ဟုမ္မလင်းရွှေလုပ်ကွက်များ ဇန်နဝါရီလအတွင်း ယာယီပိတ်သိမ်းကာ စိစစ်အရေးယူမည်

ဟုမ္မလင်းရွှေလုပ်ကွက်များ ဇန်နဝါရီလအတွင်း ယာယီပိတ်သိမ်းကာ စိစစ်အရေးယူမည်
December 21, 2016 Asian Fame

11:44 am
ဟုမ္မလင်းရွှေလုပ်ကွက်များ ဇန်နဝါရီလအတွင်း ယာယီပိတ်သိမ်းကာ စိစစ်အရေးယူမည်

လင်းဟိန်း
စစ်ကိုင်း၊ ဒီဇင်ဘာ ၂ဝ

စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မ လင်းမြို့နယ်တွင် တရားမဝင်ရွှေ တူးဖော်ရေး လုပ်ငန်းတစ်ထောင် ကျော်ရှိနေပြီး ယင်းလုပ်ငန်းများ ကို ဇန်နဝါရီပထမပတ်အတွင်း ယာယီ ပိတ်သိမ်းထားကာ စိစစ် အရေးယူသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့မှ သိရ သည်။

”ရွှေလုပ်ငန်းတွေ အားလုံးကို လောလောဆယ် ပိတ်သိမ်းလိုက် မယ်။ ပြန်စိစစ်ပြီးမှ ခွင့်ပြုပေးမယ်။ စည်းကမ်းတကျ အရေးယူဆောင် ရွက်သွားမယ်လို့ အစိုးရကအဖွဲ့က ဆုံးဖြတ်ထားပါတယ်။ နောက်တစ် ပတ် နှစ်ပတ်လောက်ဆိုရင် ရွှေ လုပ်ငန်း အကုန်လုံးကို စပိတ်ေ တာ့ မယ်”ဟု စစ်ကိုင်းတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ကမ်ဇာမုံက ပြောသည်။

စစ်ကိုင်းတိုင်း အတွင်းတွင် ရွှေကုမ္ပဏီနှင့် ရွှေမျောစသည့် ရွှေလုပ်ငန်းများကြောင့် ကျေးရွာ အိမ်များနှင့် လယ်ယာမြေပျက်စီး ဆုံးရှုံး မှုများ ရှိနေပြီး ယင်းလုပ်ငန်း များကိုလည်း သတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးအ ရေးယူသွားမည် ဖြစ်ကြောင်း ၄င်း က ပြောသည်။

ဟုမ္မလင်းမြို့နယ်တွင် တရား ဝင်ခွင့်ပြုထားသည့် ရွှေလုပ်ငန်း များမှာ ကုမ္ပဏီ ၆၂ ခုနှင့် လုပ် ကွက်ပေါင်း ၈၄ ကွက်သာရှိ ကြောင်း စစ်ကိုင်းတိုင်း စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စာရင်းအရ သိရ သည်။ စစ်ကိုင်းတိုင်းအတွင်း တရားမဝင် လုပ် ကိုင်နေကြသည့် ရွှေလုပ်ငန်းများတွင် ဒေသခံအာ ဏာပိုင်များ ပါဝင်နေပြီး ယင်း ဒေသခံ အာဏာပိုင်များကိုလည်း ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့် အညီ အရေးယူသွားမည်ဖြစ် ကြောင်း ဦးကမ်ဇာမုံကပြောသည်။

”ရွှေလုပ်ငန်းတွေမှာ ဒေသခံ အာဏာပိုင်တွေ အနည်းနဲ့ အများ တော့ပါနေတာပဲ။ အသိသာကြီးပဲ လေ။ အဲဒါတွေကို ဥပဒေနဲ့အညီ အရေးယူသွားပါမယ်။ ဝန်ကြီးချုပ် ကလည်း ညွှန်ကြားထားပါတယ်” ဟု ၄င်းက ပြောသည်။

စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ကန့်ဘလူမြို့နယ်နှင့် ဗန်းမောက် မြို့နယ်တို့မှ တရားမဝင် သတ္တုတူး ဖော်ရေး လုပ်ငန်းအချို့ကို ၂ဝ၁၆ ခုနှစ် ဇွန်လအတွင်းက စစ်ဆေး အရေးယူခဲ့သည်။ သတ်မှတ်အ ကျယ်အဝန်း ထက်ပိုပြီး မြေဧရိယာ တိုးချဲ့ လုပ်ကိုင်နေမှုများ၊ သတ္တု တူးဖော်ရာတွင် မိုင်းခွဲပြီး တူးဖော် ခြင်းများ၊ သတ်မှတ်ထားသော စက်ယန္တရား အရေအတွက်ထက် ပိုမိုသုံးစွဲခြင်း စသည့် ဥပဒေ ချိုး ဖောက်မှုများ ပြုလုပ်နေသော သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် တရားဝင်ခွင့်ပြုချက်ရယူထားခြင်း မရှိသော လုပ်ငန်းများကို အစိုးရ အဖွဲ့က အရေးယူခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်း အစိုးရအဖွဲ့မှ သိရ သည်။

စစ်ကိုင်းတိုင်း အတွင်းရှိ တရားမဝင် သတ္တုတူးဖော်ရေး လုပ်ငန်းများကို စစ်ကိုင်းတိုင်းဝန် ကြီး ချုပ်ကိုယ်တိုင် ဦးစီးပြီး အစိုးရ အဖွဲ့က စစ်ဆေးကာ ထိထိရောက် ရောက် အရေးယူသွားမည်ဖြစ် ကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် က ပြောသည်။

သတ္တုတူးဖော်ရေး လုပ်ငန်း များနှင့် ကုမ္ပဏီများ၏ စည်းကမ်း အလွဲသုံးစား ပြုမှုတို့ကြောင့် သဘာဝပတ်ဝန်းကျင် သဘာဝ သယံဇာတ များ ပျက်စီးဆုံးရှုံးမှု များစွာရှိနေပုံနှင့် ပက်သက်ပြီး စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်က”ရှုံး နေတဲ့ တိုက်ပွဲတစ်ခုကို နိုင်အောင် တိုက်ယူရမယ်”ဟု ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ တွင်ပြောခဲ့ဖူးကြောင်း ဝန်ကြီးချုပ် ကိုယ်ရေးအရာရှိက ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*