ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ကန့်သတ်ချက်လွန် မျောပိုက်ဖြင့် ငါးဖမ်းခြင်းကို စိစစ်သင့်

ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ကန့်သတ်ချက်လွန် မျောပိုက်ဖြင့် ငါးဖမ်းခြင်းကို စိစစ်သင့်
December 22, 2016 Asian Fame

12:00 pm
ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ကန့်သတ်ချက်လွန် မျောပိုက်ဖြင့် ငါးဖမ်းခြင်းကို စိစစ်သင့်

စောထွေး
မန္တလေး၊ ဒီဇင်ဘာ ၂ဝ

ဝါယာရှော့တိုက် ငါးဖမ်းခြင်းကြောင့် ဧရာဝတီလင်းပိုင် များ အသက်ဆုံးရှုံးနေကြရသလို ကန့်သတ်ချက်လွန် မျောပိုက်ကြီး များကြောင့်လည်း အသက်အန္တ ရာယ်နှင့် ရင်ဆိုင်နေကြရကြောင်း ဧရာဝတီလင်းပိုင် ကာကွယ်ထိန်းသိမ်းရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ဧရာဝတီလင်းပိုင်များ အရေးလှုပ်ရှားဆောင်ရွက်နေသူ စိမ်းရောင်စို Activities မန္တလေး မှ ကိုမောင်မောင်ဦးက ”ပေခြောက်ရာ၊ ခုနစ်ရာလောက်ရှိတဲ့ မျောပိုက်ကြီးတွေကြောင့်လည်း လင်းပိုင်တွေဟာ အသက်ဆုံးရှုံး နေကြရတယ်။ ရှော့တိုက်တာကြောင့် အန္တရာယ်များသလို မျောပိုက်နဲ့ငြိရင်လည်း လင်းပိုင် ဟာ ရုန်းမယ်ကန်မယ်။ ဒဏ်ရာဒဏ်ချက် အကြီးအမား ရနိုင်တယ်။ အခန့်မသင့်ရင် သေသွားနိုင်တယ်။ ဒါကြောင့်မို့လို့ အဲဒီလို မျောပိုက်အကြီးကြီးတွေ နဲ့ ငါးဖမ်းနေတာကိုလည်း တားမြစ်သင့်တယ်။ ဧရာဝတီမြစ်အတွင်းမှာ သတ်မှတ်ထားတဲ့ ပိုက်အလျားက ပေနှစ်ရာပဲ ရှိတယ်လို့ သိထားပါတယ်” ဟု ပြောသည်။

လက်ရှိ အခြေအနေတွင် ဧရာဝတီလင်းပိုင် ကာကွယ်ထိန်းသိမ်းရေးဧရိယာအတွင်း လင်းပိုင် ၇၃ ကောင်သာ ကျန်တော့သဖြင့် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို ဒေသအစိုးရက အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လိုကြောင်းလည်း သိရသည်။ ဧရာဝတီလင်းပိုင် လေ့လာရေးအဖွဲ့များအား ကူညီပေးနေသူ ဦးမောင်လေးက ”မိဘတွေ လက်ထက်တုန်းကတော့ ပိုက် တိုးပြီး တစ်ကောင် သေခဲ့ဖူးတယ် လို့ သိရတယ်။ ကျွန်တော့်လက် ထက်မှာတော့ရှော့တိုက်လို့ သေ တာတွေပဲကြုံရပါတယ်။ တာဝန် ရှိသူတွေအနေနဲ့ အရင်ကထက်ပို ပြီးတော့ လင်းပိုင်တွေကို ထိန်းသိမ်း စောင့်ရှောက်ပေးပါလို့ ပြောချင်ပါတယ်။ ဒီလိုမှမဟုတ် ရင်နောင်မျိုးဆက်တွေဟာ ဧရာဝတီမြစ်ထဲမှာ ဧရာဝတီလင်းပိုင်ဆိုတာကိုတွေ့ရမှာ မဟုတ်တော့ပါဘူး” ဟု ဆိုသည်။

ဧရာဝတီမြစ်၏ လက်ရှိ အခြေအနေသည် မြစ်၏ရေချိုငါး သယံဇာတ ငါးပုံလေးပုံလျော့ နည်းလျက်ရှိကြောင်းသိရပြီး ထိုသို့ ငါးသယံဇာတ လျော့နည်းနေ သည့်အတွက်လည်း သဘာဝလွန် ငါးဖမ်းနည်းများဖြင့် ဖမ်း ဆီးနေကြခြင်းဖြစ်ကြောင်း သိရသည်။ ”လင်းပိုင် တစ်ကောင်ကို သတ်လိုက်တာဟာ သက်ရှိလူ သားတစ်ဦးကို သတ်လိုက်တဲ့အ ဓိပ္ပာယ် ဆောင်ပါတယ်။ အဲဒီလို အဓိပ္ပာယ်နဲ့ညီမျှတဲ့ ဥပဒေတွေ၊ ထိရောက်တဲ့ လုပ်ငန်းဆောင်တာ တွေ ဆောင်ရွက်နိုင်မှုမျိုး လုပ် နိုင်အောင် ဆက်ပြီးကြိုးစားသွား မှာပါ။ လတ်တလောအနေနဲ့က တော့ မြစ်အတွင်း အပိုင်းလိုက် ငါးဖမ်းဆီးခွင့် လေလံပေးထားတာတွေကို လျှော့ချသင့်တယ်။ ဒီလိုမျောပိုက်တွေနဲ့ မျှောပြီး တော့သာ ငါးဖမ်းနေရင် ဒီငါးမျိုးစိတ်တွေ ဘယ်လိုမှခံနိုင်မှာ မဟုတ်ပါဘူး။ လင်းပိုင်တွေမှာ လည်း အသက်အန္တရာယ်ဆုံးရှုံး မှုတွေဖြစ်လာနိုင်တယ်။ ရှော့ တိုက်တဲ့ပစ္စည်းတွေကို လွယ်လင့်တကူ ရောင်းချနေတာ ပိတ်ပင်တားဆီးပေးပါ။ အချိန်အတိုင်း အတာတစ်ခုအထိ ငါးသယံ ဇာတ ပြန်လည် ပြည့်ဖြိုးအောင် ဆောင်ရွက်ပေးပါ” ဟု ကိုမောင်မောင်ဦးက ပြောသည်။

ရေနေ နို့တိုက်သတ္တဝါဖြစ်သော ဧရာဝတီလင်းပိုင်များသည် မျိုးသုဉ်းပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလတွင် မင်းကွန်းမှ ကျောက်မြောင်းအထိ ၇၂ ကီလိုမီတာ အကွာအဝေးကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ခဲ့ကာ ငါးလုပ်ငန်းဦးစီးဌာနနှင့် သား ငှက် ထိန်းသိမ်းရေးအဖွဲ့တို့က ကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့သည်။ သို့သော် ရှော့တိုက်ငါးဖမ်း ခြင်းများ၊ မျောပိုက်ကြီးများနှင့် ငါးဖမ်းခြင်းများကြောင့် လင်းပိုင်များ ရေရှည်တည်တံ့ရေးကို ထိခိုက်လျက်ရှိပြီး နိုဝင်ဘာလအတွင်းကလည်း ရှော့တိုက်ငါး ဖမ်းခြင်းကြောင့် သားလောင်း မိခင် ဧရာဝတီလင်းပိုင် တစ်ကောင် သေဆုံးခဲ့ရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*