တရုတ်နှင့်ထိစပ်နေသော ကချင်ပြည်နယ်မြောက်ပိုင်းတွင် ဆန်တစ်အိတ် ငါးသောင်းကျော်ဖြစ်နေ၍ မတတ်နိုင်သူများ သစ်ဥများသာ စားသုံးနေရ

တရုတ်နှင့်ထိစပ်နေသော ကချင်ပြည်နယ်မြောက်ပိုင်းတွင် ဆန်တစ်အိတ် ငါးသောင်းကျော်ဖြစ်နေ၍ မတတ်နိုင်သူများ သစ်ဥများသာ စားသုံးနေရ
December 21, 2016 Asian Fame

11:49 am
တရုတ်နှင့်ထိစပ်နေသော ကချင်ပြည်နယ်မြောက်ပိုင်းတွင် ဆန်တစ်အိတ် ငါးသောင်းကျော်ဖြစ်နေ၍ မတတ်နိုင်သူများ သစ်ဥများသာ စားသုံးနေရ

စိုင်းလမင်း
နေပြည်တော်၊ ဒီဇင်ဘာ ၂ဝ

တရုတ်ပြည်နှင့် ထိစပ်နေ သော ကချင်ပြည်နယ် မြောက်ပိုင်း ရှိ ဆော့လော်မြို့နယ်တွင် ဆန်တစ် အိတ် ငါးသောင်းကျော်နှုန်းဖြစ်   နေ၍ ငွေကြေးမတတ်နိုင်သူများမှာ သစ်ဥ၊ သစ်ဖုများသာစားသုံးနေရ ကြောင်း ဆော့လော်မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေးက ပြောသည်။

”မြစ်ကြီးနား၊ ချီဖွေတို့ကနေ ဆန်ဝယ်စားမယ်ဆိုရင် ဆော့လော် မြို့နယ်အရောက် သယ်ယူစရိတ်အ ပါအဝင် ဆန်တစ်အိတ်ကို ငါး သောင်းကျော် ပေးဝယ်စားနေရ တယ်၊ ဆင်းရဲသား ပြည်သူတွေဟာ အခုဆိုရင် သေမထူးနေမထူး ဘဝ ကို ရောက်နေပါတယ်” ဟု ၄င်း ကပြောသည်။

ယခုနှစ်တွင် ယင်းမြို့၌ မိုး များခြင်းကြောင့် တောင်ယာမီးမရှို့ နိုင်ကြောင်း၊ ထို့ကြောင့်တောင်ယာ စပါးများ မစိုက်ပျိုးနိုင်သဖြင့် ဆန် ကို အခြားဒေသမှ ဝယ်စားနေရ ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

ထိုသို့ တခြားဒေသမှ ဝယ်စား ရာတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် သယ်ယူစရိတ်မှာ ကြီးမြင့်နေကြောင်း ၄င်းကပြော သည်။

ယခင်က ချီဖွေမှ ဆော့လော် အထိ ၃၄ မိုင်ရှည်လျားသော ကား လမ်းရှိသော်လည်း ၂ဝ၁၂ ခုနှစ် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲကြောင့် ထိုလမ်းကိုပိတ်လိုက် ပြီး လက်ရှိအချိန်တွင် တောင်တက် တောင်ဆင်း အကွေ့အကောက် များသော ၇၅ မိုင်ရှည်လျား သည့် ချီဖွေ – လန်းယန် (တောင်သုံးလုံး၊ စုစည်းလမ်း) ကိုသာ အသုံးပြုနေ ရပြီး အဆိုပါလမ်းမှာလည်း ကား လမ်းမရှိသောကြောင့် ဒေ သခံ  ပြည်သူများမှာ သွားလာရေးနှင့် ကုန်စည်များ သယ်ဆောင်ရာတွင် အခက်အခဲများစွာ ရှိနေကြောင်း ၄င်းက ထပ်ပြောသည်။

”ဒီလမ်းမှာ လိုင်းကားလည်း မရှိဘူး၊ ဆိုင်ကယ် ကယ်ရီခက လည်း တစ်သောင်းခွဲ၊ ကားအော် ဒါငှားမယ်ဆိုရင် ခုနစ်သိန်းကနေ ရှစ်သိန်းအထိပေးနေရတယ်။ ကုန် ကျစရိတ်က လမ်းဟောင်းထက် နှစ်ဆ သုံးဆလောက်ပိုပေး နေရ တယ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ငြိမ်း ချမ်းရေး အကျိုးဆောင်တွေနဲ့ ကေ အိုင်အေတို့ ညှိနှိုင်းပြီး အရင်လမ်း ကို ပြန်ဖွင့်ပေးသင့်တယ်” ဟု ၄င်း က ထပ်ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နယ်မြေလုံခြုံရေးအရ ဆောင်ရွက် ပေးနိုင်ခြင်းမရှိကြောင်း  ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်ကဆိုသည်။

”ဒီလမ်းနဲ့ပတ်သက်လို့ ကျွန် တော်တို့ ဝန်ကြီးဌာနအနေနဲ့ လုံးဝ ချဉ်းကပ်လို့မရဘူး။ ဒါကြောင့် ဆောင်ရွက်မပေးနိုင်တာကို ဝမ်း နည်း စွာ ပြောကြားလိုပါတယ်။ နယ်မြေလုံခြုံရေး ကောင်းလာရင် ရာသီမရွေး သွားလာလို့ရအောင် ဆောင်ရွက်ပေးသွားမှာပါ” ဟု ၄င်းကြေ ပာသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏  ဖြေကြား ချက်သည် ကာကွယ်ရေးဝန်ကြီး ဌာန၊ နယ်စပ်ရေးရာဝန်ကြီး ဌာန တို့ စုစည်းလာရောက် ဖြေကြား ခြင်းမဟုတ်ဘဲ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ လာရောက်ဖြေ ကြားခြင်းဖြစ်၍ ကျေနပ်မှုမရှိဟု ဦးလာမာလေး က ဆိုသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*