တစ်နှစ်တာပတ်လုံး၏ နိုင်ငံတကာ သတင်းထူးများ

တစ်နှစ်တာပတ်လုံး၏ နိုင်ငံတကာ သတင်းထူးများ
December 28, 2016 Asian Fame

3:43 pm
တစ်နှစ်တာပတ်လုံး၏ နိုင်ငံတကာ သတင်းထူးများ

လူတိုင်းက အမှတ်မထင် သဘောထားပြီးပြောတတ်ကြ၏။ ၂ဝ၁၆ ခုနှစ်သည် အမှတ်တရ ဖြစ်စရာများသောနှစ်ဆိုသည့်အချက်မျိုးဖြစ်၏။ နှစ်တစ် နှစ် ကုန်ခါနီးတိုင်းဒီလိုပဲ ပြောလေ့ရှိကြသည် ထင်မိ၏။ သတင်းမီဒီယာသမားများ၏ ထူးဆန်းသော စွဲ လန်းခြင်းလားဟု ဆိုရမည်လား မသိနိုင်။ နှစ်တစ်နှစ် ကုန်လျှင် တစ်နှစ်လုံးတွင် ဖော်ပြခဲ့သော အဖြစ်သနစ်များအနက် ထူးခြားသော သတင်းထူးများကို ရွေးနုတ်ဖော်ပြလေ့ရှိကြသည်။ ယင်းတို့အနက်— ။

Forbes မဂ္ဂဇင်းက ၂ဝ၁၆ ခုနှစ်၏ သြဇာအရှိဆုံး အလွှမ်းမိုးနိုင်ဆုံးဖြစ်ကြသော ပုဂ္ဂိုလ်များ၏ စာရင်းကို ဖော်ပြရာ ဗလာဒီမီယာပူတင်နှင့် ဒေါ်နယ်ထရမ့်တို့က ပထမနှင့် ဒုတိယနေရာတို့တွင် အသီးသီး ချိတ်ကြ သည်။ ဂျာမန်အဓိပတိ အင်ဂျယ်လာမာကယ်က နံ ပါတ် ၃။ ဗြိတိသျှနိုင်ငံဝန်ကြီးချုပ် သီရိဆာမေက နံပါတ် ၁၃ နေရာသို့တက်လာကာ ဘားရက်အိုဘားမား က ၄၈ နံပါတ်နေရာသာ ချိတ်တော့သည်။ အိုဘားမား ပြောခဲ့သလို အပြောင်းအလဲဖြစ်စဉ်တွင် အတက်အကျရှိမည်မှာ ငြင်းဆန်၍မရနိုင်။ ထိုအဖြစ်တို့ထက် ကမ္ဘာကြီး၏ နိုင်ငံရေးပထဝီအနေအထားကို ပုံပြောင်းစေရန် အထောက်အကူဖြစ်စေသော ပူတင်အတွက် ၂ဝ၁၆ ခုနှစ်သည် သိသိသာသာအရေးပါခဲ့သည်။

Forbes မဂ္ဂဇင်းကလည်း ဤသို့ စာရင်းတို့ခဲ့သည် မှာ ၈ နှစ်ရှိခဲ့၍ နှစ်စဉ်ဤကမ္ဘာကြီးပေါ်မှ လူပေါင်းသန်း ၁ဝဝ အနက်တစ်ဦးကို ရွေးချယ်ခဲ့ရာ ၇၄ ဦးရှိခဲ့ ပြီ။ ယင်းသို့ရွေးချယ်ခဲ့သော အခြေခံအကြောင်းများက တစ်ကမ္ဘာလုံးအား အကျိုးသက်ရောက်ဖြစ်စေခဲ့သော လှုပ်ရှားလုပ်ဆောင်ခြင်း၊ ဘဏ္ဍာရေးအရင်းအမြစ်များကို စီမံထိန်းသိမ်းခြင်း၊ ဧရိယာတစ်ခုအတွင်းသာမက သြဇာသက်ရောက်ခြင်း၊ ကမ္ဘာလောကကြီး ပြောင်းလဲသွားရန် သူတို့တွင်ရှိသော လုပ်ပိုင်ခွင့်များကို နိုင်နင်းစွာ စီမံနိုင်ခြင်း စသောအချက်များကို အဓိကထားကာ ပုံဖော်ခဲ့သည်။

ဥရောပသမဂ္ဂအဖွဲ့မှ ဗြိတိန်နိုင်ငံနုတ်ထွက်ရန် ဆန္ဒမဲဝိုင်းထည့်ခဲ့သောအဖြစ်မျိုးကဲ့သို့ ဆီးရီးယားနိုင်ငံ၊ အလက်ပိုမှာဖြစ်သည့် ပြည်တွင်းစစ်ကြောင့် အ ရပ်သူအရပ်သားများ အိုးအိမ်စွန့်ကာ ထွက်ခွာရသော ရုတ်ရုတ်သဲသဲ ဖြစ်ရပ်များကို အထူးတလည် ဖော်ပြရမည့် အရေးကိစ္စများဖြစ်၏။ ထိုနည်းတူ သမ္မတအိမ်ဖြူ တော်တွင် ဖြစ်ပွားလာမည့် အပြောင်းအလဲများမှာလည်း ထူးခြားသည့်အကြောင်းအရာများ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၏ သမ္မတရွေးချယ်ပွဲတွင် ရုရှားတို့က ကြားဖြတ်ဝင်နှောက်ခြင်းကြောင့် စကား အချေအတင် ဖြစ်ကြရခြင်းသည်လည်း ထိခိုက်သွား စေသော အရေးကိစ္စ ဖြစ်သည်။ ယင်းကိစ္စကို တစ်ပိုင်းထား။ ရုရှားခေါင်းဆောင်နှင့် ထရမ့်တို့ ဆက်ဆံရေးအခြေအနေက မီးထိုးပေးနေသလို ဖြစ်နေ၏။ ထိုမီးကလည်း ဆက်လက်လောင်မြိုက်ဦးမည့်ပုံ။ လွန်ခဲ့သော အပတ်က ထရမ့်ကို Time မဂ္ဂဇင်းက ဤနှစ်၏ သြဇာ အသက်ရောက်ဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့သည်။

ယင်းသို့ စိစစ်ရွေးချယ်ခဲ့သည်ကို စာရင်းချကြည့်ရာ အမှတ် ၇တွင် ချိတ်သော ဘီလ်ဂိတ်လိုကမ္ဘာပေါ်တွင် အချမ်းသာဆုံးဆိုသည်ကိုလည်း ထည့်စဉ်းစားရသည်။ ကမ္ဘာပေါ်တွင် အရန်သိုလှောင်ထားသည့်ရေနံ ၏ ၂ဝ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်ဆိုသော အမှတ်စဉ် ၁၆ ဆော်ဒီအာရေဗီးယားဘုရင် ဆာလမန် ဘင်အက်ဒူလာဇာတ်ကလည်း အရေးပါသည်။ ရွေးရ သည့် လူပုဂ္ဂိုလ်များကလည်း တစ်နှစ်ထက်တစ်နှစ်ပို၍ များလာသည်ထင်ရ၏။ အာကာသခရီးသွားလုပ်ငန်း ဆိုင်ရာ နည်းပညာလုပ်ငန်းမှအစ မော်တော်ယာဉ် လုပ်ငန်းများတွင် လူရိုသေရှင်ရိုသေဖြစ်ကာ ဘီလျံနာ ဖြစ်သည့် အီလွန်မူးခ်ကိုလည်း အမှတ် ၂၁ တွင်လည်း မပါမဖြစ်ထည့်ရသည်။ နောက်ဆုံးဆိုရလျှင် မိမိတွင် ရှိသော အာဏာကိုချုပ်ကိုင်ထားသော မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအွန်ကအမှတ် ၄၃ တွင်ရှိသ ဖြင့် ချန်ထားခဲ့၍မဖြစ်ချေ။ သူ၏တိုင်းပြည်၌ နေထိုင် ကြသောလူပေါင်း ၂၅ သန်းကို ”သေဆိုသေ၊ ရှင်ဆိုရှင်” ဖြစ်စေနိုင်သည်မဟုတ်လား။

တစ်ခုတော့ ထူး၍ ပြောရန်ရှိ၏။ အာရှတိုက်မှ အသက်၇၁နှစ်ရှိ ဖိလစ်ပိုင်သမ္မတဒူတာတေးက ဗလာ ဒီမီယာပူတင်အား အလွန်တရာလေးစား၏။ ယင်း ဒူ တာတေးကလည်း မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ပွဲကို သွေးအစွန်းခံကာ ဆင်နွှဲခဲ့၍ Forbes စာရင်းတွင် ၇ဝ မြောက်မှာပါလာ၏။ သူစင်ကာပူသို့ အစိုးရခရီးစဉ် အဖြစ်သွားပြီး ပြန်အရောက် ဒါပိုမြို့၌ သတင်းစာရှင်းလင်းပွဲလုပ်ရာ” ဒါဟာ လူ ၅ဝဝဝ ကိုသတ်လို့ဆိုရင် ရှက်စရာကောင်းတယ်။ ငါ ဒီဘွဲ့ကို လက်မခံဘူး။ လူ တွေ သတ်တာဟာ မူလအကြောင်းရင်းလား။ မင်းတို့ စဉ်းစားကြည့်။ ဖိလစ်ပိုင်နိုင်ငံသားတွေကို သတ်နေလို့ ငါက ပျော်နေသလား” ဟုပင် ထုတ်ပြောခဲ့သေးသည်။

အမှန်စင်စစ် သတင်းစာခေါင်းစဉ် သတင်းများကို ဖတ်မိလိုက်လျှင် အဆိုးဆုံးသတင်းများကိုသာ ဦးစား ပေးဖော်ပြနေသည်ဟု ထင်မှတ်ရသည်။ နိုင်ငံရေး ယှဉ်ပြိုင်ပွဲတွင် တစ်ဦးနှင့်တစ်ဦး ကလိမ်စေ့ငြမ်းဆင်ကာ အနိုင်တိုက်နေကြသည့်သတင်းမျိုး။ သဘာဝဘေးကြီးများမှ အကြမ်းဖက်တိုက်ခိုက် ဗုံးခွဲနေကြသော ဖြစ်ရပ်မျိုးများကို ပယ်ပယ်နယ်နယ် ဖော်ပြနေကြသည်။ ငိြုေ<ွကးတမ်းတဖွယ် ဆုံးပါးခြင်းများထက် ပိုလွန်သည်။ အနိဋ္ဌာရုံများများပါမှ သတင်းဖြစ်သည်ဟု မှတ်ယူထား ကြပုံရသည်။ အထက်ပါသတင်းများကဲ့သို့ အရေးကြီး ကာအကျော်ဒေးယျမဖြစ်သော်လည်း အမြီးအမောက် မတည့်သောဖြစ်စဉ်များလည်း ရှိကြပါသေးသည်။ ထို အကြောင်းများမှာ အကောင်းဟု မဆိုနိုင်သော်လည်း အဆိုးထဲတွင် မပါလောက်ချေ။ တစ်ဖန် ဤတွင် ဖော်ပြမည့် အကြောင်းအရာများသည် စာရှုသူတို့ကို ပြုံး တစ်ဝက် မဲ့တစ်ဝက်ဖြစ်စေလိမ့်မည်။ မိမိတို့၏နှလုံး သားကို ခံစားသွားစေလိမ့်မည်။ မိမိတို့ အကြိုက်ဆုံး ထိုသတင်းများကမူ —-။

106

အသက်ကြီးသော်လည်း ခံစားတတ်သည်။

အသက် ၁ဝ၆ နှစ် ရှိပြီဖြစ်သော အဖွားအရွယ်ကြီးက ထွက်ပြီးပျော်ပျော်ရွှင်ရွှင်ကနေသဖြင့် ၂ဝ၁၆ ခုနှစ်ကလည်း ဒီလိုဘဲ ထူးခြားလှပါလားဟု တွေးမိ သည်။ ယခု အသက် ၁ဝ၇ နှစ်အထိ အသက်ရှည်ပြီး တက်တက်ကြွကြွဖြစ်နေတုန်းဆိုသော ဗာဂျီနီးယား မိုက်လောရင်းက တော်တော်ပျော်နေသည်။ အမေရိ ကန်ပြည်ထောင်စု၏ ပထမဦးဆုံး လူမည်းသမ္မတနှင့် တွေ့ရသည်ဖြစ်၍ ရိုးရိုးသားသားဝန်ခံရလျှင် သူမသည် ငြိမ်ငြိမ်ရပ်မနေနိုင်အောင် စိတ်လှုပ်ရှားနေသည်။မိုက်လောရင်းသည် ကမ္ဘာတစ်လွှားမှ ထုတ်လွှင့်သော တယ်လီဗွီးရှင်းအစီအစဉ်များကို တစ်နေကုန်ထိုင်ကြည့်နေခဲ့သည်။ ဖေဖော်ဝါရီလတုန်းကဘားရက် အိုဘားမားနှင့် မစ်ချယ်တို့ကို တွေ့သောအခါ သူတို့ ထက်သာအောင်လုပ်လိုက်ရင်ကောင်းသားဟု တွေး နေမိ၏။ မီဒီယာကစာတန်းထိုးပေးနေ၏။ အသက် ကြီးသော်လည်း မအိုသေးသည့် သရုပ်ဆောင်ကြီးသည် ဘားရက်အိုဘားမားနှင့် မစ်ချယ်တို့နှင့် စိတ်ပါလက်ပါ ဝင်ကနေကြောင်း။

messi

မက်ဆီ၏ပရိသတ်နှင့် ပလတ်စတစ် အိတ်တစ်လုံး။

ဒီအကြောင်းကို ပြောပြရဦးမည်။ ၎င်းမှာ ဘယ်လိုမှ မပြောပလောက်သည့်အရာကလေးမှ စလာ၏။ မူရာတာဇာအမာဒီ၏ ဘောလုံးနှင့်ဆိုင်သည့်အသုံး အဆောင်များ ထည့်ထားသော အပြာနှင့်အဖြူကြား ပလတ်စတစ်အိတ်က အချက်အချာကျသည်။ အွန်လိုင်းတွင်လည်းပေါ်လာ၏။ လီရွန်နယ်မက်ဆီက ပို့လိုက်သော အထုပ်ကို လက်သင့်ခံရ၍ မူရာတာဇာက မီဒီယာတွင် ဇာတ်လိုက်ဖြစ်သွား၏။ တစ်နည်းနည်းနှင့် လီရွန်နယ်မက်ဆီအတွက် စိတ်လှုပ်ရှားနေသည့် ဘောလုံးပရိ သတ်သည် ထင်မြင်ချက်အမျိုးမျိုးပေးလိုက်ကြသည်။

မူရာတာဇာက ငါးနှစ်အရွယ်သာ ရှိသေးသည်။ သူပိုင် အိမ်ချုပ် မက်ဆီစာတမ်းထိုးအင်္ကျီလေး ဝတ်ထားသော သူ့ဓာတ်ပုံကို ကမ္ဘာတစ်ဝန်းမှာ သဲသဲမဲမဲ လိုက်ရှာနေ၏။ သို့သော်လည်း သူ့ကိုရှာ တွေ့ပြီးသည့် တိုင် မည်သူမျှယင်းအချက်ကို မတွေးတောမိကြတော့ ချေ။ ဤယူနီဖောင်းဖက်ရှင် ဒီဇိုင်းလေးအဖြစ် စိတ်ကူး ထားခြင်းမှာ အာဖဂန်နစ္စတန်နိုင်ငံရှိ ကျေးလက်တော ရွာလေးတစ်ခုမှ ကာတာနိုင်ငံလေးရှိ ဘောလုံးကစားကွင်းတစ်ခုအထိ ရောက်သွားသည်။

korea

ကိုရီယားများ စုစည်းမိသည့် အခိုက်အတန့်ဟု ဆိုရမည်။

အားလုံးပြုံးပျော်နေကြသည်။ ကစားပွဲများ၏ ခံစားချက်များကိုဝေမျှနေသည်ထင်၏။ တစ်ချက်လောက် ငဲ့စောင်းကြည့်လျှင်ပင် ၎င်းမှာ သင်၏ယေဘုယျအတ္တကိုပင် ကိုယ်စားပြုနေသလို။ ကမ္ဘာတစ်ဝန်းလုံးရှိ လူ ငယ်ထောင်ပေါင်းများစွာမှ ကူးစက်လာခြင်းဖြစ်သည်။ ရီယိုအိုလံပစ်ဆိုသည်မှာ နိုင်ငံတကာကအလေးထား ကြသော ပြိုင်ပွဲတစ်ရပ်ဖြစ်၏။ ထိုပြိုင်ပွဲ၏ လေ့ကျင့် ခန်း အစီအစဉ်ကို သူတို့တိုင်းပြည်၏ သဘောမတူ ဆန့်ကျင်ခဲ့ကြခြင်းကိုပင် လီအွန်ဂျူးနှင့် ဟောင်အန် ကျုံတို့က ကျေးဇူးပြန်တင်ရမည်ကဲ့သို့ ဖြစ်နေသည်။ သည်လိုသာ ဝင်လေ့ကျင့်မိလျှင် ဗိုင်းရပ်စ်ကူးသည့် ဒဏ်ကိုခံရနိုင်သည်။ တကယ်တော့ လူတိုင်းကအပျော် သဘောလေ့ကျင့်ခဲ့ကြသည် မဟုတ်ချေ။ မည်ကဲ့သို့ ဖြစ်ကြသည်ကို အပ်ကျမတ်ကျ မပြောနိုင်သော်လည်း ရောဂါပိုးတော့ တွေ့ရ၏။ ယင်းလေ့ကျင့်ခန်းတွင် လည်း ဗိုင်းရပ်စ်ကူးစက်ခြင်း မဖြစ်မီ အမေရိကန်ပြည် ထောင်စုမှ မိုက်ကယ်ဖီးလ်က တောင်အာဖရိကမှ ချက်လီကလိုစ်အား သိသိသာသာ ငေးကြည့်နေခြင်း ကို ရိုက်ထားသော ဓာတ်ပုံကို တွေ့ရသည်။

italy

အီတလီတွင် အရေးပေါ်ကယ်ဆယ်သူများက အံ့အားသင့်ခဲ့ကြသည်။

မြေငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် အုတ်ကျိုးအစအနများအလယ်တွင် ၉ ရက်ကြာအသက်ရှင် လျက်ရှိနေသော ခွေးတစ်ကောင်၏ သတင်းဓာတ်ပုံကို မီဒီယာမှ ထုတ်လွှင့်ခဲ့၏။ အီတလီနိုင်ငံအလယ်ပိုင်း တွင် သြဂုတ်လ၌ မြေငလျင်တုန်လှုပ်ရာ လူပေါင်း ၂၉၈ ယောက်သေဆုံး၍ မြို့အများအပြားပျက်စီးခဲ့ သည်။ သို့ရာတွင် ယင်းသို့ ချောက်ချားဖွယ်ရာ ငလျင် ဘေးတွင် အံ့အားသင့်ဖွယ်ရာ အသက်ရှင်ကျန်ခဲ့ခြင်း နှင့် ကြောက်ရွံ့စရာ ဘေးအန္တရာယ်များကြားမှ ရဲရင့် ခြင်းတို့ကိုလည်း ထုတ်ဖော်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ ဘေးအန္တရာယ် ဖြစ်ပွားနေသည့် ငလျင်တုန်လှုပ်မှုအတွင်း အေးဆေး တည်ငြိမ်စွာ အသက်ရှင်ကျန်ရစ်သောခွေးလေး၏ အကြောင်းက သတင်းဖတ်ရှုသူများ၏ နှလုံးသားများကို ဆွဲကိုင်လှုပ်ရှားစေ၏။

friend

တစ်ခါတရံတွင် မိတ်ဆွေတစ်ဦးအဖြစ် ထင်မှတ်မထားသော လူတစ်ဦးက ကူညီလုပ်ဆောင်ပြခဲ့၏။

ကက်တိုဘန့်ဆင်လာဆင်က အိမ်သာကျင်းထဲတွင် ပိတ်မိနေခဲ့သည်။ နော်ဝေတွင် အလွန်ချစ်ခင်တတ်သော သူငယ်ချင်းတစ်ဦးက သူ့လုပ်ဖော်ကိုင်ဖက်အတွက် ရေးကြီးသုတ်ပြာနှင့် တာဝန်ချိန်ကိုလွန်ကာ ဆောင်ရွက်ပေးကာ အများသုံးအိမ်သာအတွင်းသို့ကျသွားသော လက်ကိုင်ဖုန်းကို ဆင်းဆယ်ခဲ့သည်။ အစတွင် ဒုက္ခ သုက္ခရောက်ခဲ့သော်လည်း အဆုံး၌အောင်မြင်ခဲ့သည်။

boy

လူငယ်လေးတစ်ဦး၏ ကြင်နာတတ်သောနှလုံးသားကို စာနာသင့်၏။

အလက်သည် ၆ နှစ်သာရှိသေး၏။ ဘားရက်အို ဘာမားထံ သူကစာရေးခဲ့သည်တဲ့။ စာရေးရသည့်အကြောင်းရင်းမှာ ဆီးရီးယားမှ စစ်ပြေးဒုက္ခသည် အွန် ရန်ဒက်နီခ်ျကိုသူ၏ မိသားစုတွင် နေရာတစ်နေရာ ပေးမည့်အကြောင်း ကမ်းလှမ်းရန်ဖြစ်သည်။ လူသားတစ်ယောက်မှာ သူတို့၏ သဒ္ဓါတရားများကို လိုအပ် နေသော သူများအတွက် ၆ နှစ်အရွယ်ကလေးထက် ပို၍ ဘယ်နေရာမှာမှ မတွေ့နိုင်တော့။ သတင်းစာကြီးက သမ္မတ အိုဘားမားထံသို့ တစ်စုံတစ်ခု သီးသန့် လုပ်ဆောင်ပေးရန်မေတ္တာရပ်ခံခဲ့သည်။ တဖန်သမ္မတ အိုဘားမားသာဤကလေး ဗူနထကို နှလုံးသားတွင် စွဲမှတ်သွားအောင် ဆောင်ရွက်လိုလျှင် အိမ်ဖြူတော် တွင်သာမဟုတ်ဘဲ အခြားသို့ ရှယ်ရာ လုပ်ပေးသင့် ကြောင်း ဆိုထားသည်။ ထို့ပြင်သူ့ကို အိမ်ဖြူတော်သို့ လည်ပတ်ရန်ဖိတ်ခေါ်ရန်လည်း ရေးထား၏။

old-man

အဖိုးအိုတွေက အခြားသူများကို အရှက်ရစေ၏။

နီပေါလူမျိုး အဖိုးအို ဒူဂါကမ်မီသည် အသက်ပင် ၆၈ နှစ်ရှိနေပြီ။ သူ့ဘဝကို သင်ယူရန် အချိန်ကုန်ဆုံးဖို့ ဆုံးဖြတ်ချက်ချထားလိုက်ပြီ။ သူတို့သည် တစ် သီးတခြားစီတွင်ရှိသော ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်ကြ၏။ ဒီ့ပြင်သူတို့က အငြိမ်းစားယူပြီးသည်မှာ ကြာပြီ။ သို့ရာတွင် ထိုပင်စင်စားနှစ်ဦးက ပိုမိုပေးဆပ် ရန် ယနေ့ထက်တိုင်ပြနေတုန်း။ နီပေါအဖိုးကြီး ဒူဂါ ကမ်မီ က ၆၈ နှစ်။ ဂျိုးဘာတလေက ၈၉ နှစ်ရှိပြီ။ နှစ်ယောက်လုံးမှာ သူတို့၏ ဇနီးများလည်း ဆုံးကုန် ပြီ။ သူတို့သည် ခြေညှပ်ဖိနပ်များကို ကိုယ်စီစီး၍ ကမ္ဘာတစ်ဝန်းလုံးတွင် သူတို့ မရောက်ဖူးသေးသည့် နေရာများသို့ အရောက်သွားကြမည်တဲ့။ အံ့အား သင့်စရာတော့ မဟုတ်ချေ။ ဇာတ်လမ်းနှစ်ခုလုံးက အ မှန်အတိုင်း သိသလိုလိုနှင့် လူတွေကို စိတ်ထဲတွင် မရှင်းမလင်းဘဲ ကျန်ရစ်ခဲ့ကြစေသည်။ စာတမ်းက သေဖို့ငြီးငွေ့နေသော ပင်စင်ယူထားသူက ယင်းအ လုပ်ကို စတင်ခဲ့သည်တဲ့။ ဘာဘဲပြောပြော ဒီသတင်း ကြားရတော့ မိမိပင်အားတက်လာသည်။ ဤအကြောင်းအရာများကိုဖတ်မိကြလျှင် ကြီးကြီး ကျယ်ကျယ်မဖြစ်ဘဲ ဘာမဟုတ်သော သတင်းဖြစ်စဉ် များသည်လည်း လူ့လောကကြီးအား ကျေးဇူးပြုနေကြသည်ဆိုသည့် အမြင်မျိုး ရလာနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ နှစ်သစ် တွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကျေးဇူးပြုနိုင်ကြပါစေ။

ဖိုးမောင်သက်

စာကိုး။ Vladimir Putin tops Forbes 2016 list of most influential people, adia Khomami,@ nadiakhomami
Wednesday 14 December 2016 ESifh BBC navigation, The stories that prove 2016 was not the Worst Year Ever,”,17 December 2016

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*