2:01 pm
WSK
ရန်ကုန်၊ ဒီဇင်ဘာ ၂ဝ
မြန်မာနိုင်ငံကိုယ်စားပြု လူ ငယ်ကိုယ်စားလှယ်များ တယ်လီ နောလူငယ်ဖိုရမ်နှင့် နိုဘယ်ငြိမ်း ချမ်းရေးဆု အစီအစဉ်များတွင် ပါဝင် ဆင်နွဲခဲ့သည့် လူငယ်ကိုယ် စားပြုနှစ်ဦး၏ အတွေ့အကြုံများ သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ လ ၂ဝ ရက်တွင် တယ်လီနောရုံးချုပ် ၌ ပြုလုပ်သည်။
မြန်မာနိုင်ငံမှ နှစ်ဦးအပါအ ဝင် အရည်အချင်းရှိ လူငယ် ၂၆ ယောက်သည် ပြီးခဲ့သည့်ပထမပတ် က နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ကျင်းပသည့် လေးကြိမ်မြောက် တယ်လီနော လူငယ်ဖိုရမ် (TYF) နှင့် ၂ဝ၁၆ ခုနှစ် နိုဘယ်ငြိမ်းချမ်း ရေးဆု အစီအစဉ်များတွင် ပါဝင်ခဲ့ သည်။
အဆိုပါပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု တယ်လီနောဖိုရမ် လူ ငယ်နှစ်ဦးဖြစ်သည် မနှင်းနှင်းနိုင် နှင့် ကိုဇော်သူခေါင်တို့က တက် ရောက်ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် အဆိုပါလူငယ်နှစ် ဦးသည် ၂ဝ၁၇ မေလတွင် ဘန် ကောက်၌ နောက်တစ်ကြိမ်တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ပြီး အောက် တိုဘာလတွင် နိုဘယ်ငြိမ်းချမ်းရေး စင်တာ၌ပြုလုပ်မည့် ဒစ်ဂျစ်တယ် ပြပွဲတွင်လည်း ဖိုရမ်လူငယ်အဖွဲ့ များ၏ ဒစ်ဂျစ်တယ်အကြံဥာဏ် များကို ထုတ်ဖော်ပြသသွားမည်ဖြစ် ကြောင်း သိရသည်။