လာမည့် နှစ်နှစ်အတွင်း ဝင်ငွေနည်းပြည်သူများအတွက် အိမ်ရာ အခန်းပေါင်း ရှစ်ထောင်ကျော် အကောင်အထည်ဖော်မည်

လာမည့် နှစ်နှစ်အတွင်း ဝင်ငွေနည်းပြည်သူများအတွက် အိမ်ရာ အခန်းပေါင်း ရှစ်ထောင်ကျော် အကောင်အထည်ဖော်မည်
December 21, 2016 Asian Fame

2:29 pm
လာမည့် နှစ်နှစ်အတွင်း ဝင်ငွေနည်းပြည်သူများအတွက် အိမ်ရာ အခန်းပေါင်း ရှစ်ထောင်ကျော် အကောင်အထည်ဖော်မည်

HEZ
ရန်ကုန်၊ ဒီဇင်ဘာ ၁၉

လာမည့် ၂ နှစ်အတွင်း ဝင်ငွေနည်းပြည်သူများ အိမ်ရာ ဝယ်ယူနိုင်ရန်အတွက် အိမ်ရာအ ခန်းပေါင်း ၈ဝဝဝ ခန့် အကောင် အထည်ဖော်   ဆောင်ရွက် နေ ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနဝန်ကြီး ဦးဝင်းခိုင်က ပြော သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီး ဌာနက တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများ အကောင်အထည်   ဖော်လျက်ရှိရာ လာမည့် ၅ နှစ်အ တွင်း အိမ်ရာအခန်းပေါင်း နှစ် သိန်းခန့် ထွက်ပေါ်လာမည်ဖြစ်ပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာအခန်းပေါင်း တစ်သန်းခန့် ထွက်ပေါ်လာရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနက ရည်ရွယ် လုပ်ဆောင်နေကြောင်း   ပြည်ထောင်စုဝန်ကြီးက ဆောက် လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် နှစ်ပတ်လည်ပွဲတွင် ထပ်လောင်း ပြောကြားသည်။

အဆိုပါ တိုက်ခန်းများကိုဝယ် ယူလိုသည့် ဝင်ငွေနည်းပြည်သူ များအနေဖြင့် တိုက်ခန်းများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန်အ တွက်   ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုး ရေးဘဏ်နှင့် ချိတ်ဆက်ကာ ၁ဝ နှစ်အရစ်ကျ ပေးသွင်းသော စနစ်ဖြင့် ဝယ်ယူနိုင်ရန် စီစဉ် ဆောင် ရွက်ပေးနေကြောင်း သိရ သည်။

မြန်မာနိုင်ငံ၏ မြို့ပြနေထိုင် သူနှုန်းထားသည် နှစ်စဉ် ၂ ရာခိုင် နှုန်းခန့် တိုးတက်မှုရှိနေပြီး အဆို ပါ တိုးတက်မှုနှုန်းထားသည် နိုင်ငံ တကာ လူဦးရေတိုးတက်မှု နှုန်း ထားများနှင့် ယှဉ်လိုက်ပါက များ ပြားသော နှုန်းထားဖြစ်နေကြောင်း ၂ဝ၁၆ တန်ဖိုးနည်း အိမ်ရာဆိုင် ရာ ဆွေးနွေးပွဲမှ သိရသည်။

လက်ရှိတွင် တန်ဖိုးနည်းအိမ် ရာများနှင့် ပတ်သက်ပြီး နိုင်ငံ တကာ ရပ်တည်မှုအရ ဝင်ငွေ၏ ၃ဝ ရာခိုင်နှုန်း သို့မဟုတ် ထိုထက် ပို၍နည်းပါးသော ပမာဏကိုသာ အိမ်ရာ ဝယ်ယူခြင်းကဏ္ဍများတွင် အသုံးပြုကြသောအခြေအနေတစ် ရပ်ကိုတွေ့ရှိရကြောင်းနှင့် အဆို ပါအခြေအနေနှင့် နှိုင်းယှဉ်ပါက ရန်ကုန်မြို့တွင်း ပြုလုပ်ထားသော စစ်တမ်းများအရ ရန်ကုန်မြို့ လူဦး ရေ၏ ၃ ပုံတစ်ပုံခန့် အတွက် အိမ် ရာနှင့် ပတ်သက်သော ကုန်ကျ စရိတ်သည် တစ်လလျှင် ၆၅ဝဝဝ ကျပ်သာဖြစ်သင့်ကြောင်း အိမ် ခြံမြေလုပ်ငန်း ကျွမ်းကျင်သူများက ဆိုသည်။

လက်ရှိအစိုးရတာဝန် စတင်ရ ယူသော ရက် ၁ဝဝ စီမံချက်အတွင်း တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၂၂ဝဝ ကျော် ကို ရောင်းချပေးခဲ့ သည်။ ရန်ကုန်မြို့သို့ ပြောင်း ရွှေ့အခြေချသူများ နှစ်စဉ် တိုး တက်များပြားလျက်ရှိရာ ၂ဝ၄ဝ ပြည့်နှစ်တွင် လူဦးရေ ၁၂ သန်းခန့် ရှိ လာနိုင်ကြောင်း မျှော်မှန်းကြ သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*