မြန်မာနိုင်ငံသတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးသီဟစော နှင့်မေးမြန်းခြင်း

မြန်မာနိုင်ငံသတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးသီဟစော နှင့်မေးမြန်းခြင်း
December 22, 2016 Asian Fame

11:00 am
မြန်မာနိုင်ငံသတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးသီဟစော နှင့်မေးမြန်းခြင်း

u-thiha-saw-copy

အိမ်စည်စိုးစံ တွေ့ဆုံမေးမြန်းသည်

သတင်းမီဒီယာဟူသည် နိုင်ငံ ၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့်အတွက် နိုင်ငံ၏အရေးပါသည့်အခန်းကဏ္ဍ တစ်ခုဖြစ်သည်။ စတုတ္ထမဏ္ဍိုင် ၏လွတ်လပ်စွာရေးသားထုတ်ဖော် ခွင့်မှာ နိုင်ငံပြုပြင်ပြောင်းလဲရေး များတွင် အထောက်အကူပြုနိုင် ပေသည်။ ထို့ကြောင့်ပင် ယနေ့ သတင်းလွတ်လပ်ခွင့်အပါအဝင် သတင်းလောက၏ ယနေ့အခြေ အနေများနှင့် အနာဂတ်အရေး အချို့ကို မြန်မာနိုင်ငံသတင်းစာ ဆရာ အသင်းဥက္ကဋ္ဌ ဦးသီဟစောနှင့် မေးမြန်းထားသည်များကို ဖော်ပြ ပေးလိုက်ပါသည်။

►လက်ရှိနိုင်ငံရဲ့ သတင်းလွတ်လပ် ခွင့်အခြေအနေအပေါ်ကို သုံးသပ် ပေးပါဦးဆရာ။

သတင်းစာ လွတ်လပ်ခွင့်က ကိုယ့်ခေတ်နဲ့ကိုယ်တော့ အခက်အခဲ တွေရှိနေတာပါပဲ။ ကျွန်တော်တို့ သတင်းလွတ်လပ်ခွင့်က စစ်အစိုး ရက ၁၉၆၂ ခုနှစ်ကစလိုက်၊ ၁၉၈၈ မှာ နောက်တစ်ခုကတက်လာလိုက် ဆိုတော့ အဲ့ဒီကာလတွေမှာတော့ သတင်းလွတ်လပ်ခွင့်က   တော်တော် ကြီးကို ဆုံးရှုံးခဲ့တယ်။ အဲ့ဒီတုန်းက ဆို ကမ္ဘာပေါ်မှာ တတိယအဆိုးဆုံး ဆိုတဲ့အဆင့်ရှိတယ်။ နိုင်ငံ ၁၇၂ နိုင်ငံမှာ ကျွန်တော် တို့က ၁၇ဝ ရောက်နေတယ်။  ကိုယ့်ထက်ဆိုး တာက နိုင်ငံနှစ်ခုပဲရှိတော့တယ်။ သတင်းစာလွတ်လပ်ခွင့်မှာ အရမ်း ဆိုးခဲ့တယ်။ ဒီကိန်း ဂဏန်းက ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ဆိုတာရှိ တယ်။ သူတို့နှစ်စဉ်တိုင်းတဲ့ သတင်းစာလွတ်လပ်ခွင့်ပါ။ အဲ့ဒီလို ဆိုးရွားတဲ့အခြေအနေကနေပြီး ၂ဝ၁၅-၂ဝ၁၆ မှာတော့ နိုင်ငံ ပေါင်းကလည်းတိုးလာပြီ ၁၉ဝလောက် ဖြစ်လာပြီ။ ကျွန်တော်တို့ အဆင့်က ၁၄၄ လောက်ရောက်လာပြီ။ ဟိုးအောက်ဆုံးက တက်လာတာ ကနေ အခုဆို မဆိုးဘူးလို့ ဆိုရမယ်။ ကိုယ်က ၁၄၄ ဆိုတော့ ကိုယ့်ရှေ့ မှာလည်း နိုင်ငံတွေအများကြီးရှိတာ ဆိုတော့ သတင်းလွတ်လပ်ခွင့်က ထိပ်ရောက်အောင်လို့ အများကြီး တော့ ကြိုးစားဖို့ လိုဦးမယ်။ နည်း နည်းလေး အားရစရာရှိတာက တော့ အရှေ့တောင်အာရှမှာတော့ ကျွန်တော်တို့က Top 3 ဆိုတဲ့ အဆင့်တော့ရောက်ေ နပြီ။ ဒါပေမယ့် အလွတ်လပ်ဆုံးတော့ မဟုတ်ဘူး။

►သတင်းလွတ်လပ်ခွင့် အပြည့်အဝ ရ ဖို့မှာ စိန်ခေါ်မှုတွေကိုလည်း သုံး သပ်ပေးပါဦးရှင်။

သတင်းသမားတွေဆိုတာ အမြဲတမ်းစိန်ခေါ်မှုတွေကြားမှာ အလုပ်လုပ်ရတာပါ။ စိန်ခေါ်မှုတွေ ကတော့ သုံးခုလောက်ရှိတယ်ထင် တယ်။ တစ်ခုက ဘာလဲဆိုရင် ဥပဒေအကန့်အသတ်တွေပေါ့။ ဥပဒေအရ လုပ်လို့ရတာရှိတယ်။ လုပ်လို့မရတာရှိတယ်။ ဥပဒေနဲ့ အရေးယူတာ ရှိတယ်။ ခြိမ်းခြောက် တာရှိတယ်။ အဲ့ဒီဟာတွေက အရင်ကလည်းရှိတယ်။ အခုလည်း ရှိနေတုန်းပါပဲ။ နောက်လည်း မြင်   နေကြားနေဦးမှာပါ။ နောက်တစ် ခုက  Media Ownership ပေါ့။  မီဒီယာကို ဘယ်သူပိုင်သလဲပေါ့။ နိုင်ငံမှာ တကယ်ရှိသင့်တာက အားကောင်းလွတ်လပ်တဲ့ သတင်း လောကရှိသင့်တယ်။ ဒါပေမယ့်  Media Ownership အရ စိန်ခေါ်မှု တွေရှိတယ်။ ဒါ အစိုးရပိုင်တာ လား၊ သူဌေးကြီးတွေ ပိုင်တာလား။ ဘယ်ပါတီက ပိုင်တာလဲ။ အဲ့ဒီ အပေါ်မူတည်ပြီးတာ့ သတင်း လွတ်လပ်ခွင့် အနည်းအများကွာ နေမှာ ပါပဲ။ Ownership  ဆိုတဲ့ သတင်းမီဒီယာတိုက်ကို ဘယ်သူ ပိုင်သလဲဆိုတဲ့အချက်ကလည်း စိန်ခေါ်မှုတစ်ခုလို ရှိနေတုန်းပဲ။ နောက်ဆုံး ကတော့ ကျွန်တော်တို့ အားလုံးရဲ့ အရည်အသွေးပါ။ ကိုယ် က Professional ဘယ်လောက်ဖြစ် လဲ။ ကျင့်ဝတ်ကို ဘယ်လောက်နိုင် သလဲ။ ကိုယ့်ပညာတွေကရော ဘယ် လောက်မြင့်ပြီလဲ။ Capacity ပေါ့။ ကျွန်တော်တို့ အများကြီးလုပ်ကြရ ဦးမှာပါ။ သတင်းသမားတွေရဲ့ အရည်အသွေးကလည်း သတင်း လွတ်လပ်ခွင့်နဲ့ ဆိုင်ပါတယ်။ ကိုယ် ကအရည်အသွေး မြင့်မားပြီးတော့ ကျင့်ဝတ်တွေ ပညာရပ်တွေ အပေါ် ကျွမ်းကျင်လေ သတင်းစာလွတ်လပ် ခွင့်ကပိုကောင်းလေပေါ့။ အဲ့ဒီသုံးခု လုံးပြောင်းလဲအောင်ဝိုင်းပြီးတော့ ကြိုးစားကြဖို့ လိုတယ် လို့ထင်ပါတယ်။

►ဒီနေ့မီဒီယာက ဒစ်ဂျစ်တယ် ပလက်ဖောင်းကို သွားနေကြတာဆို တော့ ပရင့်မီဒီယာရဲ့အခြေအနေ ကိုလည်း သုံးသပ်ပေးပါ ဦးဆရာ။

ခေတ်ကြီးက ပြောင်းသွားတယ်။ ပြောင်းတယ်ဆိုတာက ပလက် ဖောင်းပြောင်းတာလို့ ကျွန်တော် ထင်ပါတယ်။ ပလက်ဖောင်း ပြောင်း တယ်ဆိုတာ သတင်းတင်ပြပုံ။ သတင်းကို ကိုယ့်ပရိသတ်ကြီးဆီသတင်းရောက်အောင်ပို့တဲ့နေရာ မှာ ပို့ကုန်တွေပြောင်းတာ။ ဥပမာ သတင်းစာနဲ့ပို့တဲ့ သတင်းရယ်၊ ရေဒီယိုကသွားတဲ့ သတင်းရယ်၊ မိုဘိုင်းကသွားတဲ့ သတင်းရယ်။ သွားတှဲ့စနနိ ချင်းတော့ မတူဘူး ပေါ့ေ နာ်။ ဒါပေမယ့် အခြေခံအား ဖြင့်တော့ သတင်းစာပညာအခြေခံ တွေက အတူတူပဲလို့ထင်တယ်။ ကိုယ်လုပ်ရမယ့်အလုပ်ကို တိကျ မှန်ကန်အောင် လုပ်ရမယ်။ ဘက် မလိုက်ရဘူး။ တာဝန်ယူရမယ် စသည်ဖြင့်ပေါ့နော်။ အဲ့ဒီဟာတွေ ကအတူတူပဲလို့ထင်တယ်။ ဒါပေ မယ့် ပရင့်မီဒီယာရဲ့ အနာဂတ်လို့ ပြောရရင်တော့ နှစ်ပိုင်းပြောရမယ် ထင်တယ်။ ဒီမှာ အစိုးရကNLD  ကရွေးကောက်ပွဲတုန်းက အား ကောင်းသန်မာပြီး လွတ်လပ်တဲ့ မီဒီယာဖြစ်အောင်လုပ်မယ်လို့ ပြောဖူးတယ်။ ဆိုတော့ လောလော ဆယ်အထိကတော့ ထင်ထင် ရှားရှား မတွေ့ရသေးဘူး။ အဲ့ဒီလိုဖြစ်အောင် သွားမယ်လို့ထင်ပါတယ်။ ပြီးတော့ ပရင့်မီဒီယာကိုကြည့်ရင် ကျွန် တော်တို့ဆီမှာ ပုဂ္ဂလိက ပိုင်းက သတင်းစာတွေဂျာနယ်တွေစသည် ဖြင့်ပေါ့နော် သိပ်ပြီးတော့မအောင် မြင်ကြဘူး။ လုံးဝမြုပ်သွာတာလည်း ရှိတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အင်္ဂလိပ်လိုနေ့စဉ်သတင်းစာ ထုတ်ဖူးတယ်။ ပိုက်ဆံမတတ်နိုင် တော့မလွယ်ဘူး။ ဈေးကွက်မဖွံ့ဖြိုး ဘူးလို့ ပြောလို့ရ တယ်။ ဒါပေမယ့် အဲ့ဒါတွေဖွံ့ဖြိုးဖို့ သတင်းလောက လွတ်လပ်ဖို့လိုတယ်။ စီးပွားရေး လောက ကလူတွေလည်း ပါဖို့လို တယ်။ အစိုးရ ဘက်ကလည်း ပါဖို့ လိုတယ်။ အဲ့ဒီလိုမျိုးသုံးခုလုံးညီမှ ပရင့်မီဒီယာက ပိုပြီးအားကောင်း လာလိမ့်မယ်လို့မြင်တယ်။

►ဒီလိုမီဒီယာ ပလက်ဖောင်း အ ပြောင်းအလဲမှာ အရင်မီဒီယာရဲ့ အနာဂတ်က ဘယ်လိုရှိလာမယ်ဆို တာကို သုံးသပ်ပေးပါဦးဆရာ။

အခုခေတ်က ဒစ်ဂျစ်တယ် ခေတ်ကိုရောက်နေတယ်။ အွန် လိုင်းတွေရှိတယ်။ ဆိုရှယ်မီဒီယာ တွေရှိတယ်။ ဒါပေမယ့် ကျွန်တော် တို့ထက်ပိုပြီးတော့ နည်းပညာမှာ ရော၊ စီးပွားရေးမှာရော ရှေ့ကို ရောက်နေတဲ့ ဂျပန်နိုင်ငံလိုမျိုး။ နောက်ပြီးတော့ အနီးအနားမှာရှိတဲ့ အိန္ဒိယ၊ ထိုင်း အဲ့ဒီနိုင်ငံတွေမှာ သတင်းစာစောင်ရေတွေ သန်းချီ ပြီးတော့ ထွက်နေကြတုန်းပဲ။ ဒီ ပရင့်မီဒီယာကို ကမ္ဘာမှာမရှိတော့ ဘူးလို့ ပြောလို့မရဘူး။ ဆက်ရှိနေ ဦးမှာပဲ။ အမေရိကန်ဆိုရင်လည်း သတင်းစာတွေလျော့သွားတာတော့ ရှိတယ်။ ဒါပေမယ့်သတင်း စာပေါင်း ထောင်ချီရှိနေတုန်းပဲ။ ဆိုတော့ ပရင့်မီဒီယာကတော့ မပြီးသေး ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပလက် ဖောင်းမတူတဲ့အခါမှာ အရသာ မတူတာ။ အကျိုးတရား မတူတာ ရှိနေသေးတယ်။  ဘာဖြစ်လို့လဲဆို တော့ TV  မှာ သတင်းကြည့်တယ်။ အဲဒီမှာ မိနစ်ပိုင်း အတွင်းသတင်းက ပျောက်သွားရော။ သတင်းစာတွေ မှာကတော့ နောက်မှကြည့်လည်း ရတယ်။ ညနေမှကြည့်ရင်လည်း ရတယ်။ ဆိုရှယ်မီဒီယာလည်း အတူတူပဲ။ မနက်ကကြည့်တဲ့သတင်း နဲ့ ညနေသတင်း မတူတော့ဘူး။ ပြောင်းနေတယ်။ ချက်ချင်းတော့ သိရတယ်။ ဒါပေမယ့် ပြည့်ပြည့် စုံစုံသေသေချာချာ သိချင်တဲ့အခါ ကျရင်တော့ ပရင့်မီဒီယာကအသုံး တည့်တုန်းပဲ။ နောက်ပြီးတော့ ဘန်ကောက်ပို့စ် တို့ ဘာတို့ဆိုရင်  စောင်ရေ သိန်းဂဏန်းတောင် မဟုတ်ဘူး။ သန်းဂဏန်း ထုတ်နေ ရတုန်းပဲ။ ကျွန်တော်တို့နဲ့ကပ်လျက် ဘင်္ဂလားဒေ့ရှ် မှာလည်းသတင်းစာ က အောင်မြင်တုန်းပဲ။ သတင်းစာ တွေ စောင်ရေသန်းချီပြီး ထုတ်နေ ရတုန်းပဲ။ ဈေးလည်းချိုတယ်။ ကျွန်တော်တို့ေ ရာက်သွားတုန်းက လမ်းဘေးနံရံတွေမှာ သတင်းစာ တွေကပ်ထားတယ်။ ပိုက်ဆံမရှိရင် တစ်ခါတည်းဝင်ပြီးဖတ်သွားလိုက်ရုံပဲဆိုတော့ ပရင့်မီဒီယာက မပြီး သေးပါဘူး၊ မကျဆုံးသေးပါဘူး။ ပရင့်မီဒီယာက ခက်ခဲတဲ့ကာလ တစ်ခုကိုဖြတ်သန်းနေရတယ်လို့ ကျွန်တော်မြင် ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*