ဦးပိန်တံတား ပြုပြင်ထိန်းသိမ်းရေးအတွက် အကြံပြုချက်များ ပေးပို့နိုင်

ဦးပိန်တံတား ပြုပြင်ထိန်းသိမ်းရေးအတွက် အကြံပြုချက်များ ပေးပို့နိုင်
December 22, 2016 Asian Fame

11:49 am
ဦးပိန်တံတား ပြုပြင်ထိန်းသိမ်းရေးအတွက် အကြံပြုချက်များ ပေးပို့နိုင်

u-pain

စောထွေး
မန္တလေး၊ ဒီဇင်ဘာ ၂ဝ

ရပ်နားထားသည့် ဦးပိန်တံတားပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းအတွက်အကြံပြုချက်များပေးပို့နိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ သိရသည်။

”ပေးပို့လာတဲ့ အကြံပြုချက်တွေကို ပညာရှင်တွေနဲ့ဆွေးနွေးပြီးရင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုတင်ပြပေးမယ်။ ပြီးရင်ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက်ဦး စီးဌာန၊ သာသနာရေးနဲ့ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရုံးဆီ ခွင့်ပြုမိန့်တောင်းခံမယ်။ အ ကြံပြုချက်တွေ ရောက်တဲ့အပေါ်မှာ ပဲမူတည်ပါတယ်။ ရက်အကန့်အ သတ်မပေးချင်ဘူး။ မပေးချင်ဘူးဆိုတာက တချို့က အေးအေးဆေးဆေး စဉ်းစားချင်မှာပေါ့။ ဖုတ်ပူမီးတိုက် ငါတို့ကို အကြံပေးခိုင်းတယ်ဆိုတာ မျိုးအဖြစ်မခံချင်ဘူးလေ”ဟု အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးညို မြင့်ထွန်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ အမ ရပူရမြို့နယ်၊ တောင်သမန်ဖြတ် ကျော် ဦးပိန်တံတား ပြုပြင်ထိန်း သိမ်းရေးလုပ်ငန်းကို ယခင်က ရှေး မူမပျက်
ပြုပြင်ထိန်းသိမ်းခြင်းမျိုး မဟုတ်ဘဲ တံတားကြံ့ခိုင်မှုကိုသာ ဦးစားပေးခဲ့သည့်အတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းလိုသူများ၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း လိုသူများအပါအဝင် ပညာရှင်များက ဝေဖန်ခဲ့ကြသည်။ သက်တမ်း နှစ် ၁၆ဝ ခန့်ရှိပြီ ဖြစ်သည့် ဦးပိန်တံတား၏လက်ရှိ အခြေအနေသည် သဘာဝဘေးကျ ရောက်ခြင်း၊ အင်းအတွင်းရေပိတ် လှောင်၍ ငါးမွေးခြင်း၊ ထိန်းသိမ်း စောင့်ရှောက်မှု အားနည်းခြင်းတို့ ကြောင့် ပျက်စီးယိုယွင်းမှုတို့ရှိနေကြောင်း သိရသည်။ ယခင်အစိုးရ လက်ထက်က တံတား ပြုပြင်ထိန်းသိမ်းရေးအတွက် ကုမ္ပဏီတစ်ခုက ငွေကြေးစိုက်ထုတ် လှူဒါန်းပေးခဲ့ရာ ပြုပြင်မှုအပိုင်း နှင့်ပတ်သက်၍ ဝေဖန်မှုများရှိခဲ့ပြီး ယခုအစိုးရလက်ထက် သြဂုတ်လ တွင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း များ ယာယီရပ်နားထားလိုက်သည်။

”ဖြုတ်ထားတဲ့တိုင်အဟောင်းတွေအကုန်ရှိပါတယ်။ မြန်မာနိုင်ငံ ဗိသုကာကောင်စီအပါအဝင် ကျွမ်းကျင်တဲ့ပညာရှင်အဖွဲ့နဲ့ ပေါင်းစပ်ပြီးတော့ ဖြုတ်ထားတဲ့တိုင် အဟောင်း တွေကိုပြန်ဆက်မယ်၊ အစားထိုးမယ်၊ ကြမ်းခင်းတွေကိုလည်းထိုနည်း လည်းကောင်းပဲ၊ ကောင်းတဲ့ ကြမ်းခင်းကို ပြန်သုံးမယ်။ Myanmar Teak Wood ကပဲ အစအဆုံးတာဝန်ယူ အကုန်အကျခံမှာပါ။ လုပ် ငန်းပိုင်းကျတော့ အကြံပြုချက်တွေ အရလုပ်သွားမှာပါ။ ရက်ကန့်သတ် မထားဘူးဆိုပေမယ့်လည်း ဖြစ်နိုင်ရင် ဒီဇင်ဘာ ၃၁ ရက်လောက်အထိပေါ့” ဟု ဦးညိုမြင့်ထွန်းက ပြောသည်။ အကြံပြုချက်ပေးလိုသူများအ နေနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တ လေးဌာနခွဲ)၊ ၂၈လမ်းနှင့်လမ်း ၇ဝ ထောင့်၊ ချမ်းအေးသာစံမြို့နယ်သို့ ပေးပို့နိုင်ကြောင်း သိရသည်။ သဘာဝ ဘေးဒဏ်ကြောင့် ပျက်စီးမှုတို့ရှိခဲ့သည့် ဦးပိန်တံတား အား ၁၉၉၉ ခုနှစ်က ပြုပြင်ထိန်းသိမ်းမှုလုပ်ခဲ့ရာတွင် တံတား၏အခန်းတချို့ကို သံကူကွန်ကရစ်အုတ်တိုင်များဖြင့် အစားထိုးခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*