၁၉၉၅ ခုနှစ် ကူးစက်ရောဂါကာကွယ် နှိမ်နင်းရေးဥပဒေ ပြန်လည်ရေးဆွဲနေ

၁၉၉၅ ခုနှစ် ကူးစက်ရောဂါကာကွယ် နှိမ်နင်းရေးဥပဒေ ပြန်လည်ရေးဆွဲနေ
December 21, 2016 Asian Fame

11:36 am
၁၉၉၅ ခုနှစ် ကူးစက်ရောဂါကာကွယ် နှိမ်နင်းရေးဥပဒေ ပြန်လည်ရေးဆွဲနေ

လင်းဟိန်း
ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကူးစက်ရောဂါကာကွယ်နိမ်နှင်းရေး ဥပဒေမူကြမ်းကို အခြားဌာနများနှင့် ပူးပေါင်းရေးဆွဲနေလျက်ရှိရာ ပြီး စီးလုနီးနေပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် လက်ရှိရှိနေသောကူးစက်ရောဂါ ကာကွယ် နှိမ်နှင်းရေးဥပဒေသည် ပြီးပြည့်စုံမှုမရှိသည့် အတွက် အသစ်ပြန်လည်ရေးဆွဲရခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က ပြောသည်။အဆိုပါဥပဒေသည် မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနှစ်ကတည်းက ရှိခဲ့သော်လည်း ယင်းဥပဒေတွင် လို အပ်ချက်များရှိနေသောကြောင့် ၂ဝ၁၁ ခုနှစ်တွင် တစ် ကြိမ် ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့ရသည်။

”ရောဂါအသစ်အဆန်းတွေပေါ်လာတော့ ဥပဒေက လိုအပ်ချက်တွေရှိနေတယ်။ အဲဒါကို ၂ဝ၁၁ မှာ ပြင် ရေးခဲ့ရတယ်။ နောက်ထပ်လည်း လိုအပ်ချက်တွေရှိနေ တဲ့အခါ ပြင်ရတော့မယ်။ အဲဒါကိုမပြင်တော့ဘဲ အသစ် ပဲ ရေးတော့မယ်ဆိုပြီး အသစ်ပြန်ရေးတာပါ။ ၁၉၉၅ ဥပဒေ ကိုအခြေခံပြီး ရေးတာဆိုတော့ သိပ်မကြာပါဘူး ပြီး တော့မှာပါ” ဟု ဒေါက်တာထွန်းတင်က ပြောသည်။ ယင်းကူးစက်ရောဂါကာကွယ် နှိမ်နှင်းရေးဥပဒေ ရေးဆွဲရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက အဓိက တာဝန်ယူပြီး စည်ပင်ကျန်းမာရေးဌာန၊ မွေးမြူရေး၊ အုပ်ချုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး စသည့် အခြားသော နှီးနွှယ်ဌာနတို့နှင့် ပူးပေါင်းရေးဆွဲနေခြင်း ဖြစ်သည်။ လက်ရှိတွင် ဥပဒေရေးဆွဲရေးအတွက် သက်ဆိုင် ရာ နှီးနွှယ်ဌာနများမှ တာဝန်ရှိများနှင့် အစည်းအဝေး များ ပြုလုပ်ပြီး အကြံÓဏ်များ ရယူလျက်ရှိကြောင်း ၎င်းက ပြောသည်။ လက်ရှိရေးဆွဲနေသော ဥပဒေတွင် ကူးစက်ရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ ကူးစက်ရောဂါ ဖြစ်လာပါက တုံ့ပြန်ဆောင်ရွက်ရမည့် အချက်များ၊ ရောဂါထိန်းချုပ်ခြင်းစသည့်အချက်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ”ပြည်သူတွေအနေနဲ့ ဥပဒေပါအချက်တွေကို လိုက်နာရင်အကျိုးရှိမယ်။ လိုက်နာဖို့တော့ လိုတာ ပေါ့” ဟု ၎င်းကပြောသည်။ ဥပဒေမူကြမ်းကို ရေးဆွဲပြီးပါက ဝန်ကြီးဌာနသို့ တင်ပြရမည် ဖြစ်ပြီး၊ ဝန်ကြီးဌာနမှ အတည်ပြုပြီးပါက ရှေ့နေချုပ်ရုံးသို့ တင်ပြရမည်ဖြစ်ကာ ရှေ့နေချုပ်ရုံးမှ ဥပဒေနှင့် ညီ၊ မညီ စိစစ်ရမည်ဖြစ်သည်။ ရှေ့နေ ချုပ်ရုံးမှ ဥပဒေနှင့်ညီကြောင်း ခွင့်ပြုပြီးမှသာ လွှတ်တော်တွင် အတည်ပြုချက်ရယူရမည် ဖြစ်သည်။ လက်ရှိတွင် ၂ဝ၁၁ခုနှစ်က ပြင်ဆင်ရေးဆွဲခဲ့သော ဥပဒေသည် အသက်ဝင်နေဆဲဖြစ်ပြီး အသစ်ရေးဆွဲ နေသော ဥပဒေမူကြမ်းကို အတည်ပြုပြီးမှသာ ယင်းအသစ် ရေးဆွဲနေသော ဥပဒေကသက်ဝင်လာမည်ဖြစ် ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*