စခန်းတွေကို ပို့ရမယ်ဆိုတာ ကြေညာပြီးသား။ ပြီးရင် လက်မှတ်ထိုးပြီးတာနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ရလဒ်အပေါ်အခြေခံပြီး ဖက်ဒရယ်နဲ့ ဒီမိုကရေစီ စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက် မယ်ဆိုတဲ့အချက်တွေက သူတို့နဲ့လည်း အ ခြေခံသဘောတူပြီးသားတွေ။ ဒီအတိုင်း ဆက်သွားနေတာ။ အခု ဖြစ်နေတဲ့ မုံးကိုးတို့၊ ရှမ်းမြောက်တို့ တည်ငြိမ်သွားရင် ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်သွားမယ်ဆိုပြီး တော့ ကော်မရှင်ကပြောထား တာတွေ့ရ တယ်။ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ဒီကနေ့ ကျွန်တော်တို့သွားနေတဲ့ ငြိမ်း ချမ်းရေးလမ်းကြောင်းဟာ ပြည်သူတစ်ရပ်လုံးလိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးဖြစ်ပါတယ်။

အဲဒီအခါမှာ ခုနကပြောတဲ့ ကျွန် တော်တို့ဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက် တွေကို ကြည့်ရင် ဘယ်သူက ဘာ့ကြောင့် ဘယ်ရည်ရွယ်ချက်နဲ့ လုပ်တာလဲဆိုတာ သိသာပါတယ်။ နောက်တစ်ခု ကျွန်တော်တို့သုံးသပ်တာကတော့ လက်ရှိဖြစ်နေတဲ့ KIA, TNLA နောက်ပြီးတော့ MNDAA ပြီး တော့ AA ပါပါနေတယ်ပေါ့။ လက်ရှိ AA ကတော့ အမည်ခံထားတာပေါ့။ ဒီအဖွဲ့အစည်းတွေရဲ့ ဖြစ်တဲ့နေရာကို ကြည့်လိုက်တဲ့ အခါကျတော့ ကျွန်တော်တို့က ဒေသတစ်ခုတည်း မဟုတ်တာကို သွားတွေ့ရတယ်။ ဒါဟာ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတ ရားတွေရှိလဲဆိုတာကိုတော့ ကျွန်တော်တို့လည်း နားမလည်ဘူး။ ဘာ့ကြောင့် ဒီလိုဖြစ်တာလဲ၊ ဘယ်သူက နောက်ကွယ်မှာရှိသလဲ။ ဘာရည်ရွယ်ချက်တွေရှိသလဲ ဆိုတဲ့အပိုင်း။ နောက်ပြီးတော့ တပ်မတော်ကို ပြန်ပြီးတော့ လုပ်ရမယ်ဆိုတဲ့အပိုင်းမှာလည်း တကယ်တမ်းတော့ အရပ်သားစစ်စစ်တွေကို လုပ်ရတယ်ဆိုတော့ ကျွန်တော်တို့ကိုယ်တိုင်လည်း နားမလည်နိုင်ဘူး။ လုပ်တဲ့လုပ်ရပ်တွေကလည်း တံတားတွေကိုခွဲတယ်။ လမ်းတွေကို ဖျက်တယ်။ ပြည်သူတွေကိုပစ်တယ်။ သွား လာနေတဲ့ကားတွေကို မီးရှို့တယ်။ ဒါတွေ ဟာ အကြမ်းဖက်လုပ်ရပ်သဘောမျိုး ဖြစ် လာတော့ ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးမှာ တော့ အနည်းငယ်တော့ ထိခိုက်နိုင်တယ်။ ဒါပေမယ့် လက်ရှိအစိုးရအနေနဲ့လည်း စိတ် ရှည်သည်းခံစွာနဲ့ ဒါကိုလည်း ကြေညာချက် ထုတ်ပြီးသွားပြီ။

ဒီကနေ့ ဖြစ်ပျက်နေတဲ့ငြိမ်း ချမ်းရေးလမ်းကြောင်းဟာ ခက်ခက်ခဲခဲနဲ့တည် ဆောက်ခဲ့ရတာပါ။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်းက တစ်နှစ်ခွဲလောက်အချိန်ယူပြီးတော့ ဒီဟာကြီးကို တည်ဆောက်ခဲ့ပြီး အခြေအနေကောင်းတွေ ဖန်တီးထားခဲ့တာပါ။ လက်ရှိအနေအထားမှာ လက်ရှိအစိုးရဟာလည်း ဒါကိုလုပ်ပြီးတော့ ပထမ ၂၁ ရာစုပင်လုံညီလာခံကြီး လုပ်ခဲ့တယ်။ ယခင် အစိုးရလုပ်ခဲ့တာကို ဆက်လက်အကောင်အထည်ဖော်နေတယ်။ ပြည်သူလူထုလိုလားတဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားတယ်ဆိုရင်တော့ ဒီငြိမ်းချမ်းရေးလမ်းကြောင်းကို ပါဝင်ဆောင်ရွက် သင့်ပါတယ်။ ခုနကလို မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေ၊ မဖြစ်နိုင်တဲ့ မလိုက်လျောနိုင်တဲ့ အစိုးရကလည်း မလိုက် လျောနိုင်တဲ့၊ တပ်မတော်ကလည်း မလိုက် လျောနိုင်တဲ့ တောင်းဆိုမှုတွေကို တောင်းဆို နေမယ့်အစား အားလုံးပါဝင်တဲ့ တကယ်ငြိမ်း ချမ်းတဲ့ သူတို့လိုချင်တဲ့ လမ်းကြောင်းကို ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင် မယ့်အနေအထားကို ပါဝင်ဆောင်ရွက်သင့် ပါတယ်လို့ ပြောချင်ပါတယ်။ NCA ကိုတော့ ပြန်လည် ပြင်ဆင်ဖို့ကြိုးစားနေတယ်။ လက် ရှိတော့ ဆွေးနွေးပွဲတွေအတွက် မူဘောင်ပေါ့။ အဲ့ဒါတွေကိုလည်း လက်ရှိအစိုးရက လိုက်လျောပြီး လက်မှတ်ထိုးတဲ့အဖွဲ့တွေ ရော၊ လက်မှတ်မထိုးထားတဲ့ အဖွဲ့ တွေရော ပြန်ညှိနေပါတယ်။ ဒီတော့
လက်မှတ်ထိုးထားတဲ့အဖွဲ့တွေက မထိုးတဲ့အဖွဲ့တွေကို စောင့်ရင်းစောင့်ရင်းနဲ့ အချိန်တွေကြာလာ ရင် သူတို့အတွက် နစ်နာနေမယ်ဆိုတာလည်း မှန်ပါတယ်။ လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၈ ကိုလည်း လက်ရှိမှာ JMC ဆိုတဲ့ ကော်မတီကို ဖွဲ့ထားတယ်။

တိုက်ပွဲဖြစ်ပွားမှု ရှိ/မရှိ

ကရင်၊ ပဲခူး၊ တနင်္သာရီ၊ ရှမ်းမှာလည်း ဖွဲ့ပြီးပြီ။ ဒါကိုလည်း ဆောင်ရွက်နေပါတယ်။ တစ်ဖက်ကနေလည်း ကျွန်တော်တို့က မိုင်း ရှင်းလင်းရေးအပါအဝင် ဒေသဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်နိုင်ဖို့ စီမံချက်ရေးဆွဲဆောင် ရွက်နေပါတယ်။ အဲဒီတော့ ကျွန်တော်တို့က လက်ရှိ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေး ပွဲကိုလည်း ဆုံးဖြတ်ပြီးပြီ။ ၂ဝ၁၇ ခုနှစ် ဖေ ဖော်ဝါရီမှာ ဒုတိယအကြိမ် ငြိမ်းချမ်းရေးညီ လာခံကြီးကို ဆောင်ရွက်ဖို့စီမံထားတယ်။ အဲဒီမတိုင်ခင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို လုပ်ဖို့ရှိတယ်။ ဒီကနေ ထွက် ပေါ်လာတဲ့ အချက်တွေကို ဒုတိယအကြိမ် ညီလာခံမှာ တင်ပြသွားမယ်။ ဒါကို အ ကောင်အထည်ဖော် ဆောင်ရွက်မှာပါ။ ဒါ ကြောင့် ကျွန်တော်တို့ လက်ရှိသွားနေတဲ့လမ်း ကြောင်းက အပြိုင်သွားနေတာ ဖြစ်တယ်။ တစ်ဖက်က လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ လုပ်နေသလို တစ်ဖက်ကလည်းလက်မှတ် မထိုးထားတဲ့အဖွဲ့တွေနဲ့ ပါဝင်နိုင်ရေးဆိုတဲ့ မူကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလို လိုက်လျောနေပါလျက် တစ်ဖက်ကတော့ ဒီ လိုပဲ နားလည်မှုမရှိခဲ့ရင် အကြမ်းဖက်လုပ် ရပ်တွေ လုပ်လာရင် ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကတော့ ဝေးသထက်ဝေးသွားနိုင် ပါတယ်။ လက်ရှိ ကရင်ပြည်နယ်အတွင်းမှာ ဆိုရင် ငြိမ်းချမ်းရေးအသီးအပွင့်တွေကို တင်းပြည့်ကျပ် ပြည့်ခံစားနေရပြီလို့ ပြောနိုင်ပါတယ်။

ပေါ်ပြူလာနယူးစ်သတင်းအဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*